၂ တိ 3:8 - Common Language Bible8 ယန္နေနှင့်ယံဗြေတို့သည်မောရှေကိုဆန့်ကျင် ဖက်ပြုသကဲ့သို့ ထိုလူစုတို့သည်လည်းသမ္မာ တရားတော်ကိုဆန့်ကျင်ဘက်ပြုကြ၏။ သူ တို့သည်စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိဘဲ ယုံကြည်ခြင်းပျက်ပြယ်သူများဖြစ်ပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible8 မော ရှေ ကို ယ န္နေ နှင့် ယန် ဗြေ တို့ ခု ခံ ခဲ့ သည့် နည်း တူ သ မ္မာ တ ရား တော် ကို ခံ ခု လျက် သ ဘော ဖောက် ပြန် သူ၊ ယုံ ကြည် ခြင်း တ ရား နှင့် စပ်၍ စံ တော် မ မီ သူ များ ဖြစ် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင်ဆောင်သောသူ ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ယန္နေနှင့်ယံဗြေတို့သည် မောရှေကိုဆန့်ကျင်ခဲ့သည့်နည်းတူ ထိုသူတို့သည်လည်း သမ္မာတရားကိုဆန့်ကျင်ကြ၏။ သူတို့သည် စိတ်နှလုံးပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာ၌ ကျရှုံးသောသူများဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ယန္နေနှင့် ယံဗြေတို့သည် မောရှေကို ဆန့်ကျင်သကဲ့သို့ ထိုသူတို့သည်လည်း သမ္မာတရားကို ဆန့်ကျင်ကြ၏။ သူတို့သည် စိတ်ဓာတ်ပျက်ပြား၍ ယုံကြည်ယောင်ဆောင်သူများဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
သားသမီးတို့၊ အဆုံးစွန်သောကာလသည် ယခုနီးလာလေပြီ။ ခရစ်တော်၏ရန်သူပေါ် ပေါက်လာမည်ဖြစ်ကြောင်းကိုသင်တို့ကြားသိ ခဲ့ကြ၏။ ယခုပင်လျှင်ခရစ်တော်၏ရန်သူ အများအပြားပေါ်ပေါက်လျက်ရှိလေပြီ။ ဤ အချက်ကိုထောက်၍အဆုံးစွန်သောကာလ ရောက်လာကြောင်းကိုငါတို့သိရကြ၏။-
ချစ်ဆွေတို့၊ ဝိညာဉ်တော်ခံယူရရှိသည်ဟု ဆိုသူတိုင်းကိုမယုံကြနှင့်။ သူတို့ခံယူရရှိ သည်ဆိုသောဝိညာဉ်တော်သည် ဘုရားသခင် ၏ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ဟုတ်မဟုတ်စစ်ဆေးကြည့်ရှုကြလော့။ အဘယ် ကြောင့်ဆိုသော်မိစ္ဆာပရောဖက်များသည် နေရာ တကာသို့ရောက်ရှိနေကြသောကြောင့်ဖြစ်၏။-
သို့ရာတွင်သင့်အားအပြစ်ဆိုစရာရှိသည် မှာ ယေဇဗေလဆိုသူအမျိုးသမီးကိုသင် လက်ခံလျက်နေခြင်းပင်ဖြစ်၏။ သူသည်မိမိ ကိုယ်ကိုဘုရားသခင်၏စေတမန်ဟုဆိုကာ ငါ၏တပည့်တို့အား ကာမဂုဏ်လိုက်စားစေ ရန်နှင့်ရုပ်တုတို့အားပူဇော်သည့်အစား အစာများကိုစားစေရန် သွန်သင်ခြင်းအား ဖြင့်မှောက်မှားလမ်းလွဲစေလေသည်။-