အခွန်ကောက်သူများနှင့် အပြစ်သားများသည် ယေရှု၏သွန်သင်ချက်ကို နားထောင်ရန် ယေရှုအနီးသို့ ချဉ်းကပ်လာကြ၏။
၁ ပေ 4:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ကျမ်းစာ၌ “ဖြောင့်မတ်သောသူပင် ကယ်တင်ခံရရန် ခက်ခဲလျှင် ဘုရားတရားမဲ့သူတို့နှင့် အပြစ်သားတို့သည် မည်သို့ဖြစ်မည်နည်း” ဟု ဖော်ပြထား၏။ Common Language Bible ကျမ်းစာတော်ကဖော်ပြသည်နှင့်အညီ ``အကယ်၍သူတော်ကောင်းများပင်လျှင် ကယ်တင်ခြင်းခံရရန်ခက်ခဲပါမူ ဘုရားတရားမဲ့သည့်အပြစ်ကူးသူတို့အဖို့ မည်သို့ဖြစ်လိမ့်မည်နည်း'' Garrad Bible ဖြောင့် မတ် သူ တို့ သည် ကယ် တင် ရာ သို့ ခဲ ယဉ်း စွာ ရောက် ရ ကြ လျှင် ဘု ရား တ ရား မဲ့ သူ တို့ နှင့် အ ပြစ် သား တို့၌ မည် သို့ ဖြစ် ပျက် အံ့ နည်း။ Judson Bible ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခဲသည်မှန်လျှင်၊ ဘုရားသခင်ကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူသည် အဘယ်မှာ ပေါ်လိမ့်မည်နည်း။- မြန်မာ့စံမီသမ္မာကျမ်း ထို့အတူ ဖြောင့်မတ်သောသူပင် ခဲယဉ်းစွာ ကယ်တင်ခြင်းခံရသည်ဆိုလျှင် ဘုရားတရားမဲ့သောသူနှင့်အပြစ်သားတို့သည် မည်သို့ဖြစ်သွားမည်နည်း။ |
အခွန်ကောက်သူများနှင့် အပြစ်သားများသည် ယေရှု၏သွန်သင်ချက်ကို နားထောင်ရန် ယေရှုအနီးသို့ ချဉ်းကပ်လာကြ၏။
စိမ်းစိုသောသစ်ပင်ကို ဤသို့ပြုကြလျှင် ထိုအပင် ခြောက်သွေ့သောအခါ၌ မည်သို့ဖြစ်လိမ့်မည်နည်း” ဟု မိန့်တော်မူ၏။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
‘ပေါလု… မကြောက်နှင့်။ သင်သည်ဆီဇာဘုရင်ရှေ့မှောက်သို့ ဝင်ရမည်။ ထို့ပြင် ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်သောသူရှိသမျှတို့အား အသက်ဘေးမှ လွတ်ခွင့်ကိုလည်း ပေးတော်မူပြီ’ ဟု ဆို၏။
ထိုအခါ ပေါလုက တပ်မှူးနှင့် စစ်သားများအား “ဤလူတို့သည် သင်္ဘောပေါ်တွင် မနေလျှင် သင်တို့သည်လည်း ဘေးလွှတ်နိုင်မည်မဟုတ်ပါ” ဟု ပြောလေ၏။
ဘုရားသခင်သည် သမ္မာတရားကို မတရားမှုဖြင့် ဖုံးကွယ်တားဆီးကြသော ဘုရားတရားမဲ့သူများနှင့် ဆိုးယုတ်သူများအား မိမိ၏ အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြတော်မူ၏။
ကျွန်ုပ်တို့အားကိုးရာမဲ့ ဖြစ်လျက်ရှိနေကြစဉ် အချိန်တန်၍ ခရစ်တော်သည် ဘုရားတရားမဲ့သူများအတွက် အသေခံတော်မူ၏။
သို့သော် ကျွန်ုပ်တို့ အပြစ်သားများဖြစ်နေစဉ်ကပင် ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ခရစ်တော်ကို အသေခံရန် စေလွှတ်တော်မူခြင်းအားဖြင့် သူ၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား သက်သေပြတော်မူ၏။
ထို့ကြောင့် မိမိကိုယ်ကိုယ် ခိုင်ခံ့စွာ ရပ်နေသည်ဟု ထင်လျှင် မလဲကျစေရန် သတိပြုပါ။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် ဖြောင့်မတ်သူတို့အတွက် ချမှတ်ထားသည်မဟုတ်ဘဲ ပညတ်တရားကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရားမကိုင်းရှိုင်းသူများ၊ မိဘကို သတ်သူများ၊ လူသတ်သမားများ၊
ထို့ကြောင့် ဘုရားသခင်၏စံမြန်းနားခိုရာသို့ ဝင်ရမည့် ကတိတော်တည်ဆဲဖြစ်လျက်နှင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိုဝင်ခွင့်ကို မဆုံးရှုံးမိစေရန် သတိပြုကြစို့။
သင်တို့ကို မဆန့်ကျင်သည့်ဖြောင့်မတ်သောသူတို့ကို သင်တို့သည် အပြစ်စီရင်၍ သတ်ကြပြီ။
မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိနှင့် စောင့်ကြလော့။ သင်တို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟိန်းဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။
ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် ယခုလက်ရှိ ကောင်းကင်နှင့် မြေကြီးကို မီးနှင့် တရားစီရင်မည့်နေ့တိုင်အောင် ဆက်လက်တည်ရှိစေတော်မူ၏။ ထိုနေ့၌ ကောင်းကင်နှင့် မြေကြီးသည် မီးနှင့် ဖျက်ဆီးခြင်းကို ခံရ၍ ဘုရားတရားမဲ့သောသူတို့သည်လည်း ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
လူအပေါင်းတို့ကို တရားစီရင်တော်မူလိမ့်မည်။ ဘုရားတရားမဲ့သောသူတို့၏ ဘုရားတရားမဲ့သောအပြုအမူတိုင်းအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ကြမ်းတမ်းစွာ ပြောဆိုခြင်းအတွက်လည်းကောင်း ပြစ်ဒဏ်စီရင်တော်မူရန်ဖြစ်သည်” ဟူ၍ ပရောဖက်ပြုဟောပြောခဲ့၏။