သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
၂ ပေ 3:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်း၌လည်းကောင်း၊ ကျေးဇူးတော်၌လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်သည် ယခုမှစ၍ ထာဝရကာလပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။ Common Language Bible သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။ Garrad Bible ငါ တို့ ကို ကယ် တင် သော ယေ ရှု ခ ရစ် အ ရှင် ဘု ရား၏ ကျေး ဇူး တော် ၌ လည်း ကောင်း၊ ကိုယ် တော် နှင့် အ ကျွမ်း ဝင် ခွင့်၌ လည်း ကောင်း ကြီး ပွား ကြ လော့။ ထို အ ရှင် သည် ယ ခု ကာ လ မှ စ၍ အ န န္တ ကာ လ ပတ် လုံး ဘုန်း တော် ကြီး ပါ စေ သ တည်း။ Judson Bible ကျေးဇူးတော်၌လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူသော အရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌လည်းကောင်း ကြီးပွားကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရ နေ့ရက်ကာလပတ်လုံး ဘုန်းအသရေ ရှိတော်မူစေသတည်း။ အာမင်။ ရှင်ပေတရုဩဝါဒစာဒုတိယစောင်ပြီး၏။ မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ကျေးဇူးတော်၌လည်းကောင်း၊ ကိုယ်တော်ကိုသိသောဉာဏ်၌လည်းကောင်း ကြီးထွားကြလော့။ ယခုမှစ၍ ထာဝရနေ့ရက်ကာလတိုင်အောင် ကိုယ်တော်၌ ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။ |
သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကို သိကျွမ်းခြင်းနှင့် ဤလောကသို့ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကို သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
အရာခပ်သိမ်းတို့သည် ဘုရားသခင်ထံတော်မှ လာ၏။ အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ တန်ခိုးတော်ကြောင့် ဖြစ်တည်၏။ အရာခပ်သိမ်းတို့သည် ဘုန်းတော်အတွက်ဖြစ်ကြ၏။ ဘုရားသခင်သည် ထာဝရဘုန်းကြီးတော်မူပါစေ။ အာမင်။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
ကျွန်ုပ်ဆုတောင်းသည်က ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ဘုရားသခင် ဖြစ်တော်မူသည့် ဘုန်းကြီးသော အဖခမည်းတော်သည် ဝိညာဉ်ရေးရာဉာဏ်ပညာနှင့် ဗျာဒိတ်တော်ကို သင်တို့အား ပေးသနားတော်မူရန် ဖြစ်၏။ သို့မှသာ သင်တို့သည် ခမည်းတော်အကြောင်းကို ပို၍ သိကြမည် ဖြစ်၏။
ကျွန်ုပ်တို့သည် သမ္မာတရားကို မေတ္တာဖြင့် အစဉ် နာခံဟောပြောလျက် အသင်းတော်၏ ဦးခေါင်း ဖြစ်တော်မူသော ခရစ်တော်နှင့် ပိုမို တူညီလာ၍ အစစအရာရာတွင် ကြီးထွားကြမည် ဖြစ်၏။
ထိုမျှမက ကျွန်ုပ်၏ သခင်ယေရှုခရစ်တော်ကို ရင်းနှီးကျွမ်းဝင်ရခြင်း၏ ကြီးမားသည့်တန်ဖိုးနှင့်ယှဉ်လျှင် အရာအားလုံးကို အရှုံးဟူ၍ မှတ်ယူ၏။ ခရစ်တော်အတွက်ကြောင့် အရာအားလုံးကို အရှုံးခံ၍ ၎င်းတို့ကို မစင်ကဲ့သို့ မှတ်ယူ၏။ ဤအရာမှာ ခရစ်တော်ကို ရရှိရန်နှင့်
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
လူသစ်ကို ဝတ်ဆင်ကြပြီ။ ဘုရားသခင်ကို မှန်ကန်စွာ သိနိုင်ရန် ထိုလူသစ်သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အစဉ် အသစ်ပြုပြင်မွမ်းမံခံရ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ပြုသင့်သည့်အတိုင်း သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွားကာ အချင်းချင်းအပေါ် ထားသော ချစ်ခြင်းမေတ္တာသည်လည်း ပွားများလာသောကြောင့် ဖြစ်၏။
သခင်ဘုရားသည် မကောင်းမှုမှန်သမျှမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၍ မိမိကောင်းကင်နိုင်ငံတော်သို့ ဘေးကင်းစွာ ပို့ဆောင်တော်မူလိမ့်မည်။ ကိုယ်တော်သည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
သခင်ဘုရား၏ကျေးဇူးတော် မည်မျှချိုမြိန်သည်ကို ယခု သင်တို့မြည်းစမ်းခဲ့ပြီဖြစ်၏။ ထို့ကြောင့် မွေးကင်းစကလေးများကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်ကို တောင့်တကြလော့။ သို့မှသာ သင်တို့သည် ကယ်တင်ခြင်းကို အပြည့်အဝခံစားရမည့်အချိန်တိုင်အောင် ကြီးထွားလိမ့်မည်။
ထို့နောက် ဘုရားသခင်သည် သင်တို့အား ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်ရောက်ခွင့်ကို အပြည့်အဝပေးသနားတော်မူလိမ့်မည်။
ဘုရားသခင်နှင့် ကျွန်ုပ်တို့၏သခင် ယေရှုကို သိကျွမ်းခြင်းအားဖြင့် ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် ကြွယ်ဝစွာ သက်ရောက်ပါစေသော။
အသက်ရှင်ခြင်းနှင့် ဘုရားတရားကိုင်းရှိုင်းခြင်းတို့နှင့် ဆိုင်သည့် လိုအပ်သမျှအရာအားလုံးကို ကိုယ်တော်သည် မိမိ၏ဘုရားတန်ခိုးတော်ဖြင့် ကျွန်ုပ်တို့အား ပေးတော်မူ၏။ ဘုန်းအသရေတော်နှင့် ကောင်းမြတ်တော်မူခြင်းကို ခံစားစေရန် ကျွန်ုပ်တို့အား ရွေးကောက်တော်မူသောအရှင်ကို သိခြင်းအားဖြင့် ဤအရာအားလုံးကို ကျွန်ုပ်တို့လက်ခံရရှိကြ၏။
သင်တို့၌ ဤအရည်အချင်းများတိုးပွားနေလျှင် သင်တို့သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို သိကျွမ်းရာ၌ အကျိုးဖြစ်ထွန်းပြီး အသုံးဝင်လာပါလိမ့်မည်။
ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်းကြောင့် လောကီညစ်ညမ်းမှုမှ လွတ်ကင်းပြီးနောက် ထိုအရာနှင့် ပြန်လည်ပတ်သက်မိသဖြင့် အနိုင်ယူစိုးမိုးခံရလျှင် ထိုသူတို့၏ အခြေအနေသည် အစကထက် အဆုံးတွင် ပိုမိုဆိုးရွား၏။
ကျွန်ုပ်တို့၏ကယ်တင်ရှင်၊ တစ်ဆူတည်းသောဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ယခင်ကာလအစဉ်အဆက်၊ ယခုကာလနှင့် နောင်ကာလအစဉ်အဆက် ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်၊ အစွမ်းသတ္တိနှင့် အာဏာစက်တို့ရှိတော်မူပါစေသော။ အာမင်။ ရှင်ယုဒဩဝါဒစာ ပြီးပါပြီ။
ကိုယ်တော်သည် ကျွန်ုပ်တို့ကို လူမျိုးတော်ဖြစ်လာစေလျက် ခမည်းတော်ဘုရားသခင်ကို အစေခံသည့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူ၏။ ကိုယ်တော်၌ ဘုန်းအသရေနှင့်ဘုန်းတန်ခိုး အစဉ်ထာဝရ ရှိတော်မူပါစေသော။ အာမင်။