၁ ပေ 5:2 - Common Language Bible2 သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible2 သင် တို့ တွင် ရှိ သော ဘု ရား သ ခင့် သိုး တော် စု ကို ဘု ရား သ ခင့် အ လို တော် နှင့် အ ညီ မ လွှဲ မ ရှောင် သာ စိတ် ကင်း၍ စေ တ နာ ရှိ သူ အ နေ နှင့် လည်း ကောင်း၊ လော ဘ ကင်း ၍ စိတ် ထက် သန် သူ အ နေ နှင့် လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible2 သင်တို့နှင့်အတူရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 သင်တို့အား ဘုရားသခင်အပ်ထားတော်မူသည့် သိုးစုကဲ့သို့သော လူတို့ကို အုပ်ထိန်းလော့။ မဖြစ်မနေအုပ်ထိန်းရခြင်းကြောင့် မဟုတ်ဘဲ ဘုရားသခင်အလိုတော်နှင့်အညီ စိတ်ပါလက်ပါ အုပ်ထိန်းလော့။ အကျိုးစီးပွားအတွက် မဟုတ်ဘဲ စိတ်အားထက်သန်စွာ အုပ်ထိန်းလော့။ အခန်းကိုကြည့်ပါ။ |
မြို့ကိုအုပ်ချုပ်သူတို့သည်တံစိုးလက်ဆောင် စား၍အုပ်ချုပ်ကြ၏။ ယဇ်ပုရောဟိတ်တို့ သည်အခကြေးငွေယူ၍စီရင်ဆုံးဖြတ် ကြ၏။ ပရောဖက်တို့သည်ငွေယူ၍ဗျာဒိတ် တော်ကိုဖွင့်ပြကြ၏။ ထိုသူအပေါင်းတို့ ကထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူသည်ဟုဆိုကြ၏။ သူတို့က``ငါ တို့တွင်ဘေးဥပဒ်မရောက်နိုင်၊ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ သည်'' ဟုပြောကြ၏။
ထိုဘုရင်ကြွလာသောအခါသူသည် ထာဝရ ဘုရားထံတော်မှရသောအစွမ်းသတ္တိနှင့် လည်းကောင်း၊ သူ၏ဘုရားသခင်ထာဝရ ဘုရား၏ဘုန်းတန်ခိုးတော်နှင့်လည်းကောင်း မိမိ၏လူစုကိုအုပ်စိုးလိမ့်မည်။ ကမ္ဘာတစ် ဝှမ်းလုံးတွင်ရှိသောလူအပေါင်းတို့သည် သူ ၏ကြီးမြတ်တော်မူခြင်းကိုဝန်ခံကြ သဖြင့် သူ၏လူမျိုးတော်သည်လုံခြုံစွာ နေထိုင်ရကြလိမ့်မည်။-
တန်ဖိုးမရှိသောသိုးထိန်းမိုက်သည်အမင်္ဂ လာရှိ၏။ သူသည်မိမိ၏သိုးစုကိုစွန့်ပစ် ထားလေပြီ။ စစ်မက်ဘေးဒဏ်ကြောင့်သူ၏ လက်ရုံးနှင့်ညာမျက်စိသည်ပျက်ပြုန်း၍ သွားလိမ့်မည်။ သူ့၏ညာလက်ရုံးသည်ရှုံ့တွ တွန့်လိမ်လျက်၊ ညာမျက်စိသည်လည်းအလင်း ကွယ်၍သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ ၏ယဇ်ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်မီးများ ကိုသင်တို့မထည့်နိုင်စေရန် ဗိမာန်တော် တံခါးများကိုပိတ်ထားမည့်သူရှိလျှင် အဘယ်မျှကောင်းလိမ့်မည်နည်း။ ငါသည် သင်တို့ကိုမနှစ်သက်။ ငါ့ထံသို့သင်တို့ ယူဆောင်လာသောပူဇော်သကာကိုလည်း လက်မခံလို။-
သို့ရာတွင်သင်နှင့်သင်၏သားများကသာ ယဇ်ပလ္လင်နှင့်အလွန်သန့်ရှင်းသောဌာနတော် နှင့်ဆိုင်သော ယဇ်ပုရောဟိတ်ဝတ်ရှိသမျှ ကိုဆောင်ရွက်ရမည်။ မဆိုင်သူတစ်စုံတစ် ယောက်သည်ချဉ်းကပ်မိလျှင် ထိုသူအားသေ ဒဏ်စီရင်ရမည်။ ငါသည်သင်တို့အားယဇ် ပုရောဟိတ်ရာထူးချီးမြှင့်ထားသည်ဖြစ် ရာ သင်တို့သည်ဤတာဝန်များကိုထမ်း ဆောင်ရမည်'' ဟုမိန့်တော်မူ၏။
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။