Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 5:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 မေတ္တာ​အနမ်း​ဖြင့် အချင်းချင်း နှုတ်ဆက်ကြလော့။ ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော သင်တို့​အားလုံး​အပေါ် ငြိမ်းချမ်းခြင်း​သက်ရောက်ပါစေသော။ ရှင်ပေတရု​ဩဝါဒစာ ပထမစောင် ပြီးပါပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သင်​တို့​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် မေတ္တာ​ဖြင့်​နမ်း​ရှုတ်​လျက်​နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​၏​တ​ပည့်​တော်​များ​ဖြစ်​ကြ​သူ သင်​တို့​အ​ပေါင်း​သည် ငြိမ်​သက်​ခြင်း​ကို​ခံ​စား ရ​ကြ​ပါ​စေ​သော။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 တစ် ယောက် ကို တစ် ယောက် မေ တ္တာ ဖြင့် နမ်း ရှုတ် လျက် နှုတ် ဆက် ကြ လော့။ ခ ရစ် တော်၌ ရှိ နေ သော သင် တို့ အ ပေါင်း တွင် ငြိမ် သက် ခြင်း တည် စေ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မေ​တ္တာ​နမ်း​ခြင်း​နှင့် နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​နှင့်​ဆိုင်​သော သင်​တို့​အ​ပေါင်း၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အချင်းချင်း​မေတ္တာ​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။ ခရစ်တော်​၌​ရှိ​ကြ​သော သင်​တို့​အားလုံး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 5:14
16 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် သင်တို့​၏ မိတ်ဆွေများ​ကိုသာ နှုတ်ဆက်​လျှင် အခြားသူများ​နှင့် မည်သို့​ခြားနားမှု​ရှိမည်နည်း။ ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​ပင် ထိုသို့​ပြုကြသည် မဟုတ်လော။


ငြိမ်းချမ်းခြင်း​ကို သင်တို့​အတွက် ငါ​ထားခဲ့၏။ ငါ​၏ ငြိမ်းချမ်းခြင်း​ကို သင်တို့​အား ငါ​ပေး၏။ သင်တို့​အား ငါ​ပေးသော​ငြိမ်းချမ်းခြင်း​သည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်​ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။


ငါ့​ကြောင့် သင်တို့​ငြိမ်းချမ်းခြင်း​ရှိ​စေရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။ ဤ​ကမ္ဘာလောက​၌ သင်တို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံတွေ့ကြရ​လိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါ​သည် ဤ​လောက​ကို အောင်ပြီ” ဟု မိန့်တော်မူ၏။


တနင်္ဂနွေနေ့​ညနေ​တွင် တပည့်တော်တို့​သည် ဂျူးခေါင်းဆောင်များ​ကို ကြောက်ရွံ့​သဖြင့် အခန်း​တံခါးများ​ကို ပိတ်​၍ စုဝေးနေကြ၏။ ထိုစဉ် ယေရှု​သည် ရုတ်တရက်​ကြွလာ​၍ သူတို့​အလယ်​တွင် ရပ်တော်မူ​လျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။


ရှစ်ရက်​ကြာ​သော် တပည့်တော်တို့​သည် တစ်ဖန်​စုဝေးကြ၏။ သောမ​သည်လည်း ထို​သူတို့​နှင့်အတူ ရှိ၏။ သူတို့​သည် တံခါးများ​ကို ပိတ်ထားကြ၏။ သို့သော်လည်း ယေရှု​သည် ယခင်​ကဲ့သို့ ရုတ်တရက်​ကြွလာ​၍ သူတို့​အလယ်​တွင် ရပ်တော်မူ​လျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။


ထိုသို့ ဘုရားသခင်​ချစ်တော်မူ​၍ ယုံကြည်သော​သူများ​အဖြစ် ရွေးကောက်တော်မူ​ခံရသော ရောမ​မြို့သူမြို့သား​အပေါင်းတို့​ထံသို့ ဤ​စာ​ကို ကျွန်ုပ်​ရေးလိုက်ပါ၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


အချင်းချင်း တစ်ဦး​ကို တစ်ဦး သန့်ရှင်းသော​အနမ်း​ဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်​၏ အသင်းတော်​အပေါင်းတို့​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။


ထို့ကြောင့် ယခုအခါ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော​သူတို့​သည် အပြစ်စီရင်ခြင်း မခံရ။


သင်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေတော်မူသော​အရှင်​မှာ ဘုရားသခင်​ဖြစ်၏။ ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အကျိုး​အတွက် ဘုရားသခင်​ထံမှ လာသော ဉာဏ်ပညာ​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်​စေတော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သန့်ရှင်းစေ​၍ အပြစ်​မှ ရွေးနုတ်တော်မူ၏။


ဤ​အရပ်​ရှိ ညီအစ်ကို​မောင်နှမများ​ကလည်း သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ အချင်းချင်း တစ်ဦး​ကို​တစ်ဦး သန့်ရှင်းသော​အနမ်း​ဖြင့် နှုတ်ဆက်ကြလော့။


အချင်းချင်း တစ်ယောက်​ကို​တစ်ယောက် သန့်ရှင်းသော​အနမ်း​ဖြင့် နှုတ်ဆက်ကြလော့။


မည်သူမဆို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်လျှင် အသစ်​ဖန်ဆင်းခံရသူ​ဖြစ်၏။ ထို​သူ​၏ ဘဝဟောင်း​သည် ပြီးဆုံး​၍ ဘဝသစ်​သည် အစပြု၏။


ခမည်းတော်​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းတို့​သည် ညီအစ်ကို​မောင်နှမတို့​အပေါ် သက်ရောက်ပါစေသော။


ညီအစ်ကို​မောင်နှမ​အပေါင်းတို့​ကို သန့်ရှင်း​သော အနမ်း​ဖြင့် နှုတ်ဆက်ကြလော့။


ထို​သူတို့​မှာ ခမည်းတော်​ဘုရားသခင်​၏ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အရ ဝိညာဉ်တော်​၏ သန့်ရှင်းစေခြင်း​အားဖြင့် ရွေးချယ်တော်မူခြင်း​ခံထားရသူများ​ဖြစ်ကြ၏။ ဤသို့​ရွေးချယ်တော်မူခြင်း​မှာ ယေရှု​ခရစ်တော်​ကို သင်တို့​နာခံ​စေရန်​နှင့် သင်တို့​ကို အသွေးတော်​ဖြင့် ပက်ဖျန်း​၍ စင်ကြယ်​စေရန်​ဖြစ်၏။ ဘုရားသခင်​၏ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​ကို သင်တို့​ကြွယ်ဝ​စွာ ခံစားရပါစေသော။


ထို​အစား သင်​နှင့် မကြာမီ​တွေ့​၍ မျက်နှာချင်းဆိုင် စကားပြော​နိုင်ရန် ကျွန်ုပ်​မျှော်လင့်ထား၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ