၁ ကော 9:17 - မြန်မာ့စံမီသမ္မာကျမ်း17 ထိုအမှုကို ငါ၏ဆန္ဒအလျောက်ဆောင်ရွက်လျှင် ငါ့အတွက် ဆုလာဘ်ရှိ၏။ သို့သော် ငါ၏ဆန္ဒအလျောက်မဟုတ်လျှင်လည်း ဤစီမံခန့်ခွဲမှုကို ငါ၌ယုံကြည်အပ်နှံထားပြီဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible17 အကယ်၍ငါသည်အလုပ်ကိုငါ၏ဆန္ဒ အလျောက်ရွေးချယ်လုပ်ကိုင်ပါမူ အခကြေး ငွေကိုစောင့်မျှော်နိုင်ပေသည်။ သို့ရာတွင်ဤ အလုပ်ကိုဘုရားသခင်ငါ့အားပေးအပ် ထားသဖြင့် ငါသည်ဝတ္တရားအနေဖြင့် လုပ်ဆောင်ရ၏။- အခန်းကိုကြည့်ပါ။Garrad Bible17 အ လို အ လျောက် ငါ ကြား ပြော လျှင် အ ကျိုး ရှိ လိမ့် မည်။ အ လို အ လျောက် မ ဟုတ် က ဘ ဏ္ဍာ စိုး ရာ ထူး ခံ ရ သူ ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible17 သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက်လျှင် အကျိုးရှိ၏။ ကိုယ်အလိုကိုငြင်းဆန်၍ ဆောင်ရွက်လျှင် အရာတော်၌ ခန့်ထားသောသူဖြစ်၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ကျွန်ုပ်သည် ဤအမှုကို မိမိအလိုဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်လျှင် ဆုလာဘ်ကို ရသင့်၏။ သို့သော် ဘုရားသခင်က ဤတာဝန်ကို ကျွန်ုပ်ထံ ယုံယုံကြည်ကြည်အပ်နှံထားသောကြောင့် ဝတ္တရားရှိ၍ ဆောင်ရွက်ရခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။