Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 2:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 တစ်ချိန်​က သင်တို့​သည် ဘုရားသခင်​၏​လူမျိုး​မဟုတ်​သော်လည်း ယခု သင်တို့​သည် ဘုရားသခင်​၏​လူမျိုး​ဖြစ်ကြပြီ။ တစ်ချိန်​က သင်တို့​သည် ကရုဏာတော်​ကို မခံစားရ​သော်လည်း ယခု​တွင် ကရုဏာတော်​ကို ခံစားကြရပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 အ​ခါ​တစ်​ပါး​က​ဘု​ရား​သ​ခင်​၏​လူ​စု​တော် မ​ဟုတ်​သူ​သင်​တို့​သည်​ယ​ခု​အ​ခါ​ကိုယ်​တော် ၏​လူ​စု​တော်​ဖြစ်​ကြ​ပြီ။ အ​ခါ​တစ်​ပါး​က သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ကို​မ​သိ​ရ​ကြ။ ယ​ခု​မှာ​မူ​ကိုယ်​တော်​၏ က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​ကြ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 အ ထက် က လူ မျိုး တော် မ ဟုတ် သော် လည်း ယ ခု ဘု ရား သ ခင့် လူ မျိုး တော် ဖြစ် ကြ၏။ အ ထက် က က ရု ဏာ တော် မ ခံ ရ ဘူး သော် လည်း ယ ခု ခံ ရ ကြ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 အ​ထက်​က အ​ပေါင်း​အ​သင်း​မ​ဟုတ်၊ ယ​ခု​တွင် ဘု​ရား​သ​ခင်၏ အ​ပေါင်း​အ​သင်း​ဖြစ်​ကြ၏။ က​ရု​ဏာ ကျေး​ဇူး​တော်​ကို အ​ထက်​က​မ​ခံ​ရ​သော်​လည်း ယ​ခု​တွင် ခံ​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သင်​တို့​သည် ယခင်​က လူမျိုး​တော်​မ​ဟုတ်​ခဲ့​သော်လည်း ယခု​အခါ ဘုရားသခင်​၏​လူမျိုး​တော်​ဖြစ်​ကြ​ပြီ။ ယခင်​က ကရုဏာ​တော်​ကို​မ​ခံစား​ခဲ့​ရ​သော်လည်း ယခု​အခါ ကရုဏာ​တော်​ကို​ခံစား​ရ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 2:10
10 ပူးပေါင်းရင်းမြစ်များ  

အစ္စရေးလူမျိုးတို့​သည် အမှန်ပင်​မသိကြသလော​ဟု ကျွန်ုပ် ထပ်မံ၍ မေးလို၏။ အမှန်​ပင် သိကြ၏။ အဘယ်ကြောင့်ဆိုသော် မောရှေ​ခေတ်ကာလ​၌ ဘုရားသခင်​က “ငါ​သည် လူမျိုးစု​ပင်​မဟုတ်သော လူတို့​အားဖြင့် သင်တို့​၌ မနာလိုစိတ်​ဖြစ်ပေါ်စေမည်။ ပညာမဲ့သော လူမျိုးခြားများ​အားဖြင့်​လည်း သင်တို့​ကို ဒေါသထွက်​စေမည်” ဟု မိန့်တော်မူ​သောကြောင့် ဖြစ်၏။


ယခင်က သင်တို့​သည် ဘုရားသခင်​ကို မနာခံခဲ့ကြ​သော်လည်း ယခု​တွင်မူ အစ္စရေးလူမျိုးတို့​၏ မနာခံခြင်း​ကြောင့် သင်တို့​သည် ဘုရားသခင်​၏​သနားကြင်နာခြင်း​ကို ခံရကြ၏။


အိမ်ထောင်​မပြုသေးသူများ​နှင့်​ပတ်သက်၍ သခင်ဘုရား​ထံမှ လာသော​ပညတ်​ကို ကျွန်ုပ်​မရ​သော်လည်း သခင်ဘုရား​၏ ကျေးဇူးတော်​ကို ခံစားရသည့် ယုံကြည်ထိုက်သူ​တစ်ဦး​အနေဖြင့် ကျွန်ုပ်​၏ ထင်မြင်ချက်​ကို ပေးပါမည်။


တစ်ချိန်က ကျွန်ုပ်​သည် ခရစ်တော်​ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများ​ကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်း​ကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထို​အချိန်​တွင် ကျွန်ုပ်​သည် ခရစ်တော်​ကို မယုံကြည်​သေး​သောကြောင့် ကျွန်ုပ်​ပြုသော​အမှု​သည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရား​သည် ကျွန်ုပ်​အပေါ် ကရုဏာ​ထားတော်မူ၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် ကရုဏာတော်​နှင့် ကျေးဇူးတော်​ကို ခံစား​လျက် လိုအပ်သည့်​အချိန်​၌ ကူညီမစတော်မူခြင်း​ခံရရန် ဘုရားသခင်​၏ ကျေးဇူးတော်​ရာဇပလ္လင်​သို့ ရဲရင့်​စွာ ချဉ်းကပ်ကြကုန်စို့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ