Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 1:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 လူ​တစ်ဦးစီ​၏ အပြုအမူ​အပေါ် အခြေခံ​၍ သမာသမတ်ကျ​စွာ တရားစီရင်တော်မူသော ဘုရားသခင်​ထံ သင်တို့​ဆုတောင်း​သောအခါ အဖ​ဟု ခေါ်​သောကြောင့် ဤ​လောက​၌ ဧည့်သည်​အဖြစ် နေထိုင်ရသော​နေ့ရက်များ​တွင် ထို​အရှင်​ကို ကြောက်ရွံ့​ရိုသေကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ထို့​အ​ပြင်​လူ​ခပ်​သိမ်း​တို့​အား​မျက်​နှာ​ကြီး ငယ်​မ​လိုက်​ဘဲ​သူ​တို့​၏​အ​ကျင့်​အ​လျောက် တ​ရား​စီ​ရင်​တော်​မူ​တတ်​သော​ဘု​ရား​သ​ခင် ထံ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ သင် တို့​သည်​ကိုယ်​တော်​အား​အ​ဖ​ဟု​ခေါ်​လျက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ သို့​ဖြစ်​၍​ဤ လော​က​တွင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး​ထို​အ​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​ကြ လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17-19 ၎င်း ပြင် လူ အ သီး သီး တို့ အ ကျင့် အ တိုင်း မျက် နှာ မ ငဲ့ ဘဲ စီ ရင် ဆုံး ဖြတ် တော် မူ သော အ ရှင့် ထံ အ ဘ ခ မည်း တော် အ နေ နှင့် သင် တို့ ပ ဌာ နာ ပြု ကြ လျှင် မိ ရိုး ဖ လာ ထုံး နည်း အ လိုက် အ ချည်း အ နှီး သော အ ကျင့် အ ကြံ များ မှ ပျက် စီး တတ် သော ရွှေ ငွေ မ ဟုတ် ကြန် အင် မ ယွင်း စုံ လင် သော သိုး သား ငယ် သ ဘွယ် ခ ရစ် တော်၏ အ သွေး တော် မြတ် ဖြင့် သင် တို့ ကို ရွေး နုတ် တော် မူ ကြောင်း ကို သိ သည့် အ လျောက် တည်း ခို ရာ ကာ လ အ တွင်း ခန့် ညား စွာ ကျင့် ကြံ ပြု မူ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 လူ​မျက်​နှာ​ကို​မ​ငဲ့၊ ခပ်​သိမ်း​သော​သူ​တို့၏ အ​ကျင့်​အ​တိုင်း စီ​ရင်​တော်​မူ​သော​ခ​မည်း​တော်​ကို သင်​တို့​သည် ဆု​တောင်း​ကိုး​ကွယ်​လျှင်၊ ဧည့်​သည်​ဖြစ်​စဉ်​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​သော​စိတ်​နှင့် ကျင့်​နေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သင်​တို့​သည် လူ​တို့​အား မျက်နှာလိုက်​ခြင်း​မ​ရှိ​ဘဲ တစ်ဦးစီ​တို့​ပြု​သော​အမှု​အတိုင်း တရား​စီရင်​တော်မူ​သော​အရှင်​ကို အဖ​ဟု​ခေါ်​ကြ​လျှင် ဤ​လောက​တွင် ဧည့်သည်​အဖြစ်​နေထိုင်​စဉ်​ကာလ​တစ်လျှောက်လုံး ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အသက်ရှင်​နေထိုင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 1:17
33 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။


ထို့နောက် သူတို့​၏​တပည့်များ​ကို ဟေရုဒ်​ဘက်တော်သားများ​နှင့်တကွ ယေရှု​ထံတော်သို့ စေလွှတ်​၍ “ဆရာတော်… ဆရာတော်​သည် ဖြောင့်မှန်သော​သူ​ဖြစ်ပြီး ဘက်မလိုက်တတ်ကြောင်း အကျွန်ုပ်တို့​သိကြပါ၏။ ဆရာတော်​သည် လူ့​မျက်နှာ​ကို မထောက်ဘဲ ဘုရားသခင်​၏​တရားလမ်း​အား မှန်ကန်​စွာ သွန်သင်တတ်ပါ၏။


ထို့ကြောင့် ဤသို့ ဆုတောင်းကြလော့။ ကောင်းကင်ဘုံ​၌ ရှိတော်မူသော အကျွန်ုပ်တို့​၏ အဖ… ကိုယ်တော်​၏​အမည်​နာမတော်​အား ရိုသေလေးမြတ်​ကြပါစေသော။


မှန်ပေ၏။ သူတို့​သည် ခရစ်တော်​ကို မယုံကြည်​သောကြောင့် ခုတ်ဖြတ်ခြင်း​ခံရ​ပြီး သင်​ကမူ ယုံကြည်​သောကြောင့် တည်နေ၏။ ထို့ကြောင့် မာန​မထောင်လွှားဘဲ ကြောက်ရွံ့လော့။


ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


ထို့ကြောင့် ကျွန်ုပ်တို့​သည် အစဉ် စိတ်ချ​ယုံကြည်မှု​ရှိကြ၏။ ဤ​ခန္ဓာ​၌ ရှိနေ​သရွေ့ သခင်ဘုရား​၏ အိမ်တော်​နှင့် ဝေးကွာကြောင်း​ကိုလည်း သိကြ၏။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​၌ ဘုရားသခင်​ပေးတော်မူသော အထက်ပါ​ကတိတော်များ​ရှိ​သောကြောင့် ကိုယ်ခန္ဓာ​နှင့် စိတ်ဝိညာဉ်​ကို ညစ်ညမ်းစေသော​အရာတို့​မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ​၍ ဘုရားသခင်​ကို ရိုသေသော​အားဖြင့် လုံးဝ​သန့်ရှင်းစေကြစို့။


ဘုရားသခင်​၏ အလိုတော်​နှင့်​ညီသော ဝမ်းနည်းခြင်း​သည် သင်တို့​အထဲတွင် မည်သည့်​အရာများ ဖြစ်ပေါ်စေသည်​ကို ကြည့်လော့။ မှန်သော​အရာ​ကို လုပ်ဆောင်​ရန် ကြိုးစား​အားထုတ်ကြလေပြီ။ အပြစ်ကင်းကြောင်း ချေပ​လိုကြလေပြီ။ မိမိတို့​၏​အပြစ်​အတွက် ယူကျုံးမရ​ဖြစ်ကြလေပြီ။ အလွန်​ကြောက်ရွံ့ကြလေပြီ။ အလွန်​တောင့်တကြလေပြီ။ အလွန်​စိတ်အား​ထက်သန်ကြလေပြီ။ အပြစ်​ရှိသူ​အား ပြစ်ဒဏ်ပေး​ရန် အသင့်​ဖြစ်ကြလေပြီ။ ဤ​အမှု​၌ သင်တို့​သည် မိမိကိုယ်ကိုယ် အပြစ်ကင်းကြောင်း အဘက်ဘက်​မှ ပြသကြပြီ​ဖြစ်၏။


ထို​ခေါင်းဆောင်များ​သည် ယခင်က မည်ကဲ့သို့သော​သူ​ပင် ဖြစ်ခဲ့ပါစေ ကျွန်ုပ်​အတွက် အရေးမကြီးပေ။ ဘုရားသခင်​သည် မျက်နှာ​လိုက်တော်​မမူတတ်။ ထို​သူတို့​သည် ကျွန်ုပ်​၏ ဟောပြောခြင်း​အပေါ် မည်သည့်​အရာ​မျှ မဖြည့်စွက်ခဲ့ကြပေ။


ကျွန်ုပ်​ဆုတောင်းသည်​က ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ဘုရားသခင် ဖြစ်တော်မူသည့် ဘုန်းကြီးသော အဖ​ခမည်းတော်​သည် ဝိညာဉ်ရေးရာ​ဉာဏ်ပညာ​နှင့် ဗျာဒိတ်တော်​ကို သင်တို့​အား ပေးသနားတော်မူ​ရန် ဖြစ်၏။ သို့မှသာ သင်တို့​သည် ခမည်းတော်​အကြောင်း​ကို ပို​၍ သိကြမည် ဖြစ်၏။


ဤ​အကြောင်း​ကြောင့် ကျွန်ုပ်​သည် ကောင်းကင်ဘုံသား​နှင့် လောကီဘုံသားတို့​၏ အမျိုးအနွယ်​ကို ဖန်ဆင်းတော်မူသော အဖ​ဘုရားသခင်​ထံ ဒူးထောက်​လျက်


သခင်​ဖြစ်သူတို့… သင်တို့​သည်လည်း ကျွန်များ​ကို ထို​နည်းတူ ကောင်းမွန်​စွာ ဆက်ဆံကြလော့။ သူတို့​ကို မခြိမ်းခြောက်ကြနှင့်။ သင်တို့​နှင့် သင်တို့​ကျွန်များ​၏ သခင်​သည် ကောင်းကင်ဘုံ​တွင် ရှိတော်မူကြောင်း​နှင့် ထို​သခင်​သည် မျက်နှာ​မလိုက်တတ်ကြောင်း​ကို သိမှတ်ကြလော့။


ထို့ကြောင့် ချစ်ရသော​သူတို့… သင်တို့​သည် ကျွန်ုပ်​သင်တို့​နှင့်အတူ ရှိသော​အချိန်​၌​သာမက အထူး​သဖြင့် ယခု​ကျွန်ုပ်​မရှိသော​အချိန်​၌လည်း ဘုရားသခင်​ကို အမြဲတစေ နာခံခဲ့ကြ၏။ ထို​နည်းတူ ကြောက်ရွံ့​ရိုသေသော​စိတ်​ဖြင့် မိမိတို့​သည် ကယ်တင်​ခံရပြီးသော​သူများ​ဖြစ်ကြောင်း ပေါ်လွင်​စေရန် ကြိုးစား​အားထုတ်ကြလော့။


ဘုရားသခင်​သည် မျက်နှာလိုက်တော်မမူတတ်​သောကြောင့် မတရားမှု​ကို လုပ်ဆောင်သော​သူတို့​သည် မတရားမှု​၏ အကျိုးဆက်​ကို ပြန်လည်​ခံရ​လိမ့်မည်။


သို့ဖြစ်လျှင် ကျွန်ုပ်တို့​သည် မတုန်လှုပ်နိုင်သော​နိုင်ငံ​ကို ရရှိ​သဖြင့် ဘုရားသခင်​ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့​သည် ကြောက်ရွံ့​ရိုသေ​လျက် ဘုရားသခင်​နှစ်သက်တော်မူသည့်​အတိုင်း ဝတ်ပြုကြစို့။


ထို့ကြောင့် ဘုရားသခင်​၏​စံမြန်း​နားခိုရာ​သို့ ဝင်ရမည့် ကတိတော်​တည်ဆဲ​ဖြစ်​လျက်နှင့် မည်သူ​တစ်ဦးတစ်ယောက်မျှ ထို​ဝင်ခွင့်​ကို မဆုံးရှုံးမိစေ​ရန် သတိပြုကြစို့။


ချစ်ရသော​သူတို့… သင်တို့​သည် ခေတ္တ​တည်းခိုသူ​ဧည့်သည်များ​ဖြစ်သည့်​အားလျော်​စွာ သင်တို့​၏​စိတ်ဝိညာဉ်​အား ဆန့်ကျင်​တိုက်ခိုက်နေသော လူ့​ဗီဇစိတ်​အလို​ကို မလိုက်​ရန် ကျွန်ုပ်​တိုက်တွန်း၏။


ခရစ်တော်​ကို သင်တို့​၏ စိတ်နှလုံး​ထဲ၌ သခင်​အဖြစ် ရိုသေ​ကိုင်းရှိုင်းကြလော့။ တစ်စုံတစ်ယောက်​သည် သင်တို့​၏​မျှော်လင့်ခြင်း​နှင့်​ပတ်သက်​၍ မေးမြန်း​လျှင် ထို​သူ​အား ရှင်းလင်း​ဖြေဆို​ရန် အမြဲ​အသင့်​ရှိကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ