ကျွန်ုပ်တို့ထံမှ ထွက်ခွာသွားကြသောသူများသည် ကျွန်ုပ်တို့၏ညွှန်ကြားချက်များမရှိဘဲ သင်တို့အား စကားများဖြင့်ပူပန်စေ၍ သင်တို့၏စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေသည်ကို ကြားသိရပါ၏။
၂ တိ 3:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယန္နေနှင့် ယံဗြေတို့သည် မောရှေကို ဆန့်ကျင်သကဲ့သို့ ထိုသူတို့သည်လည်း သမ္မာတရားကို ဆန့်ကျင်ကြ၏။ သူတို့သည် စိတ်ဓာတ်ပျက်ပြား၍ ယုံကြည်ယောင်ဆောင်သူများဖြစ်ကြ၏။ Common Language Bible ယန္နေနှင့်ယံဗြေတို့သည်မောရှေကိုဆန့်ကျင် ဖက်ပြုသကဲ့သို့ ထိုလူစုတို့သည်လည်းသမ္မာ တရားတော်ကိုဆန့်ကျင်ဘက်ပြုကြ၏။ သူ တို့သည်စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိဘဲ ယုံကြည်ခြင်းပျက်ပြယ်သူများဖြစ်ပေသည်။- Garrad Bible မော ရှေ ကို ယ န္နေ နှင့် ယန် ဗြေ တို့ ခု ခံ ခဲ့ သည့် နည်း တူ သ မ္မာ တ ရား တော် ကို ခံ ခု လျက် သ ဘော ဖောက် ပြန် သူ၊ ယုံ ကြည် ခြင်း တ ရား နှင့် စပ်၍ စံ တော် မ မီ သူ များ ဖြစ် ကြ၏။ Judson Bible ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင်ဆောင်သောသူ ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယန္နေနှင့်ယံဗြေတို့သည် မောရှေကိုဆန့်ကျင်ခဲ့သည့်နည်းတူ ထိုသူတို့သည်လည်း သမ္မာတရားကိုဆန့်ကျင်ကြ၏။ သူတို့သည် စိတ်နှလုံးပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာ၌ ကျရှုံးသောသူများဖြစ်ကြ၏။ |
ကျွန်ုပ်တို့ထံမှ ထွက်ခွာသွားကြသောသူများသည် ကျွန်ုပ်တို့၏ညွှန်ကြားချက်များမရှိဘဲ သင်တို့အား စကားများဖြင့်ပူပန်စေ၍ သင်တို့၏စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေသည်ကို ကြားသိရပါ၏။
ထို့ပြင် ဘုရားသခင်ကို အသိအမှတ်ပြုခြင်းသည် မိုက်မဲသည်ဟု သူတို့ထင်မှတ်သောကြောင့် ဘုရားသခင်သည် သူတို့ကို ပညာမဲ့စွာတွေးခေါ်ခြင်းလက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့သည် မပြုအပ်သောအမှုတို့ကို ပြုကြ၏။
ထိုသူတို့သည် ကျွန်ုပ်တို့သခင်ခရစ်တော်၏ အမှုကို မဆောင်ရွက်ဘဲ ကိုယ်ကျိုးကိုသာ ဆောင်ရွက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့သည် ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတို့၏ စိတ်ကို လှည့်ဖြားတတ်ကြ၏။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
ခရစ်တော်ကို ဆက်၍ ယုံကြည်လော့။ မိမိကိုယ်ကိုယ် လိပ်ပြာသန့်စွာ နေလော့။ အချို့သောသူတို့သည် မိမိတို့၏အသိတရားကို လျစ်လျူရှုခြင်းဖြင့် သူတို့၏ ယုံကြည်ခြင်းသည် သင်္ဘောပျက်သဖွယ် ဖြစ်လာ၏။
ထိုအယူဝါဒကို သွန်သင်သူများ၏ အမှားအမှန်ခွဲခြားသော အသိစိတ်သည် သံပူနှင့်ခတ်ခံရသကဲ့သို့ ထုံထိုင်းနေ၏။ သူတို့သည် သူတော်ကောင်းယောင်ဆောင်သော လူလိမ်များဖြစ်၏။
ထို့ပြင် အသိစိတ်ဖောက်ပြန်ပြီး အမှန်တရားကို ကျောခိုင်းသောသူတို့အကြား အဆုံးမသတ်နိုင်သောအငြင်းပွားမှုများ ဖြစ်လာ၏။ ထိုသူတို့သည် ဘုရားတရားကိုင်းရှိုင်းလျှင် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်ကြ၏။
သူ့ကို သတိထားလော့။ သူသည် ကျွန်ုပ်တို့ဟောပြောချက်များကို အပြင်းအထန်ဆန့်ကျင်သူဖြစ်၏။
အဘယ်ကြောင့်ဆိုသော် မနာခံသူ၊ အကျိုးမဲ့သောစကားများပြောဆိုသူ၊ လှည့်ဖြားသူ များစွာ ရှိကြသောကြောင့်ဖြစ်၏။ အထူးသဖြင့် အရေပြားလှီးခြင်းမင်္ဂလာခံယူခြင်းကို တိုက်တွန်းသူများထဲတွင် ရှိကြ၏။
သူတို့သည် ဘုရားသခင်ကို သိသည်ဟု ဝန်ခံသော်လည်း သူတို့၏ အပြုအမူဖြင့် ကိုယ်တော်ကို ငြင်းပယ်ကြ၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်ကောင်းမှုကိုမျှ ပြုနိုင်စွမ်းမရှိသောသူများ ဖြစ်ကြ၏။
သူတို့၌ ဖောက်ပြန်လိုစိတ်နှင့် ပြည့်နှက်နေသောမျက်စိရှိ၍ အပြစ်မကျူးလွန်ဘဲ မနေနိုင်ကြ။ ယုံကြည်ခြင်း၌ တည်ငြိမ်ရင့်ကျက်မှုမရှိသေးသောသူတို့ကို ဆွဲဆောင်တတ်ကြ၏။ သူတို့သည် လောဘလွန်ကြူးရာတွင် ကျင်လည်၍ ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။
သားသမီးတို့… ဤကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ရန်သူ ရောက်လာကြောင်းကို သင်တို့ကြားသည့်အတိုင်း ယခုပင် ခရစ်တော်၏ရန်သူများစွာ ရောက်လာကြပြီ။ ထို့ကြောင့် ဤကာလသည် နောက်ဆုံးသောကာလဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။
ချစ်ရသောသူတို့… ဝိညာဉ်တော်အားဖြင့် ဟောပြောသည်ဟု ပြောဆိုသူတိုင်းကို မယုံကြနှင့်။ ထိုဝိညာဉ်တို့သည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဟုတ်မဟုတ်ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်အတုအယောင်များစွာတို့သည် ဤလောက၌ ပေါ်လာကြသောကြောင့်ဖြစ်၏။
သို့သော်လည်း ငါသည် သင့်အား အပြစ်ပြောစရာ တစ်ခုရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မဟုဆိုသောယေဇဗေလအမည်ရှိသည့် အမျိုးသမီးကို သင်ခွင့်ပြုထားခဲ့၏။ သူသည် ငါ၏အစေခံများအား တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း၊ ရုပ်တုအား ပူဇော်သည့်အစားအစာများကိုစားရန်လည်းကောင်း သွန်သင်၍ လမ်းမှားစေခဲ့၏။
သို့သော် သင်၌ ကောင်းမွန်သည့် အချက်တစ်ချက်ရှိသေး၏။ နိကောလတပည့်များ၏အကျင့်တို့ကို ငါမုန်းသကဲ့သို့ သင်လည်းမုန်း၏။