အပျော်အပါးလိုက်စား၍ သောက်စားမူးယစ်ခြင်း၊ လောကီဘဝအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်းစေရန် သတိပြုကြလော့။ ထိုသို့မဟုတ်ပါက ထိုနေ့ရက်သည် ထောင်ချောက်ကဲ့သို့ သင်တို့အပေါ် ရုတ်တရက်ကျရောက်လာလိမ့်မည်။
၁ ပေ 2:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်ရသောသူတို့… သင်တို့သည် ခေတ္တတည်းခိုသူဧည့်သည်များဖြစ်သည့်အားလျော်စွာ သင်တို့၏စိတ်ဝိညာဉ်အား ဆန့်ကျင်တိုက်ခိုက်နေသော လူ့ဗီဇစိတ်အလိုကို မလိုက်ရန် ကျွန်ုပ်တိုက်တွန်း၏။ Common Language Bible ချစ်ဆွေတို့၊ သင်တို့သည်ဤလောကတွင်ဧည့် သည်အာဂန္တုအဖြစ်နှင့် မိမိတို့အားအမြဲ စစ်ပြိုင်တိုက်ခိုက်လျက်နေသောကာယတပ် မက်မှုများကိုအရှုံးမပေးရန် ငါတိုက်တွန်း နှိုးဆော်၏။- Garrad Bible ချစ် သူ တို့ သင် တို့ သည် ဧည့် သည် အာ ဂ န္တု များ ဖြစ် ကြ သည့် အ တိုင်း နာမ် သက် နှင့် တိုက် လှန် သော ရုပ် ခ န္ဓာ့ ဆိုင် ရာ တပ် မက် ခြင်း များ ကို ချုပ် တည်း လျက် Judson Bible ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။- မြန်မာ့စံမီသမ္မာကျမ်း ချစ်ရသောသူတို့၊ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကိုဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများကို ရှောင်ကြဉ်ကြရန် ငါတိုက်တွန်းနှိုးဆော်ပါ၏။ |
အပျော်အပါးလိုက်စား၍ သောက်စားမူးယစ်ခြင်း၊ လောကီဘဝအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်းစေရန် သတိပြုကြလော့။ ထိုသို့မဟုတ်ပါက ထိုနေ့ရက်သည် ထောင်ချောက်ကဲ့သို့ သင်တို့အပေါ် ရုတ်တရက်ကျရောက်လာလိမ့်မည်။
ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် သွေးကို စားသုံးခြင်းတို့မှရှောင်ကြဉ်ရန်သာ စာရေး၍ မှာကြားသင့်ကြောင်း ကျွန်ုပ်ယူဆပါ၏။
သင်တို့သည် ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ သွေးကို စားသုံးခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် တရားနှင့်မညီသော မေထုန်ပြုခြင်းကို ရှောင်ကြဉ်ရမည်။ သင်တို့သည် ထိုအရာများနှင့် ကင်းရှင်းလျှင် ကောင်း၏။ ကျန်းမာကြပါစေ။ ဟု ရေးသားထား၏။
ထို့ကြောင့် ချစ်သောညီအစ်ကိုမောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့ကို ထောက်ရှု၍ သင်တို့ကို ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ သင်တို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်လက်ခံနိုင်ဖွယ်ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သောယဇ်အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့ဆက်ကပ်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်ခြင်းဖြစ်၏။
သို့သော်လည်း ကျွန်ုပ်၏စိတ်က နှစ်သက်သောသဘောတရားနှင့် ဆန့်ကျင်တိုက်ခိုက်နေသည့် အခြားသဘောတရားတစ်ခုသည် ကျွန်ုပ်အတွင်း၌ ရှိနေ၏။ ထိုသဘောတရားက ကျွန်ုပ်အတွင်း၌ ကိန်းအောင်းလျက် ရှိနေသေးသော အပြစ်တရား၏လက်အောက်သို့ ကျရောက်စေသည်ကို ကျွန်ုပ်မြင်ရ၏။
သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်လျှင် သေကြရလိမ့်မည်။ သို့သော် လူ့ဗီဇစိတ်၏ အကျင့်တို့ကို ဝိညာဉ်တော်အားဖြင့် အဆုံးသတ်လျှင်မူ အသက်ရှင်ကြလိမ့်မည်။
ထိုသို့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သံတမန်များဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်လျက် ရှိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့” ဟု ခရစ်တော်၏ ကိုယ်စား သင်တို့ကို ကျွန်ုပ်တို့အနူးအညွတ်မေတ္တာရပ်ခံကြ၏။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၌ ဘုရားသခင်ပေးတော်မူသော အထက်ပါကတိတော်များရှိသောကြောင့် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ညစ်ညမ်းစေသောအရာတို့မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ၍ ဘုရားသခင်ကို ရိုသေသောအားဖြင့် လုံးဝသန့်ရှင်းစေကြစို့။
ယေရှုခရစ်တော်၏ လူတို့သည် လူ့ဗီဇစိတ်ကို ထိုဗီဇစိတ်၏ ပြင်းပြခြင်း၊ တပ်မက်ခြင်းတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ကြလေပြီ။
သို့ဖြစ်၍ သင်တို့သည် တိုင်းတစ်ပါးသားနှင့် ဧည့်သည်များ မဟုတ်တော့ဘဲ ယုံကြည်သူများနှင့် တစ်ပြည်တည်းသား ဖြစ်၍ ဘုရားသခင်၏ မိသားစုဝင်များ ဖြစ်ကြ၏။
သခင်ဘုရား၏ အမှုတော်ကို ထမ်းရွက်သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်သည် သင်တို့ကို တိုက်တွန်းနှိုးဆော်လိုသည်မှာ ရွေးချယ်တော်မူခြင်းခံရသည်နှင့်အညီ ထိုရွေးချယ်တော်မူခြင်းနှင့် သင့်လျော်စွာ ပြုမူနေထိုင်ကြရန် ဖြစ်၏။
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်စိတ်ကို ရှောင်ကြဉ်၍ ဖြူစင်သောနှလုံးသားဖြင့် ဘုရားသခင်ကို ဝတ်ပြုဆုတောင်းသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ရှိရန် အမြဲကြိုးစားလော့။
ဤလူအပေါင်းတို့သည် ယုံကြည်လျက် သေလွန်ကြ၏။ သူတို့သည် ဘုရားသခင်ကတိပြုတော်မူသည့်အရာများကို မရရှိခဲ့သော်လည်း အဝေးကပင် မြင်၍ ကြိုဆိုခဲ့ကြ၏။ သူတို့သည် ဤလောကတွင် ခေတ္တတည်းခိုသူများ၊ ဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။
ချစ်ရသောသူတို့… ဤသို့ ကျွန်ုပ်တို့ပြောဆိုသော်လည်း သင်တို့မှာမူ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် ပို၍ကောင်းသောအရာများ ရှိကြသည်ကို ကျွန်ုပ်တို့အခိုင်အမာယုံကြည်ကြ၏။
မည်သည့်အကြောင်းကြောင့် သင်တို့ထဲတွင် စစ်ပွဲများနှင့် ရန်ပွဲများဖြစ်ကြသနည်း။ သင်တို့ကိုယ်ခန္ဓာထဲ၌ ဆန့်ကျင်တိုက်ခိုက်နေသော အပျော်အပါးလိုက်စားလိုသည့်ဆန္ဒများကြောင့် ဖြစ်ကြသည်မဟုတ်လော။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ တမန်တော်ပေတရုဖြစ်၏။ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှပြည်၊ ဗိသုနိပြည်တို့တွင် ကွဲလွင့်ပျံ့နှံ့လျက် ဧည့်သည်များအဖြစ် နေထိုင်ကြသည့် ဘုရားသခင်ရွေးချယ်တော်မူသော လူများထံသို့ ကျွန်ုပ်စာရေးလိုက်၏။
လူတစ်ဦးစီ၏ အပြုအမူအပေါ် အခြေခံ၍ သမာသမတ်ကျစွာ တရားစီရင်တော်မူသော ဘုရားသခင်ထံ သင်တို့ဆုတောင်းသောအခါ အဖဟု ခေါ်သောကြောင့် ဤလောက၌ ဧည့်သည်အဖြစ် နေထိုင်ရသောနေ့ရက်များတွင် ထိုအရှင်ကို ကြောက်ရွံ့ရိုသေကြလော့။
ချစ်ရသောသူတို့… သင်တို့ကို စမ်းသပ်ရန်အတွက် ယခုသင်တို့ကြီးမားသောဆင်းရဲဒုက္ခခံရသည်ကို ထူးဆန်းသည့်အရာဖြစ်ပျက်နေသည်ဟူ၍ ထင်မှတ်ကာ မအံ့ဩကြနှင့်။
ဤသည်မှာ လောကတွင် အသက်ရှင်နေထိုင်ရမည့်ကျန်ရှိသောအချိန်၌ လူ့တပ်မက်မှုအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ရန်ဖြစ်၏။
ချစ်ရသောသူတို့… ယခု ဤစာသည် သင်တို့ထံသို့ ကျွန်ုပ်ရေးလိုက်သောဒုတိယမြောက်စာဖြစ်၏။ စာနှစ်စောင်လုံးတွင် သင်တို့အား ရိုးသားမှန်ကန်စွာ တွေးခေါ်နိုင်ရန် သတိပေး၍ လှုံ့ဆော်ရေးသားထား၏။