Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 12:45 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

45 သို့သော် ထို​အစေခံ​က ‘ငါ​၏​သခင်​သည် အိမ်ပြန်​နောက်ကျ​လိမ့်မည်’ ဟု စိတ်​တွင်​ထင်မှတ်​၍ အခြားသော​အစေခံ​ယောက်ျား၊ အစေခံ​မိန်းမတို့​အား ရိုက်နှက်​ကာ သောက်စားမူးယစ်​လျက်​နေလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

45 သို့​ရာ​တွင်​အ​ကယ်​၍​ထို​အ​စေ​ခံ​သည်`ငါ့​သ​ခင် ပြန်​လာ​ရန်​ကြာ​ဦး​မည်' ဟု​စိတ်​တွင်​အောက်​မေ့ ကာ အ​စေ​ခံ​ယောကျာ်း၊ အ​စေ​ခံ​မိန်း​မ​တို့​အား ရိုက်​ပုတ်​၍ သောက်​စား​မူး​ယစ်​လျက်​နေ​သည် ဆို​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

45 အ ကယ်၍ ထို ထို ကျွန် က ငါ့ အ ရှင် ကြန့် ကြာ သည် ဟု အောက် မေ့ လျက် ကျွန် ချင်း ယောက်ျား မိန်း မ တို့ ကို ရိုက် ပုတ်၍ သောက် စား မူး ယစ် ရှိ နေ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

45 သို့​မ​ဟုတ်​မူ​ကား၊ အ​ကြင်​ကျွန်​က၊ ငါ့​အ​ရှင်​လာ​ခဲ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အောက်​မေ့​သည်​နှင့် ကျွန်​ချင်း ယောက်ျား​မိန်း​မ​တို့​ကို ရိုက်​ပုတ်​လျက်၊ စား​သောက်​ယစ်​မူး​လျက် နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

45 သို့သော် ထို​အစေအပါး​သည် မိမိ​စိတ်​ထဲ၌ ‘ငါ့​သခင်​ပြန်လာ​ရန် ကြန့်ကြာ​နေ​၏’​ဟု ဆို​လျက် အစေခံ​ယောက်ျား​နှင့်​အစေခံ​မိန်းမ​များ​ကို ရိုက်နှက်​ကာ စား​သောက်​ယစ်မူး​လျက်​နေ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

45 သို့​မ​ဟုတ်​မူ​ကား၊ အ​ကြင်​ကျွန်​က၊ ငါ့​အ​ရှင်​လာ​ခဲ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အောက်​မေ့​သည်​နှင့် ကျွန်​ချင်း ယောက်ျား​မိန်း​မ​တို့​ကို ရိုက်​ပုတ်​လျက်၊ စား​သောက်​ယစ်​မူး​လျက် နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 12:45
31 ပူးပေါင်းရင်းမြစ်များ  

အခြားသောသူတို့​က ဘုရင်​၏​အစေအပါးတို့​ကို ဖမ်းချုပ်​၍ နှိပ်စက်​ကာ သတ်ဖြတ်ကြ၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ သခင်​သည် ထို​အစေခံ​အား စည်းစိမ်ဥစ္စာ​ရှိသမျှ​ကို စီမံကွပ်ကဲ​ရန် ခန့်အပ်​လိမ့်မည်။


သူ​၏​သခင်​သည် သူ​မမျှော်လင့်သော​အချိန်​နှင့် သူ​မသိသော​နေ့ရက်​တွင် ရောက်လာ​လိမ့်မည်။ ထိုအခါ သူ့​အား ပြင်းထန်​စွာ ပြစ်ဒဏ်ပေး​၍ သစ္စာဖောက်သူတို့​နှင့်အတူ နေရာချထား​လိမ့်မည်။


အပျော်အပါး​လိုက်စား​၍ သောက်စား​မူးယစ်ခြင်း၊ လောကီ​ဘဝ​အတွက် စိုးရိမ်ပူပန်ခြင်းတို့​ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်း​စေရန် သတိပြုကြလော့။ ထိုသို့​မဟုတ်​ပါက ထို​နေ့ရက်​သည် ထောင်ချောက်​ကဲ့သို့ သင်တို့​အပေါ် ရုတ်တရက်​ကျရောက်လာ​လိမ့်မည်။


“လူတိုင်း​သည် ကောင်းသော​စပျစ်ဝိုင်​ဖြင့် ဦးစွာ​ဧည့်ခံ​ပြီး လူတို့​သောက်​၍ ယစ်မူး​သောအခါ​၌သာ အရည်အသွေး​ညံ့သော စပျစ်ဝိုင်​ဖြင့် ဧည့်ခံလေ့ရှိ၏။ သင်​ကမူ ကောင်းသော​စပျစ်ဝိုင်​ကို ယခု​ထိတိုင် သိမ်းထားပါပြီ” ဟု ဆို၏။


ထို​နေ့ရက်များ​၌ ငါ​၏​အစေခံ​အမျိုးသမီး၊ အမျိုးသားများ​အပေါ်​သို့ ငါ​၏​ဝိညာဉ်တော်​ကို သွန်းလောင်း​သဖြင့် သူတို့​သည် ပရောဖက်ပြု​ဟောပြောကြ​လိမ့်မည်။


ထို​သူတို့​သည် ကျွန်ုပ်တို့​သခင်​ခရစ်တော်​၏ အမှု​ကို မဆောင်ရွက်ဘဲ ကိုယ်ကျိုး​ကိုသာ ဆောင်ရွက်သော​သူများ ဖြစ်ကြ၏။ ထို​သူတို့​သည် ချိုသာသောစကား​နှင့် မြှောက်ပင့်သော​စကား​ဖြင့် ရိုးသားသော​သူတို့​၏ စိတ်​ကို လှည့်ဖြားတတ်ကြ၏။


တစ်စုံတစ်ယောက်​က သင်တို့​ကို ကျွန်ခံစေသည်​ဖြစ်စေ၊ ခေါင်းပုံဖြတ်သည်​ဖြစ်စေ၊ အခွင့်ကောင်းယူသည်​ဖြစ်စေ၊ အထင်သေးသည်​ဖြစ်စေ၊ ပါးရိုက်သည်​ဖြစ်စေ သင်တို့​သည် သည်းခံကြ၏။


အိပ်ပျော်သော​သူတို့​သည် ညအချိန်​၌ အိပ်ပျော်​တတ်ကြ၏။ သေရည်​သေရက်​မူးယစ်သော သူတို့​သည်လည်း ည​အချိန်​၌ မူးယစ်​တတ်ကြ၏။


သူတို့​ပြုခဲ့သော မတရားမှု​အတွက် မတရားမှု​ဖြင့် ပြန်လည်​ပြုမူခံရ​လိမ့်မည်။ သူတို့​သည် နေ့​အချိန်​၌ လွန်ကြူး​စွာ ပျော်ပါး​သောက်စားခြင်း​ကို ပျော်ရွှင်မှု​ဟု ထင်မှတ်ကြ၏။ သင်တို့​နှင့်အတူ ချစ်ခြင်းမေတ္တာ​ပွဲ​တွင် စားသောက်ကြ​သော်လည်း လှည့်စားမှု​၌ ပျော်မွေ့ကြ​၍ သူတို့​သည် အစွန်းအထင်း အပြစ်အနာအဆာ​သဖွယ် ဖြစ်ကြ၏။


သူတို့​သည် ထို​သူတို့​ကို လွတ်လပ်ခွင့်​ရမည်​ဟု ကတိပေး​သော်လည်း သူတို့​ကိုယ်တိုင် ပျက်စီးခြင်း​၏​ကျေးကျွန်များ ဖြစ်ကြ၏။ အကြောင်းမှာ လူ​သည် မိမိ​ကို အနိုင်ယူ​စိုးမိုးသော​အရာ​ဟူသမျှ​၏ ကျွန်​ဖြစ်ရ​သောကြောင့်​ဖြစ်၏။


ထို​သူတို့​သည် သန့်ရှင်းသူတို့​နှင့် ပရောဖက်တို့​၏ သွေး​ကို သွန်းခဲ့ကြ​သဖြင့် ထို​သူတို့​နှင့် ထိုက်တန်သည့်​အတိုင်း ကိုယ်တော်​သည် ထို​သွေး​ကို သူတို့​အား တိုက်တော်မူ၏” ဟု​ပြောသည်​ကို ကျွန်ုပ်​ကြားရ၏။


ပရောဖက်များ၊ သန့်ရှင်းသောသူများ​နှင့် ကမ္ဘာ​လောက​၌ အသတ်ခံရသူ​အပေါင်းတို့​၏ သွေးတို့​ကို ထို​မြို့​၌ တွေ့ရ၏” ဟူ၍ ပြောလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ