ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
၂ ကော 2:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့မှသာ စာတန်သည် ကျွန်ုပ်တို့အပေါ် အမြတ်ထုတ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် သူ၏ မကောင်းသောအကြံအစည်များကို သိကြသောကြောင့်ဖြစ်၏။ Common Language Bible သို့မှသာစာတန်အားငါတို့အပေါ်အနိုင်မရ စေရန်တားဆီးနိုင်ပေမည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်စာတန်၏အကြံအစည်များ ကိုသိကြသောကြောင့်တည်း။ Judson Bible သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား စာတန်သည် ငါတို့အပေါ်အမြတ်မထုတ်စေရန်အတွက်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သူ၏တွေးတောကြံစည်မှုများကို မသိသည်မဟုတ်။ |
ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
ရှိမုန်… ရှိမုန်… ဂျုံကို ဆန်ကာနှင့်စစ်သကဲ့သို့ သင်တို့ကိုစစ်ချရန် စာတန်မာရ်နတ်သည် တောင်းဆိုလျက်ရှိ၏။
ကိုယ်တော်နှင့် တပည့်တော်တို့သည် ညစာစားလျက်နေကြ၏။ ထိုအချိန်တွင် ရှိမုန်ရှကာရုတ်၏သား ယုဒ၏စိတ်၌ ယေရှုကို သစ္စာဖောက်ရန် မာရ်နတ်သည် လှုံ့ဆော်ထားပြီးဖြစ်၏။
လင်မယားဝတ်ကို မရှောင်ကြနှင့်။ သို့သော် ဆုတောင်းချိန်တွင် အပြည့်အဝဆုတောင်းနိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့် သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း ရှောင်ကြဉ်နိုင်၏။ လင်မယားဝတ်ကို ရှောင်လျှင် စာတန်သည် သင်တို့၏ မထိန်းချုပ်နိုင်ခြင်းအပေါ် အခွင့်ကောင်းယူ၍ သင်တို့ကို သွေးဆောင်မည်ကို စိုးရသောကြောင့် အချိန်စေ့လျှင် လင်မယားဝတ်ကို ပြန်၍ ပြုကြလော့။
၎င်းသည် အံ့ဩစရာမဟုတ်။ စာတန်ပင်လျှင် မိမိကိုယ်ကိုယ် အလင်း၏ ကောင်းကင်တမန်အဖြစ် အယောင်ဆောင်တတ်၏။
သို့သော် ဧဝသည် မြွေ၏ ပရိယာယ်ဖြင့် လှည့်ဖြားခံရသကဲ့သို့ သင်တို့၏စိတ်နှလုံးသည်လည်း ခရစ်တော်အား ရိုးသားဖြူစင်စွာ ကိုးကွယ်ရာမှ သွေဖည်စေခြင်းခံရမည်ကို ကျွန်ုပ်စိုးရိမ်၏။
ဤလောက၏ ဘုရားဖြစ်သော စာတန်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့် ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း၏အလင်းကို မမြင်နိုင်ခြင်းဖြစ်၏။
ဆန့်ကျင်သူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမသွန်သင်ရမည်။ ဘုရားသခင်သည် သူတို့အား သမ္မာတရားကို သိစေ၍ နောင်တရနိုင်သောအခွင့်ကို ပေးကောင်းပေးတော်မူလိမ့်မည်။
မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိနှင့် စောင့်ကြလော့။ သင်တို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟိန်းဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။
အသေသတ်ခြင်းခံရသော သိုးသငယ်တော်၏ အသက်စာစောင်၌ ကမ္ဘာဦးအစကပင် အမည်စာရင်းပါသောသူများမှလွဲ၍ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
ယခု ကျွန်ုပ်သည် ကျန်ရှိသော သွာတိရအသင်းသား သင်တို့အား ပြောလို၏။ သူ၏မှားယွင်းသည့် သွန်သင်ချက်ကို နားမထောင်၊ စာတန်၏လျှို့ဝှက်ချက်များကို မခံယူသည့် သင်တို့အပေါ်သို့ အခြားဝန်ထုပ်ဝန်ပိုးကို ငါတင်မည်မဟုတ်။