Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 3:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ထိုနည်းတူ သင်းထောက်တို့​သည် ကိုယ်ကျင့်တရား​ကောင်းသူ ဖြစ်ရမည်။ လျှာ​နှစ်ခွ​ဖြင့် ပြောဆိုတတ်သူ၊ သေရည်သေရက်​သောက်ကြူးသူ၊ မသမာနည်း​ဖြင့် ငွေရှာသူ​မဖြစ်ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သင်း​ထောက်​လူ​ကြီး​များ​သည်​လည်း​စာ​ရိတ္တ ကောင်း​မွန်​၍​ဟန်​ဆောင်​မှု​မ​ရှိ​သူ​များ​ဖြစ် ရ​မည်။ သူ​တို့​သည်​သေ​သောက်​ကြူး​သူ​များ၊ ငွေ​ကို​တပ်​မက်​သူ​များ​မ​ဖြစ်​စေ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထို နည်း တူ သင်း ထောက် တို့ လည်း ရို သေ ဖွယ် သူ၊ နှစ် ခွ မ ပြော သူ၊ မ သောက် ကြူး သူ၊ အ မြတ် အ စွန်း မ လို လား သူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထို​နည်း​တူ၊ သင်း​ထောက်​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​ကြ​မည်။ လျှာ​နှစ်​ခွ​နှင့်​ပြော​သော​သူ၊ စ​ပျစ်​ရည်​ကို သောက်​ကြူး​သော​သူ၊ မ​စင်​ကြယ်​သော စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ထိုနည်းတူ သင်းထောက်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ လျှာ​နှစ်ခွ​ရှိ​သော​သူ၊ စပျစ်​ဝိုင်​သောက်ကြူး​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​များ​မ​ဟုတ်​ဘဲ

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 3:8
17 ပူးပေါင်းရင်းမြစ်များ  

သူတို့​၏ လည်ချောင်း​သည် ဖွင့်ထားသော​သင်္ချိုင်းဂူ​ဖြစ်၏။ သူတို့​၏ လျှာ​သည် လှည့်ဖြားတတ်၏။ သူတို့​၏​နှုတ်ခမ်း​တွင် မြွေဆိုး​အဆိပ်​ရှိ၏။


ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ယေရှု​ခရစ်တော်​၏ အစေအပါးများ​ဖြစ်ကြသော ကျွန်ုပ်​နှင့် ကျွန်ုပ်တို့​၏​ညီ တိမောသေ​တို့​က ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူး​သဖြင့် အသင်းတော်​ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များ​ထံသို့ ပို့လိုက်သော စာ​ဖြစ်၏။


သင်းထောက်​သည် မယား​တစ်ယောက်တည်း​ရှိသူ၊ သားသမီးများ​နှင့် အိမ်သူအိမ်သားများ​ကို ကောင်းစွာ ဦးဆောင်​စီမံနိုင်သူ ဖြစ်ရမည်။


သင်းအုပ်​သည် အပြစ်ဆိုဖွယ်​မရှိသူ၊ မယား​တစ်ယောက်တည်း​ရှိသူ၊ ကိုယ်ကျင့်တရား​စောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။


သူ​သည် သောက်စား​မူးယစ်သူ၊ ခက်ထန်​ကြမ်းကြုတ်သူ၊ ခိုက်ရန်​ဖြစ်ပွားသူ၊ ငွေမက်သူ​မဟုတ်ဘဲ ထောက်ထား​ညှာတာသူ ဖြစ်ရမည်။


သင့်​ကို မကြာခဏ မကျန်းမမာဖြစ်​စေသည့် သင်​၏​အစာအိမ်​ရောဂါ​ကြောင့် ရေ​ကို​သာ မသောက်ဘဲ စပျစ်ဝိုင်​အနည်းငယ်​ကိုလည်း သောက်လော့။


သင်းအုပ်​သည် ဘုရားသခင်​၏ အမှုတော်​တွင် စီမံခန့်ခွဲသူ​ဖြစ်၏။ ထို့ကြောင့် သူ​သည် အပြစ်ကင်းသူ​ဖြစ်ရမည်။ သူ​သည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စား​မူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်း​ဖြင့် ငွေရှာသူ မဖြစ်ရ။


ထိုနည်းတူ အသက်ကြီးသော​အမျိုးသမီးတို့​အား ဘုရားတရား​ကြည်ညို​၍ အတင်းအဖျင်း​မပြောသူ၊ သေရည်သေရက်​သောက်ကြူးသူ မဖြစ်ဘဲ ကောင်းသော​အရာများ​ကို သင်ပေးတတ်သူ ဖြစ်​ရန် အကြံပေးလော့။


နှုတ်​တစ်ခုတည်း​မှ ချီးမွမ်းခြင်း​နှင့် ကျိန်ဆဲခြင်းတို့ ထွက်လာ၏။ ညီအစ်ကို​မောင်နှမတို့… ဤသို့ မဖြစ်သင့်ပေ။


သင်တို့​အား ဘုရားသခင်​အပ်ထားတော်မူသည့် သိုးစု​ကဲ့သို့သော လူတို့​ကို အုပ်ထိန်းလော့။ မဖြစ်မနေ​အုပ်ထိန်းရခြင်း​ကြောင့် မဟုတ်ဘဲ ဘုရားသခင်​အလိုတော်​နှင့်အညီ စိတ်ပါလက်ပါ အုပ်ထိန်းလော့။ အကျိုးစီးပွား​အတွက် မဟုတ်ဘဲ စိတ်အားထက်သန်​စွာ အုပ်ထိန်းလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ