၂ ပေ 1:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း8 သင်တို့၌ ဤအရည်အချင်းများတိုးပွားနေလျှင် သင်တို့သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို သိကျွမ်းရာ၌ အကျိုးဖြစ်ထွန်းပြီး အသုံးဝင်လာပါလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible8 ဤအရည်အချင်းများသည်သင်တို့တွင်များ စွာရှိလျှင် ငါတို့အရှင်သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌သင်တို့ထိရောက်လျက် အကျိုးဖြစ်ထွန်းလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible8 ထို သီ လ များ တည် နေ တိုး တက် လျှင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် နှင့် အ ကျွမ်း ဝင် ခွင့်၌ သင် တို့ သည် ပျင်း ရိ ခြင်း၊ အ သီး မဲ့ ခြင်း ကင်း ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible8 အကြောင်းမူကား၊ ထိုပါရမီတို့သည် သင်တို့၌ရှိ၍ ကြွယ်ဝလျှင်၊ ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှာလည်းကောင်း၊ အကျိုးမဲ့ မဖြစ်စေခြင်းငှာလည်းကောင်း ပြုပြင်တတ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 အကြောင်းမူကား ဤပါရမီများသည် သင်တို့၌ရှိ၍ တိုးပွားနေသည်ဆိုလျှင် သင်တို့သည် ငါတို့၏သခင်ယေရှုခရစ်တော်ကိုသိခြင်းအရာ၌ အကျိုးမရှိသောသူ၊ အသီးမသီးသောသူ ဖြစ်ကြလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။
အသက်ရှင်ခြင်းနှင့် ဘုရားတရားကိုင်းရှိုင်းခြင်းတို့နှင့် ဆိုင်သည့် လိုအပ်သမျှအရာအားလုံးကို ကိုယ်တော်သည် မိမိ၏ဘုရားတန်ခိုးတော်ဖြင့် ကျွန်ုပ်တို့အား ပေးတော်မူ၏။ ဘုန်းအသရေတော်နှင့် ကောင်းမြတ်တော်မူခြင်းကို ခံစားစေရန် ကျွန်ုပ်တို့အား ရွေးကောက်တော်မူသောအရှင်ကို သိခြင်းအားဖြင့် ဤအရာအားလုံးကို ကျွန်ုပ်တို့လက်ခံရရှိကြ၏။