Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 23:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 စိမ်းစိုသော​သစ်ပင်​ကို ဤသို့​ပြုကြ​လျှင် ထို​အပင် ခြောက်သွေ့​သောအခါ​၌ မည်သို့​ဖြစ်လိမ့်မည်နည်း” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 စိမ်း​စို​သော​အ​ပင်​ကို​ဤ​သို့​ပြု​ကြ​ပါ​မူ အ​ပင်​သည်​ခြောက်​သွေ့​သော​အ​ခါ​မည်​သို့ ဖြစ်​လိမ့်​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 သစ် ပင်၌ ထို သို့ ပြု ကြ လျှင် သစ် တုံး၌ မည် သို့ ဖြစ် မည် နည်း ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 အ​ကြောင်း​မူ​ကား၊ စိမ်း​သော​အ​ပင်​ကို ဤ​သို့​ပြု​ကြ​လျှင်၊ ခြောက်​သော​အ​ပင်၌ အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​နည်း​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 အကြောင်းမူကား သူ​တို့​သည် စိမ်းစို​သော​အပင်​ကို ဤသို့​ပြု​ကြ​လျှင် ခြောက်သွေ့​သော​အပင်​၌ မည်သို့​ဖြစ်​လိမ့်မည်​နည်း”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

31 အ​ကြောင်း​မူ​ကား၊ စိမ်း​သော​အ​ပင်​ကို ဤ​သို့​ပြု​ကြ​လျှင်၊ ခြောက်​သော​အ​ပင်၌ အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​နည်း​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 23:31
13 ပူးပေါင်းရင်းမြစ်များ  

ထို​အရှင်​သည် မိမိ​၏​ဆန်ကော​ဖြင့် ဂျုံစပါး​ထဲမှ​အဖျင်း​ကို လှေ့​ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်း​ကို ရှင်းလင်း​၍ ဂျုံစပါး​ကို ကျီ​တွင် စုသိမ်း​ကာ အဖျင်း​ကိုမူ မငြိမ်းနိုင်သော​မီး​နှင့် ရှို့တော်မူ​လိမ့်မည်” ဟု ဆိုလေ၏။


ထို့နောက် လူတို့​က တောင်များ​ကို ‘ငါတို့​အပေါ်​ပြိုကျပါ’ ဟူ၍​လည်းကောင်း၊ တောင်ကုန်းများ​ကို ‘ငါတို့​အား​ဖုံးအုပ်ကြပါ’ ဟူ၍​လည်းကောင်း ပြောဆိုကြ​လိမ့်မည်။


လူတို့​သည် အခြားသော ရာဇဝတ်သား​နှစ်ဦး​ကိုလည်း ကိုယ်တော်​နှင့်အတူ သေဒဏ်ပေး​ရန် ခေါ်ဆောင်သွားကြ၏။


ငါ​၌ မတည်သော​သူ​သည် အကိုင်းအခက်​ကဲ့သို့ အပြင်​သို့ လွှင့်ပစ်ခြင်း​ကို ခံရ​၍ ခြောက်သွေ့​သွားရ၏။ ထိုကဲ့သို့ အသုံးမဝင်သော​အကိုင်းအခက်များ​ကို လူတို့​သည် စုပုံ​၍ မီးရှို့တတ်ကြ၏။


သို့သော် ဆူးပင်​အမျိုးမျိုး​ကို​သာ ပေါက်ပွားစေ​လျှင် ထို​မြေ​သည် အသုံး​မဝင်ဘဲ ကျိန်ခြင်း​ခံရ​ပြီး အဆုံး​တွင် မီးရှို့​ခံရ​လိမ့်မည်။


သူတို့​သည် သင်တို့​၏ ချစ်ခြင်းမေတ္တာ​ပွဲ​တွင် သင်တို့​နှင့်အတူ စားသောက်​သောအခါ မရှက်ကြောက်ဘဲ ကိုယ့်​အဖို့​သာ ဂရုစိုက်​၍ ပွဲ​၌ အန္တရာယ်​ရှိသော​ငုတ်ချွန်များ ဖြစ်ကြ၏။ သူတို့​သည် လေတိုက်​၍ လွင့်သည့် မိုးရေ​မပါသော တိမ်များ​နှင့်​တူ၏။ အမြစ်​မှ ဆွဲနှုတ်ခံရ​၍ နှစ်ခါပြန်​သေရသော အသီး​မသီးသည့်​ဆောင်းဦး​သစ်ပင်​နှင့်​တူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ