ရှင်မာကု 7:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း19 အဘယ်ကြောင့်ဆိုသော် အစာသည် စိတ်နှလုံးထဲသို့ မဝင်။ ဝမ်းထဲသို့ဝင်ပြီးမှ ရေအိမ်သို့စွန့်ရ၏” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူခြင်းအားဖြင့် အစားအစာဟူသမျှသည် သန့်ရှင်းကြောင်းကို ဖော်ပြတော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible19 ဝမ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့်၊ လူကို မညစ်ညူးစေနိုင်သည်ကို နားမလည်ကြသလော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 အကြောင်းမူကား ထိုအရာသည် လူ၏စိတ်နှလုံးထဲသို့ ဝင်သည်မဟုတ်။ ဝမ်းထဲသို့ဝင်ပြီးလျှင် ရေအိမ်ထဲသို့ရောက်သွား၏”ဟု မိန့်တော်မူလျက် အစာအားလုံးစင်ကြယ်ကြောင်းဖော်ပြတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ19 ဝမ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့်၊ လူကို မညစ်ညူးစေနိုင်သည်ကို နားမလည်ကြသလော။- အခန်းကိုကြည့်ပါ။ |
သင်တို့က “အစာသည် ဝမ်းအတွက် ဖြစ်၍ ဝမ်းသည် အစာအတွက် ဖြစ်သည်” ဟု ဆိုကြ၏။ ဤစကားသည် မှန်၏။ သို့သော်လည်း တစ်နေ့တစ်ချိန်တွင် ဘုရားသခင်သည် ထိုအရာနှစ်မျိုးလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီသော မေထုန်ကိုပြုရန်အတွက် မဟုတ်ဘဲ ဘုရားသခင်အတွက်သာ ဖြစ်၏။ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ကြည့်ရှုစောင့်ရှောက်တော်မူ၏။