Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 3:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ချစ်ရသော​သူတို့… သင်တို့​သည် ဤ​အကြောင်းအရာများ​ကို ကြိုတင်​သိထားကြပြီ​ဖြစ်​၍ တရားမဲ့သူ​၏ အမှား​နောက်သို့ လိုက်ပါမသွား​စေရန်​နှင့် သင်တို့​၏​တည်ငြိမ်​ရင့်ကျက်မှု​ကို မဆုံးရှုံး​စေရန် သတိပြုကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 သို့​ရာ​တွင်​မိတ်​ဆွေ​တို့၊ သင်​တို့​သည်​ဤ​အ​ကြောင်း အ​ရာ​များ​ကို​သိ​ပြီး​သည်​ဖြစ်​သည်။ ထို့​ကြောင့် သင်​တို့​သည်​တ​ရား​မဲ့​သူ​တို့​၏​မှား​ယွင်း​သော လမ်း​သို့​မ​လိုက်​မ​ပါ​မိ​ကြ​စေ​ရန်​နှင့် မိ​မိ တို့​ခိုင်​ခံ့​တည်​ကြည်​စွာ​ရပ်​တည်​ရာ​မှ​မ​ရွေ့ မ​လျော့​ကြ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 သို့ ဖြစ်၍ ချစ် သူ တို့၊ သင် တို့ သည် တင် ရင် သိ မြင် ရ သော ကြောင့် တ ရား လွတ် သူ တို့ မိုက် မှား ရာ လိုက် ပါ သ ဖြင့် ကိုယ့် တည် ကြည် ရာ မှ မ ပြို မ လဲ မိ စေ ရန် သ တိ မူ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သို့​ဖြစ်၍၊ ချစ်​သူ​တို့၊ မ​တ​ရား​သော​သူ​တို့၏ ပ​ရိ​ယာယ်​အား​ဖြင့်၊ သင်​တို့​သည်​လည်း သွေး​ဆောင်​ရာ​သို့ လိုက်၍၊ သင်​တို့​တည်​ကြည်​ခြင်း​မှ မ​ရွေ့​လျော့​မည် အ​ကြောင်း၊ ဤ​အ​ရာ​များ​ကို သိ​နှင့်​ပြီ​ဖြစ်၍၊ ကိုယ်​ကို​ကိုယ် စောင့်​ရှောက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို့ကြောင့် ချစ်​ရ​သော​သူ​တို့၊ ဤ​အရာ​တို့​ကို သင်​တို့​သိ​ထား​နှင့်​ပြီ​ဖြစ်၍ စောင့်စည်း​မှု​မ​ရှိ​သော​သူ​တို့​၏​မှားယွင်း​ခြင်း​သို့ လိုက်​ပါ​သွား​လျက် မိမိ​တို့​၏​တည်ကြည်​မှု​ကို မ​ဆုံးရှုံး​စေရန် မိမိ​ကိုယ်​ကို​စောင့်ထိန်း​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 3:17
26 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် စားစရာ​နှင့်​ပတ်သက်​၍ ပြောဆိုနေသည်​မဟုတ်ကြောင်း​ကို အဘယ်ကြောင့် သင်တို့​နားမလည်နိုင်ကြသနည်း။ ထပ်မံ၍ ငါ​ပြောသည်​မှာ ဖာရိရှဲ​နှင့် ဇဒ္ဒုကဲတို့​၏ တဆေး​ကို သတိပြုကြလော့” ဟု မိန့်တော်မူ၏။


ယေရှု​က “ဖာရိရှဲ​နှင့် ဇဒ္ဒုကဲတို့​၏ တဆေး​ကို အထူး သတိပြုကြလော့” ဟု မိန့်တော်မူ၏။


ပရောဖက်​အတုအယောင်များ​ကို သတိပြုကြလော့။ သူတို့​သည် သိုးရေ​ခြုံ​လျက် သင်တို့​ထံ လာ​သော်လည်း အတွင်း​၌​မူ ကြမ်းကြုတ်သော​ဝံပုလွေများ​ကဲ့သို့ ဖြစ်ကြ၏။


ဤ​အကြောင်းအရာများ​ကို သင်တို့​အား ယခု ငါ​ပြောပြီ။ သို့မှသာ ဤ​အရာများ​ဖြစ်ပျက်လာ​သောအခါ သင်တို့​အား ငါ​ပြော​နှင့်ပြီး​ဖြစ်ကြောင်း​ကို သင်တို့​သတိရကြ​လိမ့်မည်။ ယခင်​က သင်တို့​ကို ငါ​မပြောဘဲ နေခဲ့သည်​မှာ ငါ​သည် သင်တို့​နှင့်အတူ ရှိနေသေး​သောကြောင့် ဖြစ်၏။


ထို​ယုံကြည်သူများ​သည် တမန်တော်တို့​၏ သွန်သင်မှု​ကို​ခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်​ကို​ဖဲ့ခြင်း​နှင့် ဆုတောင်းခြင်း​တို့​ကို အမြဲ​ဆောင်ရွက်ကြ၏။


ထို​သူတို့​သည် ကျွန်ုပ်တို့​သခင်​ခရစ်တော်​၏ အမှု​ကို မဆောင်ရွက်ဘဲ ကိုယ်ကျိုး​ကိုသာ ဆောင်ရွက်သော​သူများ ဖြစ်ကြ၏။ ထို​သူတို့​သည် ချိုသာသောစကား​နှင့် မြှောက်ပင့်သော​စကား​ဖြင့် ရိုးသားသော​သူတို့​၏ စိတ်​ကို လှည့်ဖြားတတ်ကြ၏။


ထို့ကြောင့် မိမိကိုယ်ကိုယ် ခိုင်ခံ့​စွာ ရပ်နေသည်​ဟု ထင်​လျှင် မလဲကျ​စေရန် သတိပြုပါ။


ထို့ကြောင့် ချစ်သော ညီအစ်ကို​မောင်နှမတို့… မြဲမြံ​စွာ ရပ်တည်​၍ မရွေ့လျား​မပြောင်းလဲကြနှင့်။ ဘုရားသခင်​အတွက် သင်တို့ လုပ်ဆောင်​သမျှ​သည် အချည်းနှီး​မဖြစ်ကြောင်း သင်တို့​သိကြသည့်​အတိုင်း ဘုရားသခင်​အတွက် အစဉ်အမြဲ စိတ်အားထက်သန်​စွာ လုပ်ဆောင်ကြလော့။


သို့သော် ဧဝ​သည် မြွေ​၏ ပရိယာယ်​ဖြင့် လှည့်ဖြားခံရ​သကဲ့သို့ သင်တို့​၏​စိတ်နှလုံး​သည်လည်း ခရစ်တော်​အား ရိုးသား​ဖြူစင်​စွာ ကိုးကွယ်ရာ​မှ သွေဖည်စေခြင်း​ခံရမည်​ကို ကျွန်ုပ်​စိုးရိမ်၏။


ပညတ်တရား​ကို လိုက်နာကျင့်သုံးခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံလိုသော သင်တို့​သည် ခရစ်တော်​နှင့် အဆက်ပြတ်​၍ ဘုရားသခင်​၏ ကျေးဇူးတော်​လက်အောက်​တွင် မရှိကြတော့ပေ။


ထိုအခါ ကျွန်ုပ်တို့​သည် မရင့်ကျက်သေးသော ကလေးသူငယ်များ​ကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေ​သည် လှိုင်းလေတို့​၌ လွန့်လူးနေ​သကဲ့သို့ ကျွန်ုပ်တို့​သည် ပရိယာယ်​ဖြင့် လမ်းလွဲ​စေရန် လှည့်ဖြားတတ်သော သူတို့​၏ အမျိုးမျိုးသော သွန်သင်မှု​နောက်သို့ ပါသွားမည် မဟုတ်ပေ။


ကိုယ်ခန္ဓာ​ကို လှီးဖြတ်တတ်သူများ​ဖြစ်သည့် အကျင့်ဆိုး​ကို ကျင့်သော ခွေးဖြစ်သူတို့​ကို သတိပြုကြလော့။ ထို​သူတို့​သည် ကယ်တင်ခံရ​ရန် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူရမည်​ဟု ပြောဆိုကြ၏။


ကျွန်ုပ်​သည် လူ​ကိုယ်တိုင် သင်တို့​ထံ မရောက်နိုင်​သော်လည်း စိတ်​ကမူ ရောက်နေ၏။ သင်တို့​သည် စည်းလုံး​၍ ခရစ်တော်​ကို ခိုင်မြဲ​စွာ ယုံကြည်ကြသည်​ကို ကြားရ​သောကြောင့် ကျွန်ုပ်​ဝမ်းမြောက်၏။


ခရစ်တော်​၏ တရား​ကို အခြေမခံဘဲ လောကီ​အခြေခံ​မူ​နှင့် လူ့​ဓလေ့ထုံးတမ်း​ကို အခြေခံသည့် အတွေးအခေါ်​နှင့် အနှစ်သာရ​မရှိသော လှည့်ဖြားမှုတို့​ဖြင့် မည်သူ​က​မျှ သင်တို့​ကို မသိမ်းသွင်း​နိုင်စေရန် သတိပြုကြလော့။


သူ့​ကို သတိထားလော့။ သူ​သည် ကျွန်ုပ်တို့​ဟောပြောချက်များ​ကို အပြင်းအထန်​ဆန့်ကျင်သူ​ဖြစ်၏။


ကျွန်ုပ်တို့​၏ မူလ​ခံယူချက်​ကို အဆုံး​တိုင်အောင် ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့် သက်ဆိုင်​သူများ​ဖြစ်ကြ၏။


သင်တို့​၏ ယုံကြည်ခြင်း​ကို ခိုင်ခံ့မြဲမြံ​စေ​၍ ထို​မာရ်နတ်​ကို ငြင်းဆန်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ​တစ်ဝန်း​ရှိ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​သည်လည်း ထိုကဲ့သို့သော ဆင်းရဲဒုက္ခ​ကို ခံစားနေရကြောင်း သင်တို့​သိကြ​သောကြောင့်​ဖြစ်၏။


သို့ရာတွင် ဘုရားသခင်​သည် တရားမဲ့သော​သူတို့​၏ ကာမဂုဏ်​လိုက်စားသော ပြုမူ​နေထိုင်ပုံတို့​ကြောင့် စိတ်ဆင်းရဲနေရသည့် ဖြောင့်မတ်သူ လောတ​ကို ကယ်တင်တော်မူ၏။


ချစ်ရသော​သူတို့… ယခု ဤ​စာ​သည် သင်တို့​ထံသို့ ကျွန်ုပ်​ရေးလိုက်သော​ဒုတိယမြောက်​စာ​ဖြစ်၏။ စာ​နှစ်စောင်လုံး​တွင် သင်တို့​အား ရိုးသား​မှန်ကန်​စွာ တွေးခေါ်​နိုင်ရန် သတိပေး​၍ လှုံ့ဆော်​ရေးသားထား၏။


ထို့ကြောင့် သင်​ကျဆင်းသွားသည့်​အပိုင်း​ကို ဆင်ခြင်လော့။ နောင်တ​ရ​လျက် အစဦး​၌ ပြု​သကဲ့သို့ ပြုလော့။ ထိုသို့​နောင်တ​မရ​ပါက ငါ​သည် သင့်​ထံသို့​လာ​၍ သင့်​ဆီမီးတိုင်​ကို နေရာ​မှ ဖယ်ရှားမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ