Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 3:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 “ကိုယ်တော်​၏​ကြွလာ​တော်မူ​ခြင်း​နှင့်ဆိုင်သော​ကတိ​တော်​သည် အဘယ်မှာ​ရှိ​သနည်း။ ရှေး​ဘိုးဘေး​များ​အိပ်ပျော်​ခဲ့​သည့်​အချိန်​မှစ၍ ခပ်သိမ်း​သော​အရာ​တို့​သည် ဖန်ဆင်း​ခြင်း​၏​အစ​က​အတိုင်း ဆက်၍​တည်​နေ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 `သ​ခင်​ဘု​ရား​သည်​မိ​မိ​တစ်​ဖန်​ကြွ​လာ တော်​မူ​မည်​ဟု​က​တိ​ထား​တော်​မူ​ခဲ့​သည် မ​ဟုတ်​ပါ​လော။ ထို​က​တိ​တော်​သည်​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ငါ​တို့​မိ​ဘ​များ​ကား သေ​လွန်​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ခပ်​သိမ်း သော​အ​မှု​အ​ရာ​တို့​သည်​ကမ္ဘာ​လော​က​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန်​က​ရှိ ခဲ့​သည့်​အ​တိုင်း​ပင်​ရှိ​နေ​သေး​ပါ​သည် တ​ကား' ဟု​ဆို​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ကြွ လာ တော် မူ မည် ဟူ သော က တိ တော် ကား မည် သို့ နည်း။ ဘိုး ဘေး တို့ အိပ် ပျော် သည့် ကြ နေ့ ရက် က စ၍ ဖန် ဆင်း စ ကာ လ နည်း တူ အ ရာ ခပ် သိမ်း ရှိ မြဲ ရှိ နေ သည် ဟု သ ရော် ကြ မည့် အ ကြောင်း အ ထူး မှတ် သား ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သ​ခင်​ဘု​ရား ကြွ​လာ​မည်​ဟူ​သော က​တိ​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဘိုး​ဘေး​များ အိပ်​ပျော်​သည်​နောက်၊ ခပ်​သိမ်း​သော အ​ရာ​တို့​သည် ဖန်​ဆင်း​စ​က ဖြစ်​သ​ကဲ့​သို့၊ ဖြစ်​မြဲ​ဖြစ်​ကြ၏​ဟု​ဆို​လျက်၊ ကဲ့​ရဲ့​ခြင်း​နှ​င့်​တ​ကွ ပေါ်​လာ​ကြ​လိ​မ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ထို​သူတို့​က “ယေရှု​ပြန်ကြွလာမည် ဟူသော ကတိတော်​သည် အဘယ်မှာနည်း။ ကျွန်ုပ်တို့ ဘိုးဘေးများ ကွယ်လွန်ပြီး​ကတည်းက အရာ​အားလုံး​သည် ကမ္ဘာဦး​အစ ဖန်ဆင်းခဲ့သည့်​အချိန်က​အတိုင်း ဆက်လက်​ရှိနေဆဲ​ပင် ဖြစ်၏” ဟူ၍ ပြောကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 3:4
20 ပူးပေါင်းရင်းမြစ်များ  

လောတ​သည်​လည်း သွား​၍ သမီး​တို့​နှင့်​စုံဖက်​မည့် မိမိ​သမက်​တို့​အား “​ထ​ကြ​၊ ဤ​အရပ်​မှ​ထွက်သွား​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ဤ​မြို့​ကို​ဖျက်ဆီး​တော့​မည်​”​ဟု ဆို​လေ​၏​။ သို့သော် သူ​၏​သမက်​တို့​က ရယ်စရာပြော​သည်​ဟူ၍​သာ ထင်မှတ်​ကြ​၏​။


ဖြစ်​ပြီး​သော​အရာ​သည် တစ်ဖန်​ပြန်​ဖြစ်လာ​လိမ့်မည်​။ ပြု​ပြီး​သော​အရာ​ကို​လည်း တစ်ဖန်​ပြန်​၍​ပြု​လိမ့်မည်​။ နေ​အောက်​တွင် အသစ်​သော​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ​။


မကောင်း​သော​အမှု​အတွက် စီရင်ချက်​အလျင်အမြန်​မ​ချမှတ်​သောကြောင့် လူသား​တို့​၏​စိတ်နှလုံး​သည် မကောင်းမှု​ပြု​လို​သော​သဘော​နှင့် ပြည့်ဝ​လျက်​ရှိ​၏​။


ကြည့်ရှု​လော့​။ ထို​သူ​တို့​က ငါ့​အား “​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အဘယ်မှာ​နည်း​။ ယခုပင် ရောက်လာ​ပါလေစေ​”​ဟု ဆို​ကြ​၏​။


သူ​တို့​က ‘​အိမ်​ဆောက်​ရ​မည့် အချိန်​မ​ရောက်​သေး​ပါ​။ ဤ​မြို့​ကား ဟင်းအိုး​၊ ငါ​တို့​ကား အသား​ဖြစ်​၏​’​ဟု ပြော​တတ်​ကြ​၏​။


သင်​တို့​သည် သင်​တို့​၏​စကား​များ​ဖြင့် ထာဝရဘုရား​ကို ပင်ပန်း​စေ​ကြ​၏​။ သို့သော် သင်​တို့​က “ကိုယ်တော်​ကို အကျွန်ုပ်​တို့ မည်သို့​ပင်ပန်း​စေ​သနည်း​”​ဟု မေး​တတ်​ကြ​၏​။ “​မကောင်းမှု​ကို​ပြု​သော​သူ​အားလုံး ထာဝရဘုရား​ရှေ့​တော်​၌ လူ​ကောင်း​ဖြစ်​၏​။ ကိုယ်တော်​သည် ထိုသို့သော​သူ​တို့​ကို နှစ်သက်​တော်မူ​၏​”​ဟု သင်​တို့​ဆို​ရုံ​သာမက “တရားမျှတ​သော​ဘုရားသခင် အဘယ်မှာ​ရှိ​သနည်း”​ဟု သင်​တို့​ဆို​တတ်​ကြ​ပြီ​တကား​။


အကြောင်းမူကား လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​အား သူ​တို့​၏​လုပ်ဆောင်မှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။


သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​နေရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် လူ့သား​သည် မိမိ​၏​နိုင်ငံ​တော်​နှင့်​ကြွလာ​သည်​ကို​မ​မြင်​မီ သေ​ခြင်း​ကို မ​မြည်းစမ်း​ရ​သော​သူ​အချို့​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


အသေကောင်​ရှိ​ရာ​အရပ်​၌ လင်းတ​တို့​သည် စုဝေး​ကြ​လိမ့်မည်။


သို့သော် ဆိုးယုတ်​သော​အစေအပါး​သည် မိမိ​၏​စိတ်​ထဲ၌ ‘ငါ့​သခင်​ကြန့်ကြာ​နေ​၏’​ဟု ဆို​လျက်


သို့သော် ဖန်ဆင်း​ခြင်း​၏​အစအဦး​က​ပင် ဘုရားသခင်​သည် သူ​တို့​ကို ယောက်ျား​နှင့်​မိန်းမ​အဖြစ် ဖန်ဆင်း​တော်မူ​၏။


အကြောင်းမူကား ဘုရားသခင်​ဖန်ဆင်း​တော်မူ​သည့် ဖန်ဆင်း​ခံ​လောက​၏​အစအဦး​မှစ၍ ယခု​တိုင်အောင်​မ​ဖြစ်​စဖူး၊ နောင်တွင်​လည်း လုံးဝ​ဖြစ်​မည်​မ​ဟုတ်​သော ဆင်းရဲ​ဒုက္ခ​မျိုး​သည် ထို​ကာလ​၌​ကျရောက်​လိမ့်မည်။


သို့သော် ထို​အစေအပါး​သည် မိမိ​စိတ်​ထဲ၌ ‘ငါ့​သခင်​ပြန်လာ​ရန် ကြန့်ကြာ​နေ​၏’​ဟု ဆို​လျက် အစေခံ​ယောက်ျား​နှင့်​အစေခံ​မိန်းမ​များ​ကို ရိုက်နှက်​ကာ စား​သောက်​ယစ်မူး​လျက်​နေ​လျှင်


ထို့နောက် သူ​သည် ဒူး​ထောက်​လျက် “သခင်​ဘုရား၊ ဤ​အပြစ်​ကို သူ​တို့​အပေါ်​တင်​တော်​မ​မူ​ပါ​နှင့်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အိပ်ပျော်​ခြင်း​သို့​ရောက်​လေ​၏။


ငါ​တို့​သခင်​ယေရှု​ကြွလာ​တော်မူ​သောအခါ ကိုယ်တော်​၏​ရှေ့​တော်​၌ ငါ​တို့​၏​မျှော်လင့်​စရာ​အကြောင်း၊ ဝမ်းမြောက်​စရာ​အကြောင်း​နှင့် ဝါကြွား​စရာ​သရဖူ​ဖြစ်​မည့်​သူ​မှာ မည်သူ​နည်း။ သင်​တို့​ပင်​မ​ဟုတ်​လော။


ဘုရားသခင်​၏​နေ့ရက်​ကို​စောင့်မျှော်​၍ ထို​နေ့ရက်​၏​ရောက်ရှိ​လာ​ခြင်း​ကို လျင်မြန်​စေ​သင့်​၏။ ထို​နေ့​၌ ကောင်းကင်​သည် လောင်မြိုက်​ခြင်း​ခံရ​လျက် ပျက်သုဉ်း​သွား​လိမ့်မည်။ လောကဓာတ်​တို့​သည်​လည်း ပြင်းထန်​သော​အပူရှိန်​ဖြင့် အရည်ပျော်​သွား​ကြ​လိမ့်မည်။


လောဒိကိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အာမင်​ဖြစ်​သော​သူ၊ သစ္စာ​ရှိ​သည့် ဖြောင့်မှန်​သော​သက်သေ၊ ဘုရားသခင်​၏​ဖန်ဆင်း​တော်မူ​ခြင်း​တွင် အစအဦး​ဖြစ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ