ပရောဖက်တစ်ပါးကို ဘုရားသခင်၏ကိုယ်စားလှယ်အဖြစ် လက်ခံသောသူသည် ပရောဖက်၏အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။ ဖြောင့်မတ်သောသူ၏ မျက်နှာကိုထောက်၍ ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ်သောသူ၏ အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။
၁ ကော 9:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ဤအမှုကို မိမိအလိုဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်လျှင် ဆုလာဘ်ကို ရသင့်၏။ သို့သော် ဘုရားသခင်က ဤတာဝန်ကို ကျွန်ုပ်ထံ ယုံယုံကြည်ကြည်အပ်နှံထားသောကြောင့် ဝတ္တရားရှိ၍ ဆောင်ရွက်ရခြင်းဖြစ်၏။ Common Language Bible အကယ်၍ငါသည်အလုပ်ကိုငါ၏ဆန္ဒ အလျောက်ရွေးချယ်လုပ်ကိုင်ပါမူ အခကြေး ငွေကိုစောင့်မျှော်နိုင်ပေသည်။ သို့ရာတွင်ဤ အလုပ်ကိုဘုရားသခင်ငါ့အားပေးအပ် ထားသဖြင့် ငါသည်ဝတ္တရားအနေဖြင့် လုပ်ဆောင်ရ၏။- Garrad Bible အ လို အ လျောက် ငါ ကြား ပြော လျှင် အ ကျိုး ရှိ လိမ့် မည်။ အ လို အ လျောက် မ ဟုတ် က ဘ ဏ္ဍာ စိုး ရာ ထူး ခံ ရ သူ ဖြစ် ၏။ Judson Bible သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက်လျှင် အကျိုးရှိ၏။ ကိုယ်အလိုကိုငြင်းဆန်၍ ဆောင်ရွက်လျှင် အရာတော်၌ ခန့်ထားသောသူဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအမှုကို ငါ၏ဆန္ဒအလျောက်ဆောင်ရွက်လျှင် ငါ့အတွက် ဆုလာဘ်ရှိ၏။ သို့သော် ငါ၏ဆန္ဒအလျောက်မဟုတ်လျှင်လည်း ဤစီမံခန့်ခွဲမှုကို ငါ၌ယုံကြည်အပ်နှံထားပြီဖြစ်၏။ |
ပရောဖက်တစ်ပါးကို ဘုရားသခင်၏ကိုယ်စားလှယ်အဖြစ် လက်ခံသောသူသည် ပရောဖက်၏အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။ ဖြောင့်မတ်သောသူ၏ မျက်နှာကိုထောက်၍ ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ်သောသူ၏ အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။
ထိုအခါ သခင်ဘုရားက “သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောစီမံခန့်ခွဲသူသည် မည်သူနည်း။ ထိုသူသည် အစေခံများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူဖြစ်၏။
ရိတ်သိမ်းသူသည် လုပ်အားခကို ရ၏။ သူသည် ထာဝရအသက်အတွက် သီးနှံတို့ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူနှင့် ရိတ်သိမ်းသူတို့သည် အတူတကွ ဝမ်းမြောက်ကြလိမ့်မည်။
မျိုးစေ့စိုက်သူနှင့် ရေလောင်းသူတို့သည် တူညီသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ကြပြီး မိမိတို့၏ ကြိုးပမ်းအားထုတ်မှုနှင့်အညီ ဆုလာဘ်ကို ရရှိကြလိမ့်မည်။
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်နှင့် အာပေါလုကို ခရစ်တော်၏ အစေခံများအဖြစ်လည်းကောင်း၊ ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာများကို စီမံခန့်ခွဲသူများအဖြစ်လည်းကောင်း မှတ်ယူကြလော့။
သို့သော်လည်း သတင်းကောင်းကို ဟောပြောခြင်းသည် ကျွန်ုပ်အတွက် ကြွားဝါစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၌ မဖြစ်မနေဟောပြောရမည့်တာဝန်ရှိသောကြောင့်ဖြစ်၏။ ထိုသတင်းကောင်းကို မဟောပြောလျှင် ကျွန်ုပ်သည် အမင်္ဂလာရှိ၏။
သို့ဖြစ်လျှင် ကျွန်ုပ်၏ ဆုလာဘ်မှာ မည်သည့်အရာဖြစ်သနည်း။ ဤအရာမှာ အခကြေးငွေမယူဘဲ သတင်းကောင်းကို ဟောပြောခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောသောအခါ ကျွန်ုပ်ရထိုက်သောအခွင့်အရေးကို အပြည့်အဝမတောင်းဆိုဘဲနေခြင်းဖြစ်၏။
သင်တို့လှူဒါန်းရန် စေတနာစိတ်ရှိလျှင် ဘုရားသခင်သည် သင်တို့၌ မရှိသောအရာကို မထောက်ဘဲ ရှိသောအရာကို ထောက်၍ သင်တို့၏ လှူဒါန်းခြင်းကို လက်ခံတော်မူလိမ့်မည်။
သို့သော် သူတို့သဘောပေါက်ကြသည်မှာ ပေတရုသည် ဂျူးလူမျိုးတို့ထံ သတင်းကောင်းကို ဟောပြောရန် တာဝန်ပေးအပ်ခံရသကဲ့သို့ ကျွန်ုပ်သည် လူမျိုးခြားတို့ထံ သတင်းကောင်းကို ဟောပြောရန် တာဝန်ပေးအပ်ခံရကြောင်း ဖြစ်၏။
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား အပြည့်အစုံဟောပြောရန် ကိုယ်တော်သည် သင်တို့အတွက် ကျွန်ုပ်အား တာဝန်ပေး၍ ခန့်ထားတော်မူသဖြင့် ကျွန်ုပ်သည် အသင်းတော်၏ အမှုဆောင်ဖြစ်လာ၏။
ထိုသို့ပြုမည့်အစား ဘုရားသခင်သည် ကျွန်ုပ်တို့အား ယုံကြည်ထိုက်သူများအဖြစ် လက်ခံတော်မူသည်နှင့်အညီ သတင်းကောင်း ဟောပြောရန်အတွက် တာဝန်ပေးတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် လူကို ကျေနပ်စေရန် မဟုတ်ဘဲ ကျွန်ုပ်တို့၏ စိတ်နှလုံးသားကို စစ်ဆေးတော်မူသော ဘုရားသခင်ကို ကျေနပ်စေရန် ဟောပြောကြ၏။
သို့သော် သင်၏ ခွင့်ပြုချက်မရဘဲ မည်သည့်အရာကိုမျှ ကျွန်ုပ်မပြုလိုပါ။ သို့မှသာ သင်ပေးသောအကူအညီသည် အတင်းအကျပ်စေခိုင်း၍ ကူညီရခြင်းမျိုးမဟုတ်ဘဲ ဆန္ဒအရကူညီခြင်း ဖြစ်လိမ့်မည်။