Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 4:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ဆောင်းရာသီ မရောက်မီ အမြန်ဆုံး​လာ​နိုင်ရန် ကြိုးစားလော့။ ဥဗုလု၊ ပုဒေ၊ လိနု​နှင့် ကလောဒိ​တို့​မှစ၍ ညီအစ်ကို​မောင်နှမ​အပေါင်းတို့​က သင့်​ကို နှုတ်ဆက်လိုက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ဆောင်း​ဥ​တု​မ​ကျ​မီ​သင်​လာ​နိုင်​ရန်​အ​စွမ်း​ကုန် ကြိုး​စား​လော့။ ဥ​ဗု​လု၊ ပု​ဒေ၊ လိ​နု၊ က​လော​ဒိ​မှ​စ​၍​ခ​ရစ်​ယာန် ညီ​အစ်​ကို​အ​ပေါင်း​တို့​က​နှုတ်​ဆက်​လိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ဆောင်း မ ဝင် မီ ရောက် အောင် ကြိုး စား လော့။ ဥ ဗု လု၊ ပု ဒေ၊ လိ နု၊ က လော ဒိ မှ စ၍ ညီ အစ် ကို ရှိ သ မျှ တို့ က သင့် ကို နှုတ် ဆက် လိုက် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ဆောင်း​ကာ​လ​မ​ရောက်​မီ ကြိုး​စား၍ လာ​ခဲ့​လော့။ ဥ​ဗု​လု၊ ပု​ဒေ၊ လိ​နု၊ က​လော​ဒိ​မှ​စ၍ ညီ​အစ်​ကို အ​ပေါင်း​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ဆောင်း​ကာလ​မတိုင်မီ​လာ​နိုင်​ရန် ကြိုးစား​လော့။ ဥဗုလု၊ ပုဒေ၊ လိနု​နှင့် ကလောဒိ​တို့​မှစ၍ ညီအစ်ကို​အပေါင်း​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 4:21
11 ပူးပေါင်းရင်းမြစ်များ  

သင်​သည် တရားလို​နှင့်အတူ တရားသူကြီး​ထံသို့ သွား​သောအခါ လမ်း​၌​အမှု​ကျေအေး​စေရန် ကြိုးစားအားထုတ်လော့။ ထိုသို့မဟုတ်​လျှင် သူ​သည် သင့်​ကို တရားသူကြီး​ရှေ့​သို့ ဆွဲခေါ်သွား​လိမ့်မည်။ ထိုမှ​တစ်ဖန် တရားသူကြီး​သည်လည်း အရာရှိ​ထံသို့ အပ်​ကာ ထို​အရာရှိ​သည် သင့်​ကို ထောင်ချ​လိမ့်မည်။


ဤ​အရပ်​ရှိ ညီအစ်ကို​မောင်နှမများ​ကလည်း သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ အချင်းချင်း တစ်ဦး​ကို​တစ်ဦး သန့်ရှင်းသော​အနမ်း​ဖြင့် နှုတ်ဆက်ကြလော့။


ဘုရားသခင်​ကို ယုံကြည်ကြသည့် ဤ​နေရာ​၌ ရှိသောသူ​အပေါင်းတို့​က သင်တို့​ကို နှုတ်ဆက်ကြ၏။


ဤ​နေရာ​၌ ရှိသော ယုံကြည်သူများ၊ အထူး​သဖြင့် ဆီဇာဘုရင်​၏ နန်းတော်​၌ ရှိသော​သူတို့​က သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။


သင်​မျက်ရည်ကျသည်​ကို သတိရ​တိုင်း သင့်​ကို ကျွန်ုပ်​တွေ့လို​လှ၏။ သို့မှသာ ကျွန်ုပ်​ဝမ်းမြောက်နိုင်​လိမ့်မည်။


သင်​လာသော​အခါ တရောမြို့​တွင်​နေထိုင်သော ကာပု​ထံ၌ ကျွန်ုပ်​အပ်ထားခဲ့သော ဝတ်လုံ​နှင့်တကွ စာလိပ်များ၊ အထူး​သဖြင့် သားရေ​စာလိပ်​ကို ယူခဲ့လော့။


ကျွန်ုပ်​ထံသို့ အမြန်ဆုံး​လာ​ရန် ကြိုးစားလော့။


အာတေမ၊ သို့မဟုတ် တုခိတ်​ကို သင့်​ထံသို့ ကျွန်ုပ်​စေလွှတ်မည်။ ကျွန်ုပ်​သည် နိကောပလိမြို့​၌ ဆောင်းရာသီ​ကို ဖြတ်သန်း​ရန် ဆုံးဖြတ်ထားသည်​ဖြစ်​၍ သူတို့​ရောက်​သောအခါ ကျွန်ုပ်​ထံသို့ လာ​ရန်​ကြိုးစားလော့။


ဘုရားသခင် ရွေးကောက်တော်မူသော သင့်​ညီမ​၏ သားသမီးတို့​သည် သင့်​အား နှုတ်ဆက်လိုက်ကြ၏။ ရှင်ယောဟန်​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


ထို​အစား သင်​နှင့် မကြာမီ​တွေ့​၍ မျက်နှာချင်းဆိုင် စကားပြော​နိုင်ရန် ကျွန်ုပ်​မျှော်လင့်ထား၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ