ခံတွင်းသို့ ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်၍ ရေအိမ်သို့စွန့်ရသည်ကို နားမလည်သလော။
၁ ကော 6:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့က “အစာသည် ဝမ်းအတွက် ဖြစ်၍ ဝမ်းသည် အစာအတွက် ဖြစ်သည်” ဟု ဆိုကြ၏။ ဤစကားသည် မှန်၏။ သို့သော်လည်း တစ်နေ့တစ်ချိန်တွင် ဘုရားသခင်သည် ထိုအရာနှစ်မျိုးလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီသော မေထုန်ကိုပြုရန်အတွက် မဟုတ်ဘဲ ဘုရားသခင်အတွက်သာ ဖြစ်၏။ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ကြည့်ရှုစောင့်ရှောက်တော်မူ၏။ Common Language Bible ``အစားအစာသည်ဝမ်းအတွက်ဖြစ်၏။ ဝမ်း သည်လည်းအစားအစာအတွက်ဖြစ်၏'' ဟု သင်တို့ဆိုလိမ့်မည်။ ဤစကားသည်မှန်ပေ၏။ သို့ရာတွင်ဘုရားသခင်သည်ထိုအရာနှစ်ခု လုံးကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။ ကိုယ်ခန္ဓာ သည်ကာမဂုဏ်လိုက်စားရန်အတွက်မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ရန် အတွက်ဖြစ်၏။ ဘုရားသခင်သည်လည်းကိုယ် ခန္ဓာလိုအပ်သည်များကိုချပေးတော်မူ၏။- Garrad Bible စား ဖွယ် ခဲ ဖွယ် သည် ဝမ်း အ ဖို့၊ ဝမ်း လည်း စား ဖွယ် ခဲ ဖွယ် အ ဖို့ ဖြစ် ပါ စေ ဦး။ ဘု ရား သ ခင် သည် နှစ် ရပ် လုံး ကို ပ ပျောက် စေ တော် မူ လိမ့် မည်။ ကိုယ် ခ န္ဓာ မူ ကား မ တ ရား သော မေ ထုန် အ ဖို့ မ ဟုတ်။ အ ရှင် ဘု ရား အ ဖို့၊ အ ရှင် ဘု ရား လည်း ကိုယ် ခ န္ဓာ အ ဖို့ ဖြစ် သည် နှင့်၊ Judson Bible အစားအသောက်တို့သည် ဝမ်းအဖို့၊ ဝမ်းသည်လည်း အစားအသောက်တို့အဖို့ ဖြစ်သည်မှန်စေတော့။ သို့သော်လည်း ဘုရားသခင်သည် ထိုနှစ်ပါးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် မတရားသော မေထုန်အဖို့ ဖြစ်သည်မဟုတ်။ သခင်ဘုရားအဖို့ ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအဖို့ ဖြစ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်း အစာအတွက်ဖြစ်၏။ သို့သော် ဘုရားသခင်သည် ထိုအရာနှစ်မျိုးစလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီမေထုန်ပြုရန်အတွက်မဟုတ်ဘဲ သခင်ဘုရားအတွက်ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအတွက်ဖြစ်တော်မူ၏။ |
ခံတွင်းသို့ ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်၍ ရေအိမ်သို့စွန့်ရသည်ကို နားမလည်သလော။
ဤအရာများသည်သာ လူကိုညစ်ညမ်းစေ၏။ လက်မဆေးဘဲအစာစားခြင်းသည် မညစ်ညမ်းစေပါ” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် အစာသည် စိတ်နှလုံးထဲသို့ မဝင်။ ဝမ်းထဲသို့ဝင်ပြီးမှ ရေအိမ်သို့စွန့်ရ၏” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူခြင်းအားဖြင့် အစားအစာဟူသမျှသည် သန့်ရှင်းကြောင်းကို ဖော်ပြတော်မူ၏။
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ချစ်သောညီအစ်ကိုမောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့ကို ထောက်ရှု၍ သင်တို့ကို ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ သင်တို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်လက်ခံနိုင်ဖွယ်ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သောယဇ်အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့ဆက်ကပ်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်ခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။
ထို့ကြောင့် အပြစ်ပြုလိုစိတ်နောက်သို့ မလိုက်မိစေရန် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကို အပြစ်တရားအား အစိုးမရစေနှင့်။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ခရစ်တော်နှင့်အတူ သေသဖြင့် ပညတ်တရားအောက်၌ အသက်ရှင်ရသောဘဝကိုလည်း အဆုံးသတ်ပြီဖြစ်၏။ ယခု သင်တို့သည် ဘုရားသခင်အတွက် ကောင်းသောအကျင့်ကို ကျင့်နိုင်ရန် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသော အရှင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြ၏။
သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။
သင်တို့၏ ကိုယ်ခန္ဓာသည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းဖြစ်ကြောင်းကို သင်တို့မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းကို ယူ၍ ပြည့်တန်ဆာနှင့် ပေါင်းစည်းရမည်လော။ ထိုသို့ လုံးဝ မပေါင်းစည်းရ။
သင်တို့၏ ကိုယ်ခန္ဓာသည် ဘုရားသခင်ထံတော်မှ သင်တို့လက်ခံရရှိထားသည့် ဝိညာဉ်တော်ဟူသော သင်တို့အထဲ၌ ကိန်းဝပ်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်သည်ကို မသိကြသလော။ သင်တို့သည် မိမိကိုယ်ကိုယ် မပိုင်ကြ။
ကျွန်ုပ်သည် ဘုရားသခင်၏ သဝန်တိုခြင်းမျိုးဖြင့် သင်တို့ကို သဝန်တို၏။ ကျွန်ုပ်သည် သင်တို့ကို စင်ကြယ်သောအပျိုစင်အဖြစ် တစ်ဦးတည်းသောခင်ပွန်းဟူသော ခရစ်တော်ထံ အပ်နှင်းရန် ကတိပြုထား၏။
ထိုသို့ လူအပေါင်းတို့အတွက် ကိုယ်တော်အသေခံတော်မူခြင်းမှာ အသက်ရှင်သောသူတို့သည် မိမိတို့ကိုယ်ကျိုးအတွက် အသက်မရှင်ဘဲ မိမိတို့အတွက် အသေခံ၍ တစ်ဖန်ရှင်ပြန်ထမြောက်တော်မူသောအရှင်အတွက် အသက်ရှင်ရန် ဖြစ်၏။
ယေရှုခရစ်တော်၏ လူတို့သည် လူ့ဗီဇစိတ်ကို ထိုဗီဇစိတ်၏ ပြင်းပြခြင်း၊ တပ်မက်ခြင်းတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ကြလေပြီ။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်း ဖြစ်သကဲ့သို့ ခင်ပွန်းသည် ဇနီး၏ ဦးခေါင်း ဖြစ်သောကြောင့်ပင်။ ဦးခေါင်း ဖြစ်သည့် ခရစ်တော်သည် အသင်းတော် ဟူသော မိမိ၏ကိုယ်ခန္ဓာကို ကယ်တင်သောအရှင် ဖြစ်တော်မူ၏။