Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 3:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ထို​သူတို့​သည် ဦးစွာ စစ်ဆေးခံရမည်။ သူတို့​၌ အပြစ်ဆိုဖွယ်​မရှိ​လျှင် သင်းထောက်​အဖြစ် ခန့်အပ်​နိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သူ​တို့​အား​ဦး​စွာ​စစ်​ဆေး​၍​အ​ပြစ်​ကင်း​မှ အ​မှု​တော်​ဆောင်​ခွင့်​ပြု​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ထို သူ တို့ သည် စစ် ဆေး ခံ၍ အ ပြစ် ကင်း မှ ဆောင် ရွက် ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 သူ​တို့​သည်​လည်း ရှေ့​မ​ဆွ​က စုံ​စမ်း​ခြင်း​ကို ခံ​ကြ​စေ။ နောက်​မှ အ​ပြစ်​တင်​ခွင့်​နှင့်​ကင်း​လွတ်​လျှင်၊ သင်း​ထောက်​လုပ်​ကြ​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သူ​တို့​သည် စစ်ဆေး​ခြင်း​ကို​ဦးစွာ​ခံ​ပြီးမှ အပြစ်တင်​စရာ​မ​ရှိ​ပါက သင်းထောက်​အမှု​ကို​ဆောင်ရွက်​ကြ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 3:10
9 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာတော်မူမည့်​နေ့​တွင် သင်တို့​၌ အပြစ်​ကင်းနေ​စေရန်​အတွက် ကိုယ်တော်​သည် သင်တို့​ကို အဆုံး​တိုင်အောင် ခိုင်ခံ့မြဲမြံ​စေတော်မူ​လိမ့်မည်။


ယခု​တွင်မူ ကိုယ်တော်​သည် သွေးသား​နှင့် ဖွဲ့စည်းထားသော ခရစ်တော်​၏​ကိုယ်ခန္ဓာ​ကို အသေခံစေတော်မူခြင်း​အားဖြင့် သင်တို့​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်​စေတော်မူပြီ။ ဤသည်​မှာ သင်တို့​သည် သန့်ရှင်း​၍ အပြစ်အနာအဆာ​ကင်း​လျက် အပြစ်ဆိုဖွယ်​မရှိသောသူများ​အဖြစ် ရှေ့တော်​၌ ဆက်သ​နိုင်ရန် ဖြစ်၏။


မိမိ​တာဝန်​ကို ကောင်းစွာ ထမ်းဆောင်သော သင်းထောက်​သည် နာမည်ကောင်း​ရ​၍ ယေရှု​ခရစ်တော်​ကို ယုံကြည်သည့်​အကြောင်း ရဲဝံ့​စွာ ပြောနိုင်၏။


သင်းအုပ်​သည် အပြစ်ဆိုဖွယ်​မရှိသူ၊ မယား​တစ်ယောက်တည်း​ရှိသူ၊ ကိုယ်ကျင့်တရား​စောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။


သူ​သည် ယေရှု​ကို ယုံကြည်​ခါစ​လူ မဖြစ်ရ။ ထိုသို့​မဟုတ်​ပါက သူ​သည် ဘဝင်မြင့်​လျက် မာရ်နတ်​ခံရသည့်​ပြစ်ဒဏ်​အတိုင်း ခံရ​လိမ့်မည်။


အသင်းတော်​ခေါင်းဆောင်​တစ်ဦး​ကို လက်တင်​မင်္ဂလာပေး​၍ ခန့်အပ်​ရာတွင် မည်သည့်​အခါမျှ အလျင်စလို​မလုပ်နှင့်။ အခြား​သူတို့ အပြစ်ကျူးလွန်ရာ​တွင် မပါဝင်နှင့်။ မိမိ​ကိုယ်ကိုယ် ဖြူစင်သန့်ရှင်း​စေလော့။


ချစ်ရသော​သူတို့… ဝိညာဉ်တော်​အားဖြင့် ဟောပြောသည်​ဟု ပြောဆိုသူ​တိုင်း​ကို မယုံကြနှင့်။ ထို​ဝိညာဉ်တို့​သည် ဘုရားသခင်​ထံမှ လာသော​ဝိညာဉ်တော်​ဟုတ်မဟုတ်​ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်​အတုအယောင်​များစွာတို့​သည် ဤ​လောက​၌ ပေါ်လာကြ​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ