ထို့နောက် အစာရှောင်၍ ဆုတောင်းလျက် ထိုသူတို့အပေါ် လက်တင်ပြီးနောက် စေလွှတ်လိုက်ကြ၏။
၁ တိ 5:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အသင်းတော်ခေါင်းဆောင်တစ်ဦးကို လက်တင်မင်္ဂလာပေး၍ ခန့်အပ်ရာတွင် မည်သည့်အခါမျှ အလျင်စလိုမလုပ်နှင့်။ အခြားသူတို့ အပြစ်ကျူးလွန်ရာတွင် မပါဝင်နှင့်။ မိမိကိုယ်ကိုယ် ဖြူစင်သန့်ရှင်းစေလော့။ Common Language Bible မည်သူ့ကိုမျှသိက္ခာတင်မင်္ဂလာပေးရန်အလျင် စလိုမရှိနှင့်။ အခြားသူတို့အပြစ်ကူးရာ တွင်သင်မပါစေနှင့်။ သင်ကိုယ်တိုင်အပြစ် ကင်းအောင်နေလော့။ Garrad Bible မည် သူ့ အ ပေါ် တွင် မျှ အ ဆော တ လျင် လက် မ တင် နှင့်။ အ ခြား သူ တို့ အ ပြစ် များ နှင့် မ ဖက် စပ် ဘဲ၊ ကိုယ် ကို စင် ကြယ် အောင် စောင့် ထိန်း လော့။ Judson Bible အဘယ်သူ၏အပေါ်၌ လက်ကို အလျင်တဆောမတင်နှင့်။ သူတစ်ပါးအပြစ်၌ မဆက်ဆံနှင့်။ ကိုယ်ကိုကိုယ် စင်ကြယ်စေလော့။- မြန်မာ့စံမီသမ္မာကျမ်း မည်သူ့အပေါ်၌မျှ လက်တင်ခြင်းအမှုကို အလျင်စလိုမပြုနှင့်။ အခြားသူတို့၏အပြစ်၌လည်း ပါဝင်ခြင်းမရှိနှင့်။ သင့်ကိုယ်သင် ဖြူစင်သန့်ရှင်းအောင်စောင့်ထိန်းလော့။ |
ထို့နောက် အစာရှောင်၍ ဆုတောင်းလျက် ထိုသူတို့အပေါ် လက်တင်ပြီးနောက် စေလွှတ်လိုက်ကြ၏။
ဂျူးတို့သည် သူ့ကို ဆန့်ကျင်၍ ရှုတ်ချပြောဆိုကြသောအခါ ပေါလုသည် မိမိအဝတ်ပေါ်မှ ဖုန်မှုန့်ကို ခါချ၍ “သင်တို့၏အပြုအမှုအတွက် သင်တို့ပင် တာဝန်ခံရမည်။ ငါသည် ထိုအရာနှင့်ကင်းရှင်းပါ၏။ ယခုမှစ၍ လူမျိုးခြားတို့ထံ သွားမည်” ဟု ပြောလေ၏။
တစ်စုံတစ်ဦးသည် ထာဝရသေခြင်းနှင့် ကြုံတွေ့ပါက ထိုအရာသည် ကျွန်ုပ်၏တာဝန်မဟုတ်ကြောင်းကို ယနေ့ သင်တို့အား ကြွေးကြော်လိုက်ပြီ။
ထိုသူတို့ကို တမန်တော်များရှေ့တွင် ရပ်စေကြ၏၊ တမန်တော်တို့သည်လည်း ဆုတောင်းပေးကာ ထိုသူတို့အပေါ် လက်တင်ကြ၏။
ထိုသူတို့သည် ဦးစွာ စစ်ဆေးခံရမည်။ သူတို့၌ အပြစ်ဆိုဖွယ်မရှိလျှင် သင်းထောက်အဖြစ် ခန့်အပ်နိုင်၏။
သင်းအုပ်သည် အပြစ်ဆိုဖွယ်မရှိသူ၊ မယားတစ်ယောက်တည်းရှိသူ၊ ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။
သူသည် ယေရှုကို ယုံကြည်ခါစလူ မဖြစ်ရ။ ထိုသို့မဟုတ်ပါက သူသည် ဘဝင်မြင့်လျက် မာရ်နတ်ခံရသည့်ပြစ်ဒဏ်အတိုင်း ခံရလိမ့်မည်။
သင်၏အသက်ငယ်ရွယ်သည်ကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတို့တွင် ယုံကြည်သူတို့အတွက် စံနမူနာဖြစ်စေလော့။
ပရောဖက်ပြုဟောပြောခြင်းကြောင့် သင်းအုပ်တို့သည် သင့်အပေါ် လက်တင်မင်္ဂလာပေးသောအခါ သင်ရရှိသော ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
ထို့ကြောင့် သင့်အပေါ် ကျွန်ုပ်လက်တင်စဉ်က ဘုရားသခင် သင့်အား ပေးတော်မူသော ဆုကျေးဇူးကို ပြန်လည်တောက်လောင်စေရန် လှုံ့ဆော်လော့ဟု ကျွန်ုပ်သတိပေး၏။
အသိသက်သေများစွာ ရှေ့၌ ကျွန်ုပ်သွန်သင်သည့်အရာများကို သင်ကြားသိရ၏။ ထိုအရာများကို ယုံကြည်စိတ်ချရ၍ သွန်သင်တတ်သောသူတို့အား လက်ဆင့်ကမ်းလော့။
နှစ်ခြင်းမင်္ဂလာ၊ လက်တင်မင်္ဂလာပေးခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်း၊ ထာဝရတရားစီရင်ခြင်း စသည့် အခြေခံသွန်သင်ချက်တို့၌ ထပ်မံအခြေမပြုဘဲနေကြစို့။
ထိုသူတို့အား နှုတ်ခွန်းဆက်သောသူသည် ထိုသူ၏ ဆိုးညစ်သောအမှုတွင် ပါဝင်ရာရောက်၏။
ထို့နောက် ကောင်းကင်ဘုံမှ အခြားအသံကို ကျွန်ုပ်ကြားရသည်မှာ “ငါ၏လူမျိုးတို့… ထိုမြို့မှ ထွက်ခဲ့ကြလော့။ ဤသည်မှာ သင်တို့သည် ထိုမြို့၏ အပြစ်ကျူးလွန်မှု၌ မပါဝင်မိစေရန်နှင့် ထိုမြို့၌ ကျရောက်မည့် ဘေးဒဏ်ကို မခံရစေရန်ဖြစ်၏။