အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကို ပေးရန် အလိုတော်ရှိတော်မူ၏။
၁ ပေ 5:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ဘုရားသခင်အပ်ထားတော်မူသည့် သိုးစုကဲ့သို့သော လူတို့ကို အုပ်ထိန်းလော့။ မဖြစ်မနေအုပ်ထိန်းရခြင်းကြောင့် မဟုတ်ဘဲ ဘုရားသခင်အလိုတော်နှင့်အညီ စိတ်ပါလက်ပါ အုပ်ထိန်းလော့။ အကျိုးစီးပွားအတွက် မဟုတ်ဘဲ စိတ်အားထက်သန်စွာ အုပ်ထိန်းလော့။ Common Language Bible သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။- Garrad Bible သင် တို့ တွင် ရှိ သော ဘု ရား သ ခင့် သိုး တော် စု ကို ဘု ရား သ ခင့် အ လို တော် နှင့် အ ညီ မ လွှဲ မ ရှောင် သာ စိတ် ကင်း၍ စေ တ နာ ရှိ သူ အ နေ နှင့် လည်း ကောင်း၊ လော ဘ ကင်း ၍ စိတ် ထက် သန် သူ အ နေ နှင့် လည်း ကောင်း၊ Judson Bible သင်တို့နှင့်အတူရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။ |
အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကို ပေးရန် အလိုတော်ရှိတော်မူ၏။
ကျွန်ုပ်ထွက်သွားသည့်နောက် သိုးစုကိုမညှာမတာ ကိုက်ဖြတ်စားတတ်သောဝံပုလွေတို့သည် သင်တို့အထဲ၌ ဝင်လာလိမ့်မည်ကို ကျွန်ုပ်သိ၏။
သို့ရာတွင် ပေါလုက “သင်တို့သည် ငိုကြွေးလျက် ကျွန်ုပ်စိတ်နှလုံးကို ပူဆွေးဝမ်းနည်းစေရန် အဘယ်ကြောင့် ပြုကြသနည်း။ ကျွန်ုပ်သည် ဂျေရုဆလင်မြို့၌ ထောင်ကျခံရန်မျှသာမက သခင်ယေရှု၏အမည်နာမအတွက် အသေခံရန်ပင် အသင့်ရှိပါ၏” ဟု ပြန်ပြောလေ၏။
ထို့ကြောင့် ရောမမြို့၌ရှိသော သင်တို့ထံသို့လည်း လာ၍ သတင်းကောင်းကို ဟောပြောရန် ကျွန်ုပ်စိတ်အားထက်သန်လျက်ရှိ၏။
မည်သူသည် မိမိစရိတ်ဖြင့် စစ်မှုထမ်းရသနည်း။ မည်သူသည် စပျစ်ခြံကို စိုက်ပျိုးပြီး ထိုခြံထွက်အသီးကို မစားဘဲနေရသနည်း။ မည်သူသည် သိုးအုပ်ကို ထိန်းကျောင်းပြီး သိုးနို့ကို မသောက်ဘဲနေရသနည်း။
သူသည် သောက်စားမူးယစ်သူ၊ ခက်ထန်ကြမ်းကြုတ်သူ၊ ခိုက်ရန်ဖြစ်ပွားသူ၊ ငွေမက်သူမဟုတ်ဘဲ ထောက်ထားညှာတာသူ ဖြစ်ရမည်။
ထိုနည်းတူ သင်းထောက်တို့သည် ကိုယ်ကျင့်တရားကောင်းသူ ဖြစ်ရမည်။ လျှာနှစ်ခွဖြင့် ပြောဆိုတတ်သူ၊ သေရည်သေရက်သောက်ကြူးသူ၊ မသမာနည်းဖြင့် ငွေရှာသူမဖြစ်ရ။
ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မသမာနည်းဖြင့် ငွေရှာလိုသောကြောင့် မသွန်သင်သင့်သော အရာများကို သွန်သင်လျက် အချို့မိသားစုများ၏ ယုံကြည်ခြင်းကို ပျက်စီးစေကြ၏။
သင်းအုပ်သည် ဘုရားသခင်၏ အမှုတော်တွင် စီမံခန့်ခွဲသူဖြစ်၏။ ထို့ကြောင့် သူသည် အပြစ်ကင်းသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စားမူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်းဖြင့် ငွေရှာသူ မဖြစ်ရ။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
အုပ်ချုပ်သူများနှင့် အာဏာပိုင်များကို နာခံကြရန် ကရေတေကျွန်း၌ နေထိုင်ကြသောယုံကြည်သူတို့အား သတိပေးလော့။ သူတို့သည် နာခံ၍ ကောင်းမှုအမျိုးမျိုးကို အချိန်မရွေးပြုနိုင်ရန် အဆင်သင့်ဖြစ်နေရမည်။
သို့သော် သင်၏ ခွင့်ပြုချက်မရဘဲ မည်သည့်အရာကိုမျှ ကျွန်ုပ်မပြုလိုပါ။ သို့မှသာ သင်ပေးသောအကူအညီသည် အတင်းအကျပ်စေခိုင်း၍ ကူညီရခြင်းမျိုးမဟုတ်ဘဲ ဆန္ဒအရကူညီခြင်း ဖြစ်လိမ့်မည်။
မည်သူမျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မဆုံးရှုံးစေရန် သတိပြုလော့။ သင်တို့ကို ဒုက္ခပေး၍ လူများစွာကို ညစ်ညူးစေမည့် ခါးသီးသောအမြစ်ကို မပေါက်ပွားစေရန် သတိပြုလော့။
ထိုသူတို့သည် မိမိတို့၏ လောဘစိတ်နှင့် လုပ်ကြံဇာတ်လမ်းများဖြင့် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့ ခံရမည့်ပြစ်ဒဏ်ကို ယခင်ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့၏ ပျက်စီးခြင်းကိုလည်း နှောင့်နှေးစေတော်မူမည် မဟုတ်။