Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ တိ 6:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ဤ​အရာများ​ကို လက်ခံသူ​တချို့​သည် ယုံကြည်ခြင်း​တရား​လမ်း​မှ လွဲချော်​သွားကြပြီ။ ကျေးဇူးတော်​သည် သင်တို့​အားလုံး​အပေါ် သက်ရောက်ပါစေသော။ တိမောသေ​ဩဝါဒစာ ပထမစောင် ပြီးပါပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 လူ​အ​ချို့​တို့​သည်​အ​သိ​ပ​ညာ​ကို​ရ​ရှိ​ပြီ ဟု​ဆို​ကာ​ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​ကြ​ပြီ။ သင်​တို့​အ​ပေါင်း​သည်​ဘု​ရား​သ​ခင်​ထံ​တော် မှ​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။ တိ​မော​သေ​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 အ ချို့ တို့ သည် ထို အ တိုင်း လိုက် နာ လျက် ယုံ ကြည် ခြင်း တ ရား မှ လမ်း လွဲ ကြ လေ စွ။ ကျေး ဇူး တော် သည် သင် တို့ နှင့် အ တူ တည် ရှိ စေ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​သိ​ပ္ပံ​အ​တတ်​ကို လူ​အ​ချို့​တို့​သည် ဝန်​ခံ​ပြု​စု​သော​အား​ဖြင့်၊ ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွဲ​ကြ​ပြီ။ သင်၌​ကျေး​ဇူး​တော် ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 လူ​အချို့​တို့​သည် ထို​အရာ​တို့​နောက်သို့​လိုက်​၍ ယုံကြည်​ခြင်း​လမ်း​မှ​လွဲချော်​သွား​ကြ​ပြီ။ ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 6:21
13 ပူးပေါင်းရင်းမြစ်များ  

သူတို့​သည် သမ္မာတရားလမ်း​မှ လွဲချော်​၍ သေသောသူ​တို့​၏ ရှင်ပြန်ထမြောက်ခြင်း​သည် ဖြစ်ပျက်ပြီးလေပြီ​ဟု ပြောဆို​လျက် လူတချို့​၏ ယုံကြည်ခြင်း​ကို နှောင့်ယှက်​ဖျက်ဆီးကြ၏။


ခရစ်တော်​ကို ဆက်​၍ ယုံကြည်လော့။ မိမိကိုယ်ကိုယ် လိပ်ပြာသန့်​စွာ နေလော့။ အချို့သော​သူတို့​သည် မိမိတို့​၏​အသိတရား​ကို လျစ်လျူရှုခြင်း​ဖြင့် သူတို့​၏ ယုံကြည်ခြင်း​သည် သင်္ဘောပျက်​သဖွယ် ဖြစ်လာ၏။


ကျွန်ုပ်​ပေါလု​ကိုယ်တိုင် ဤ​နှုတ်ဆက်စကား​ကို ကျွန်ုပ်​လက်​နှင့် ရေးလိုက်ပါ၏။ ကျွန်ုပ် အကျဉ်းချ​ခံရခြင်း​ကို သတိရ​ဆုတောင်းပေးကြလော့။ ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​ခံစားရပါစေသော။ ကောလောသဲ​ဩဝါဒစာ ပြီးပါပြီ။


ဘုရားသခင်​၏​ကျေးဇူးတော်​ကို သင်တို့​အားလုံး ခံစားရပါစေသော။ ဟေဗြဲ​ဩဝါဒစာ ပြီးပါပြီ။


ကျွန်ုပ်​နှင့်အတူ​ရှိသောသူ​အားလုံး​သည် သင့်​အား နှုတ်ဆက်လိုက်ပါ၏။ ယုံကြည်ခြင်း​နှင့်တကွ ကျွန်ုပ်တို့​ကို ချစ်ကြသောသူများ​အားလည်း နှုတ်ဆက်ပေးလော့။ ကျေးဇူးတော်​သည် သင်တို့​အားလုံး​အပေါ် သက်ရောက်ပါစေသော။ တိတု​ဩဝါဒစာ ပြီးပါပြီ။


သခင်ဘုရား​သည် သင်​နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။ တိမောသေ​ဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။


ငွေ​ကို တပ်မက်ခြင်း​သည် မကောင်းမှု​အမျိုးမျိုး​၏ အရင်းအမြစ်​ဖြစ်၏။ လူတချို့​သည် ငွေ​ကို တပ်မက်​သောကြောင့် ယုံကြည်ခြင်း​တရား​ကို စွန့်​ကာ အလွန်​ဝမ်းနည်း​ပူဆွေးခြင်း​ကို နာကျင်​စွာ ခံစားကြရ၏။


လူ​တချို့​သည် ထို​အခြေခံ​စိတ်သဘောတို့​မှ သွေဖည်သွား​ကာ အနှစ်သာရ​မဲ့သော စကားများ​ကိုသာ ပြောဆိုလာကြ၏။


ကျွန်ုပ်​နှင့် အသင်းသား​အပေါင်းတို့​ကို ဧည့်ခံသော အိမ်ရှင်​ဂါယု​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်​ဘဏ္ဍာထိန်း​ဧရတ္တု​နှင့် ကျွန်ုပ်တို့​၏​ညီ ကွာတု​တို့​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။


ငြိမ်းချမ်းခြင်း​အရှင် ဘုရားသခင်​သည် မကြာမီ စာတန်​ကို သင်တို့​၏ ခြေ​အောက်​တွင် ကြေမွစေတော်မူ​လိမ့်မည်။ ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​နှင့်အတူ ရှိပါစေသော။


ထိုသို့ ဘုရားသခင်​ချစ်တော်မူ​၍ ယုံကြည်သော​သူများ​အဖြစ် ရွေးကောက်တော်မူ​ခံရသော ရောမ​မြို့သူမြို့သား​အပေါင်းတို့​ထံသို့ ဤ​စာ​ကို ကျွန်ုပ်​ရေးလိုက်ပါ၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


ဖြားယောင်း​သွေးဆောင်ရာ​သို့ မကျရောက်စေဘဲ မာရ်နတ်​၏ လက်​မှ အကျွန်ုပ်တို့​ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်​နှင့် ဘုန်းတော်​သည် ကမ္ဘာအဆက်ဆက်​ကိုယ်တော်​၌ ရှိပါ၏။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ