Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 2:4 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ထိုသို့​ပြုမည့်​အစား ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ယုံကြည်ထိုက်သူများ​အဖြစ် လက်ခံတော်မူသည်​နှင့်အညီ သတင်းကောင်း ဟောပြော​ရန်အတွက် တာဝန်ပေးတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့​သည် လူ​ကို ကျေနပ်​စေရန် မဟုတ်ဘဲ ကျွန်ုပ်တို့​၏ စိတ်နှလုံးသား​ကို စစ်ဆေး​တော်မူသော ဘုရားသခင်​ကို ကျေနပ်​စေရန် ဟောပြောကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ယင်း​သို့​ပြု​မည့်​အ​စား​သ​ခင်​ဘု​ရား​သည် ငါ​တို့​အား​ထိုက်​တန်​သူ​များ​အ​ဖြစ်​လက်​ခံ တော်​မူ​သ​ဖြင့် သ​တင်း​ကောင်း​ကြေ​ညာ​ရန် လွှဲ​အပ်​တော်​မူ​သည်​နှင့်​အ​ညီ​ငါ​တို့​သည် ကိုယ်​တော်​ဟော​ပြော​စေ​သည့်​အ​တိုင်း​အ​စဉ် ပင်​ဟော​ပြော​ကြ​၏။ ငါ​တို့​သည်​လူ​တို့​နှစ် သက်​မှု​ကို​ရ​ရန်​မ​ကြိုး​စား။ ငါ​တို့​စိတ် နှ​လုံး​ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​တတ် သော၊ ဘု​ရား​သ​ခင်​နှစ်​သက်​မှု​ကို​သာ လျှင်​ရ​ရန်​ကြိုး​စား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သ တင်း တော် မြတ် ကြား ပြော ခွင့် လွှဲ အပ် ရန် ဘု ရား သ ခင့် သ ဘော တော် ရှိ သည့် အ တိုင်း ငါ တို့ သည် လူ စိတ် နှင့် မ ဟုတ်။ ငါ တို့ နှ လုံး များ ကို စစ် ဆေး တော် မူ သော ဘု ရား သ ခင့် စိတ် တော် နှင့် တွေ့ ရန် ကြား ပြော ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ဧ​ဝံ​ဂေ​လိ​တ​ရား​ကို စောင့်​ထိုက်​သော​သူ​ဟု ငါ​တို့​ကို ဘု​ရား​သ​ခင် လက်​ခံ​တော်​မူ​သည်​နှင့်​အ​ညီ၊ လူ​ကို နှစ်​သက်​စေ​သ​ကဲ့​သို့ မ​ဟုတ်၊ ငါ​တို့​စိတ်​နှ​လုံး​ကို စစ်​ကြော​စုံ​စမ်း​တော်​မူ​သော ဘု​ရား​သ​ခင်​ကို နှစ်​သက်​စေ​သ​ကဲ့​သို့ ဟော​ပြော​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဘုရားသခင်​သည် ငါ​တို့​ကို​အသိအမှတ်ပြု​လျက် ကောင်းမြတ်​သော​သတင်း​ကို ငါ​တို့​၌​ယုံကြည်​အပ်နှံ​ထား​သည့်​အလျောက် ငါ​တို့​သည် လူ​တို့​ကို​နှစ်သက်​စေရန်​မ​ဟုတ်​ဘဲ ငါ​တို့​၏​စိတ်နှလုံး​ကို​စစ်ဆေး​တော်မူ​သော​ဘုရားသခင်​ကို နှစ်သက်​စေရန် ဟောပြော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 2:4
38 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သခင်ဘုရား​က “သစ္စာရှိ​၍ ပညာ​အလိမ္မာ​နှင့်​ပြည့်စုံသော​စီမံခန့်ခွဲသူ​သည် မည်သူနည်း။ ထို​သူ​သည် အစေခံများ​ကို အုပ်ချုပ်​ရန်​နှင့် အချိန်တန်​သောအခါ စားနပ်ရိက္ခာ​ကို ခွဲဝေ​စေရန် သခင်​ခန့်ထားသော​သူ​ဖြစ်၏။


သင်တို့​သည် လောကီ​စည်းစိမ်များ​နှင့်​ပတ်သက်၍ ယုံကြည်စိတ်ချရ​သူများ မဟုတ်ကြလျှင် စစ်မှန်သော​စည်းစိမ်များ​ကို သင်တို့​ထံ မည်သူ​အပ်နှံ​လိမ့်မည်နည်း။


ယေရှု​က “ယောဟန်​၏​သား​ရှိမုန်… သင်​သည် ငါ့​ကို ချစ်သလော” ဟု တတိယ​အကြိမ် မေးတော်မူ၏။ ဤသို့ “သင်​သည် ငါ့​ကို ချစ်သလော” ဟု သုံးကြိမ်​တိုင်တိုင် မေးတော်မူ​သဖြင့် ပေတရု​သည် စိတ်ထိခိုက်​၍ “သခင်… သခင်​သည် အရာ​အားလုံး​ကို သိတော်မူ၏။ အကျွန်ုပ်​သခင့်​ကို ချစ်ကြောင်း သခင်​သိပါ၏” ဟု လျှောက်၏။ ယေရှု​က “သို့ဖြစ်လျှင် ငါ့​သိုးတို့​ကို ကျွေးမွေးလော့။


စိတ်နှလုံး​ကို ဆန်းစစ်တော်မူသော ဘုရားသခင်​သည် ဝိညာဉ်တော် တောင်းလျှောက်နေသော​အရာ​ကို သိမြင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်​သည် ယုံကြည်သူများ​ဖြစ်သည့် ကျွန်ုပ်တို့​အတွက် ဘုရားသခင်​၏ အလိုတော်​အတိုင်း ကိုယ်စားပြု​ဆုတောင်းတော်မူ​သောကြောင့် ဖြစ်၏။


အိမ်ထောင်​မပြုသေးသူများ​နှင့်​ပတ်သက်၍ သခင်ဘုရား​ထံမှ လာသော​ပညတ်​ကို ကျွန်ုပ်​မရ​သော်လည်း သခင်ဘုရား​၏ ကျေးဇူးတော်​ကို ခံစားရသည့် ယုံကြည်ထိုက်သူ​တစ်ဦး​အနေဖြင့် ကျွန်ုပ်​၏ ထင်မြင်ချက်​ကို ပေးပါမည်။


ကျွန်ုပ်​သည် ဤ​အမှု​ကို မိမိ​အလိုဆန္ဒ​ကြောင့် ဆောင်ရွက်ခြင်း​ဖြစ်​လျှင် ဆုလာဘ်​ကို ရသင့်၏။ သို့သော် ဘုရားသခင်​က ဤ​တာဝန်​ကို ကျွန်ုပ်​ထံ ယုံယုံကြည်ကြည်​အပ်နှံထား​သောကြောင့် ဝတ္တရား​ရှိ​၍ ဆောင်ရွက်ရခြင်း​ဖြစ်၏။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


ကျွန်ုပ်တို့​သည် ဆိတ်ကွယ်ရာ​၌ ပြုသော ရှက်ရွံ့ဖွယ်​အမှုတို့​ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်​ကို မသုံးကြ။ ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကိုလည်း မှောက်လှန်​၍ မဟောပြောကြ။ ဘုရားသခင်​ရှေ့တော်​၌ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သူတို့​စိတ်​ထဲက သိနိုင်​ရန် အမှန်တရား​ကိုသာ အတိအလင်း​ဖော်ပြကြ၏။


ကျွန်ုပ်တို့​သည် အဘယ်ကြောင့် သခင်ဘုရား​ကို ကြောက်ရွံ့ရကြောင်း​ကို သိ​သဖြင့် အခြား​သူများ​အား ဘုရားသခင်​ထံတော်သို့ လှည့်ပြန်​ရန် တိုက်တွန်း​စည်းရုံးကြ၏။ ကျွန်ုပ်တို့​အကြောင်း​ကိုမူ ဘုရားသခင်​အကြွင်းမဲ့​သိတော်မူ​၍ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သင်တို့​၏ စိတ်​ထဲက အကြွင်းမဲ့​သိကြမည်​ဟု မျှော်လင့်၏။


ထို့ကြောင့် ယခု​မှစ၍ ကျွန်ုပ်တို့​သည် မည်သူ့​ကိုမျှ လောကီ​ရှုထောင့်​မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့​သည် ခရစ်တော်​ကို လောကီ​ရှုထောင့်​မှ အကဲဖြတ်ခဲ့ကြ​သော်လည်း ယခု​တွင်မူ ထိုသို့​အကဲမဖြတ်ကြတော့ပေ။


ကျွန်ုပ်​သည် လူတို့​၏ မျက်နှာသာ​ပေးခြင်း​ကို ရ​ရန် ကြိုးစားနေသလော။ ဘုရားသခင်​၏ မျက်နှာသာ​ပေးခြင်း​ကို ရ​ရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်​သဘောကျ​စေရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်​သဘောကျ​စေရန် ကြိုးစား​နေသေး​လျှင် ကျွန်ုပ်​သည် ခရစ်တော်​၏ အစေအပါး​တစ်ယောက် မဟုတ်ပေ။


သို့သော် သူတို့​သဘောပေါက်ကြသည်​မှာ ပေတရု​သည် ဂျူးလူမျိုးတို့​ထံ သတင်းကောင်း​ကို ဟောပြော​ရန် တာဝန်​ပေးအပ်​ခံရ​သကဲ့သို့ ကျွန်ုပ်​သည် လူမျိုးခြားတို့​ထံ သတင်းကောင်း​ကို ဟောပြော​ရန် တာဝန်​ပေးအပ်​ခံရကြောင်း ဖြစ်၏။


ကျွန်ုပ်​သည် ယုံကြည်သူများ​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်​သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​ကို ခံစားရ၏။ ဤသို့ ခံစားရခြင်း​သည် လူမျိုးခြားတို့​ကို ခရစ်တော်​၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်း​အကြောင်း ဟောပြော​ရန်​နှင့်


မျက်နှာသာ​ရ​ရန်​အတွက် သူတို့​ရှေ့​၌သာ နာခံသည် မဟုတ်ဘဲ ခရစ်တော်​၏ ကျွန်များ​ကဲ့သို့ ဘုရားသခင်​၏ အလိုတော်​အတိုင်း စိတ်ရောကိုယ်ပါ နာခံကြလော့။


ကျွန်​ဖြစ်သူတို့… အရာရာ​၌ သင်တို့​၏ လောကီ​သခင်​ကို နာခံကြလော့။ မျက်နှာသာ​ရ​ရန်​အတွက် သူ့​ရှေ့​၌သာ နာခံသည်​မဟုတ်ဘဲ သခင်ဘုရား​ကို ကြောက်ရွံ့​ရိုသေ​လျက် ရိုးသားသော​စိတ်​ဖြင့် နာခံကြလော့။


တိမောသေ… သင့်​ထံ အပ်နှင်းထားသည့်​အရာ​ကို စောင့်ရှောက်လော့။ ဘုရားတရား​မဲ့သည့် အကျိုး​မရှိသော​စကားများ​နှင့် အသိပညာ​ဟု လွဲမှား​စွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်​အယူအဆများ​ကို ရှောင်ကြဉ်လော့။


သင့်​ထံ၌ အပ်ထားသော​သတင်းကောင်း​တရား​ကို ကျွန်ုပ်တို့​ထဲ၌ ကိန်းဝပ်တော်မူသည့်​သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ကာကွယ်​စောင့်ရှောက်လော့။


အသိ​သက်သေ​များစွာ ရှေ့​၌ ကျွန်ုပ်​သွန်သင်သည့်​အရာများ​ကို သင်​ကြားသိရ၏။ ထို​အရာများ​ကို ယုံကြည်စိတ်ချရ​၍ သွန်သင်တတ်သော​သူတို့​အား လက်ဆင့်ကမ်းလော့။


ဘုရားသခင်​သည် အချိန်တန်​သောအခါ လူ​၏​ဟောပြောခြင်း​နည်း​ဖြင့် တရားတော်​ကို ထင်ရှားစေတော်မူ၏။ ကျွန်ုပ်​သည် ကယ်တင်ရှင်​ဘုရားသခင်​၏ အမိန့်တော်​ဖြင့် ဤ​တရားတော်​ကို ဟောပြော၏။


ဖန်ဆင်းတော်မူသော​အရာ​မှန်သမျှ​သည် ဘုရားသခင်​ရှေ့တော်​၌ ထင်ရှား၏။ ဘုရားသခင်​၏ မျက်မှောက်တော်​တွင် မထင်ရှားသည့်​အရာ တစ်စုံတစ်ခု​မျှ မရှိပေ။ ကျွန်ုပ်တို့​သည် မိမိတို့​၏​လုပ်ဆောင်ချက်များ​အတွက် ထို​အရှင်​ထံ ဝန်ခံ​ကြရမည်။


ဟောပြောသောသူ​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အတိုင်း ဟောပြော​ရမည်။ အစေခံသောသူ​သည် ဘုရားသခင်​ပေးတော်မူသော ခွန်အား​ရှိသည့်​အတိုင်း အစေခံ​ရမည်။ ဤသည်​မှာ ပြုလေသမျှတို့​၌ ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​ဘုန်းတော်​ထင်ရှား​ရန်​ဖြစ်၏။ ဘုရားသခင်​သည် အစဉ်​ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်​တို့​နှင့် ပြည့်စုံတော်မူ၏။ အာမင်။


ငါ​သည် သူ​၏​သားသမီးများ​ကို အသက်​ဆုံး​စေမည်။ ငါ​သည် လူတို့​၏​စိတ်နှလုံး​နှင့် အကြံအစည်​ကို​ဆန်းစစ်သောသူ​ဖြစ်ကြောင်း အသင်းတော်​အပေါင်းတို့​သည် သိကြ​လိမ့်မည်။ သင်တို့​အသီးသီး​၏​အကျင့်​နှင့်​အညီ ထိုက်သင့်သည့်​အတိုင်း ငါ​ပေးဆပ်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ