Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 3:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 လုပ်ဆောင်မှု တည်မြဲ​လျှင် ထို​ဆောက်လုပ်သူ​သည် ဆုလာဘ်​ကို ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 တိုက်​မြစ်​ပေါ်​တွင်​တည်​ဆောက်​သည့်​အ​ရာ​သည် ထို​မီး​၏​ဒဏ်​ကို​ခံ​နိုင်​လျှင်​တည်​ဆောက်​သူ​သည် အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 တည် ဆောက် ထား သူ၏ အ လုပ် တည် တံ့ လျှင် ထို သူ သည် အ မြတ် ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​တိုက်​မြစ်​အ​ပေါ်၌ ထပ်​ဆင့်၍ တည်​ဆောက်​သော အ​ကြင်​သူ၏ အ​လုပ်​သည်​မြဲ၏။ ထို​သူ​သည် အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 တစ်စုံတစ်ဦး​တည်ဆောက်​ပြုလုပ်​သော​အရာ​သည် တည်မြဲ​လျှင် ထို​သူ​သည် ဆုလာဘ်​ကို​ရရှိ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 3:14
12 ပူးပေါင်းရင်းမြစ်များ  

မျိုးစေ့​စိုက်သူ​နှင့် ရေလောင်းသူတို့​သည် တူညီသော ရည်ရွယ်ချက်​ဖြင့် လုပ်ဆောင်ကြ​ပြီး မိမိတို့​၏ ကြိုးပမ်း​အားထုတ်မှု​နှင့်အညီ ဆုလာဘ်​ကို ရရှိကြ​လိမ့်မည်။


ထို့ကြောင့် သခင်ဘုရား ပြန်လည်​ကြွလာတော်မမူ​မီ မည်သူ့​ကိုမျှ ကြိုတင်​၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်​၌ ဝှက်ထားသော​အရာများ​ကို ကိုယ်တော်​သည် အလင်း​သို့ ယူလာ​၍ ကျွန်ုပ်တို့​၏ အတွင်း​စိတ် အကြံအစည်များ​ကို ဖော်ထုတ်မည်​ဖြစ်​သောကြောင့်​ဖြစ်၏။ ထို့နောက်​တွင်မူ ဘုရားသခင်​သည် လူ​အသီးသီးတို့​ကို ချီးမွမ်းတော်မူ​လိမ့်မည်။


ကျွန်ုပ်​သည် ဤ​အမှု​ကို မိမိ​အလိုဆန္ဒ​ကြောင့် ဆောင်ရွက်ခြင်း​ဖြစ်​လျှင် ဆုလာဘ်​ကို ရသင့်၏။ သို့သော် ဘုရားသခင်​က ဤ​တာဝန်​ကို ကျွန်ုပ်​ထံ ယုံယုံကြည်ကြည်​အပ်နှံထား​သောကြောင့် ဝတ္တရား​ရှိ​၍ ဆောင်ရွက်ရခြင်း​ဖြစ်၏။


လူတိုင်း မိမိ​ဝန်​ကို ထမ်းရမည်​ဖြစ်​သောကြောင့် လူတိုင်း မိမိ​ပြုသော​အမှု​ကို ဆန်းစစ်ပါစေ။ သို့မှသာ မိမိ​ကိုယ်​မိမိ အခြားသူ​နှင့် မနှိုင်းယှဉ်​ဘဲ ကိုယ်တိုင် ပြုသော​အမှုများ​ကြောင့် ဂုဏ်ယူ​ဝင့်ကြွားနိုင်​လိမ့်မည်။


သခင်​ယေရှု ပြန်ကြွလာသည့်​အချိန်​တွင် ကိုယ်တော်​ရှေ့​၌ ကျွန်ုပ်တို့​၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာ​ဆုသရဖူ​သည် မည်သည့်​အရာ ဖြစ်မည်နည်း။ သင်တို့​ပင် ဖြစ်သည်​မဟုတ်လော။


တိုက်ပွဲကောင်း​ကို ကျွန်ုပ်​တိုက်ခဲ့ပြီ။ တာ​အဆုံး​တိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်း​တရား​ကို စောင့်ထိန်းခဲ့ပြီ။


ထို့ကြောင့် ခရစ်တော်​၏​ဆင်းရဲဒုက္ခ​ကို မြင်တွေ့သည့်​သက်သေ​ဖြစ်သူ၊ ထင်ရှား​လာမည့် ကိုယ်တော်​၏ ဘုန်းအသရေ​ကို မျှဝေ​ခံစားသူ ကျွန်ုပ်​သည် အသင်းတော်​အကြီးအကဲ​တစ်ဦး​အနေ​ဖြင့် သင်တို့​ထဲမှ အသင်းတော်​အကြီးအကဲများ​ကို တိုက်တွန်း​နှိုးဆော်လိုက်၏။


သို့ပြုလျှင် သိုးထိန်းကြီး​ပေါ်ထွန်းတော်မူ​သောအခါ မမှေးမှိန်သော​ဘုန်းအသရေ​ရှိသည့် ဆုသရဖူ​ကို သင်တို့​ရရှိကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ