၁ ကော 6:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း15 သင်တို့၏ ကိုယ်ခန္ဓာသည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းဖြစ်ကြောင်းကို သင်တို့မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းကို ယူ၍ ပြည့်တန်ဆာနှင့် ပေါင်းစည်းရမည်လော။ ထိုသို့ လုံးဝ မပေါင်းစည်းရ။ အခန်းကိုကြည့်ပါ။Common Language Bible15 သင်တို့ကိုယ်ခန္ဓာများသည် ခရစ်တော်၏ကိုယ် အင်္ဂါများဖြစ်သည်ကိုမသိကြသလော။ ငါ သည်ခရစ်တော်၏ကိုယ်အင်္ဂါကိုယူ၍ ပြည့်တန် ဆာမ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ မဖြစ် စေနိုင်။- အခန်းကိုကြည့်ပါ။Garrad Bible15 သင် တို့ ကိုယ် ခ န္ဓာ များ သည် ခ ရစ် တော်၏ ကိုယ် အင်္ဂါ များ ဖြစ် ကြောင်း မ သိ ကြ လော။ ထို သို့ ဖြစ် လျင် ငါ သည် ခ ရစ် တော်၏ ကိုယ် အင်္ဂါ တော် များ ကို သိမ်း သွား၍ ပြည် တန် ဆာ၏ ကိုယ် အင်္ဂါ ဖြစ် စေ ရ မည် လော။ မ ဖြစ် စေ ရာ။ အခန်းကိုကြည့်ပါ။Judson Bible15 သင်တို့ကိုယ်ခန္ဓာသည် ခရစ်တော်၏ အင်္ဂါဖြစ်ကြောင်းကို မသိကြသလော။ သို့ဖြစ်လျှင်၊ ခရစ်တော်၏အင်္ဂါကို ယူ၍ ပြည့်တန်ဆာ၏အင်္ဂါ ဖြစ်စေအပ်သလော။ မဖြစ်စေအပ်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 သင်တို့၏ကိုယ်ခန္ဓာသည် ခရစ်တော်၏ကိုယ်အင်္ဂါဖြစ်ကြောင်း မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်၏ကိုယ်အင်္ဂါကိုယူ၍ ပြည့်တန်ဆာ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ လုံးဝမဖြစ်စေရ။ အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ကြိုးစားလျက် ရှိ၏။ သို့သော် ထိုသို့ကြိုးစားစဉ် ကျွန်ုပ်တို့ကိုယ်တိုင်သည်လည်း ပညတ်တရားကို စွန့်ပယ်သဖြင့် အပြစ်သားများပင်ဖြစ်ကြောင်း အခြားဂျူးလူမျိုးတို့က ယူဆလျှင် ခရစ်တော်သည် ကျွန်ုပ်တို့ကို အပြစ်ကျူးလွန်စေရန် အားပေးသည်ဟု ဆိုနိုင်သလော။ လုံးဝမဆိုနိုင်ပါ။
သင်တို့က “အစာသည် ဝမ်းအတွက် ဖြစ်၍ ဝမ်းသည် အစာအတွက် ဖြစ်သည်” ဟု ဆိုကြ၏။ ဤစကားသည် မှန်၏။ သို့သော်လည်း တစ်နေ့တစ်ချိန်တွင် ဘုရားသခင်သည် ထိုအရာနှစ်မျိုးလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီသော မေထုန်ကိုပြုရန်အတွက် မဟုတ်ဘဲ ဘုရားသခင်အတွက်သာ ဖြစ်၏။ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ကြည့်ရှုစောင့်ရှောက်တော်မူ၏။