သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
၂ တိ 4:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။ Common Language Bible သခင်ဘုရားသည်သင်နှင့်အတူရှိတော်မူ ပါစေသော။ သင်တို့အပေါင်းသည်ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရကြပါစေသော။ တိမောသေသြဝါဒစာဒုတိယစောင်ပြီး၏။ Garrad Bible အ ရှင် ဘု ရား သည် သင့် စိတ် ဝိ ညာဉ်၌ တည် နေ တော် မူ ပါ စေ သော။ ကျေး ဇူး တော် သည် သင် တို့ နှင့် အ တူ တည် ရှိ စေ သ တည်း။ Judson Bible သခင်ယေရှုခရစ်သည် သင်၏စိတ်ဝိညာဉ်နှင့် အတူ ရှိတော်မူပါစေသော။ သင်၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ တိမောသေဩဝါဒစာဒုတိယစောင်ပြီး၏။ မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရားသည် သင်၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။ |
သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် မကြာမီ စာတန်ကို သင်တို့၏ ခြေအောက်တွင် ကြေမွစေတော်မူလိမ့်မည်။ ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူ ရှိပါစေသော။
သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ ကောရိန္သုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဂလာတိဩဝါဒစာ ပြီးပါပြီ။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို မပျက်ပြယ်သော ချစ်ခြင်းဖြင့် ချစ်သောသူအပေါင်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရပါစေသော။ ဧဖက်ဩဝါဒစာ ပြီးပါပြီ။
သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့ခံစားရပါစေသော။ အာမင်။ ဖိလိပ္ပိဩဝါဒစာ ပြီးပါပြီ။
ကျွန်ုပ်ပေါလုကိုယ်တိုင် ဤနှုတ်ဆက်စကားကို ကျွန်ုပ်လက်နှင့် ရေးလိုက်ပါ၏။ ကျွန်ုပ် အကျဉ်းချခံရခြင်းကို သတိရဆုတောင်းပေးကြလော့။ ခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့ခံစားရပါစေသော။ ကောလောသဲဩဝါဒစာ ပြီးပါပြီ။
ဤအရာများကို လက်ခံသူတချို့သည် ယုံကြည်ခြင်းတရားလမ်းမှ လွဲချော်သွားကြပြီ။ ကျေးဇူးတော်သည် သင်တို့အားလုံးအပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ပထမစောင် ပြီးပါပြီ။
သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဖိလေမုန်ဩဝါဒစာ ပြီးပါပြီ။
မေတ္တာအနမ်းဖြင့် အချင်းချင်း နှုတ်ဆက်ကြလော့။ ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သော သင်တို့အားလုံးအပေါ် ငြိမ်းချမ်းခြင်းသက်ရောက်ပါစေသော။ ရှင်ပေတရုဩဝါဒစာ ပထမစောင် ပြီးပါပြီ။
သခင်ယေရှု၏ ကျေးဇူးတော်သည် ယုံကြည်သူများအပေါ် သက်ရောက်ပါစေသော။ အာမင်။ ဗျာဒိတ်ကျမ်း ပြီးပါပြီ။