ရောမ 7:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း23 သို့သော်လည်း ကျွန်ုပ်၏စိတ်က နှစ်သက်သောသဘောတရားနှင့် ဆန့်ကျင်တိုက်ခိုက်နေသည့် အခြားသဘောတရားတစ်ခုသည် ကျွန်ုပ်အတွင်း၌ ရှိနေ၏။ ထိုသဘောတရားက ကျွန်ုပ်အတွင်း၌ ကိန်းအောင်းလျက် ရှိနေသေးသော အပြစ်တရား၏လက်အောက်သို့ ကျရောက်စေသည်ကို ကျွန်ုပ်မြင်ရ၏။ အခန်းကိုကြည့်ပါ။Common Language Bible23 သို့သော်ငါ၏ကိုယ်ခန္ဓာအတွင်း၌ ငါ၏စိတ်က နှစ်သက်သည့်သဘောတရားနှင့်ဆိုင်ပြိုင်တိုက် ခိုက်လျက်နေသည့်အခြားသဘောတရားတစ်ခု ရှိ၏။ ထိုသဘောတရားသည်ငါ၏အတွင်း၌ ထကြွလှုပ်ရှား၍ ငါ့အားအပြစ်တရား၏ လက်သို့အပ်နှံသည်ကိုငါမြင်ရ၏။- အခန်းကိုကြည့်ပါ။Garrad Bible23 ငါ့ ကိုယ် အင်္ဂါ အ များ၌ ရှိ သော အ ပြစ် တ ရား အောက် သို့ ငါ့ ကို သုံ့ ဘမ်း သော တ ရား တစ် မျိုး သည် ကိုယ် အင်္ဂါ များ၌ ရှိ ကြောင်း ငါ သိ၏။ အခန်းကိုကြည့်ပါ။Judson Bible23 သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကို ဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ငါ၏ကိုယ်အင်္ဂါများ၌ အခြားသောတရားရှိ၍ ၎င်းတို့သည် ငါ့စိတ်နှလုံး၏တရားနှင့် တိုက်ခိုက်လျက်နေသဖြင့် ငါ၏ကိုယ်အင်္ဂါများ၌ရှိသည့် အပြစ်နှင့်ဆိုင်သောတရားအားဖြင့် ငါ့ကိုဖမ်းဆီးချုပ်နှောင်ထားသည်ကို ငါမြင်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ လူ့သဘာဝအားနည်းချက်ကြောင့် ဤအကြောင်းအရာကို သင်တို့နားလည်စေရန် ကျွန်ခံခြင်းဥပမာကို ကျွန်ုပ်အသုံးပြုရခြင်းဖြစ်၏။ ယခင်က သင်တို့သည် စက်ဆုပ်ညစ်ညမ်းခြင်းနှင့် တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် မိမိတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆက်သ၍ ပိုမိုကြီးလေးသောအပြစ်ကို ကျူးလွန်ကြ၏။ ယခုတွင်မူ သင်တို့သည် သန့်ရှင်းသောသူများဖြစ်လာကြစေရန် ဖြောင့်မတ်ခြင်းတရား၏ကျွန်အဖြစ် အပ်နှံကြလော့။
သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သင်တို့သည် သေရာမှ ပြန်ရှင်လာသောသူများဖြစ်ကြသောကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည့်လက်နက်အဖြစ် ဆက်သကြလော့။