ထို့ကြောင့် ထိုသူတို့အား ‘သင်တို့သည်လည်း စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ။ ထိုက်သင့်ငွေကို ငါပေးမည်’ ဟု ဆိုသဖြင့် ထိုသူတို့သည် သွားကြ၏။
၁ ကော 6:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ထဲမှ တချို့သည် ယခင်က ထိုကဲ့သို့သောသူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခုတွင် သခင်ယေရှုခရစ်တော်နှင့် ကျွန်ုပ်တို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခံရကြပြီ။ Common Language Bible ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။ Garrad Bible သင် တို့ တွင် အ ချို့ သည် ထို သို့ သော သူ များ ဖြစ် ခဲ့ ကြ သော် လည်း အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် အား ဖြင့် လည်း ကောင်း၊ ငါ တို့ ဘု ရား သ ခင်၏ ၀ိ ညာ ဥ် တော် အား ဖြင့် လည်း ကောင်း၊ သင် တို့ သည် ကိုယ် ကို ဆေး ကြော ၍ သီး သန့် ထား ခြင်း၊ ဖြောင့် မတ် စေ ခြင်း များ ကို ခံ ခဲ့ ရ ကြ လေ ပြီ။ Judson Bible အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင် သခင်ယေရှု၏ နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူများဖြစ်ခဲ့ကြ၏။ သို့သော် သင်တို့သည် သခင်ယေရှုခရစ်တော်၏နာမတော်နှင့် ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းခံရ၍ သန့်ရှင်းစေခြင်းခံရကာ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။ |
ထို့ကြောင့် ထိုသူတို့အား ‘သင်တို့သည်လည်း စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ။ ထိုက်သင့်ငွေကို ငါပေးမည်’ ဟု ဆိုသဖြင့် ထိုသူတို့သည် သွားကြ၏။
သင်တို့အား ငါပြောဆိုသည်မှာ ထိုအခွန်ကောက်သူသည် အပြစ်ပြေလျက် အိမ်သို့ပြန်လေ၏။ ဖာရိရှဲမှာမူ အပြစ်မပြေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရ၍ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရသောကြောင့်ဖြစ်၏” ဟူ၍ မိန့်တော်မူ၏။
ယေရှုက “ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံးစင်ကြယ်သည်ဖြစ်၍ ခြေကိုသာ ဆေးရန်လို၏။ ယခုမှာ သင်တို့သည် စင်ကြယ်ကြ၏။ သို့ရာတွင် လူတိုင်း စင်ကြယ်သည်မဟုတ်” ဟု မိန့်တော်မူ၏။
ပေတရုက “အကျွန်ုပ်၏ ခြေကို မည်သည့်အခါမျှ ဆေးတော်မမူပါနှင့်” ဟု ငြင်းဆန်လေ၏။ ယေရှုကလည်း “သင်၏ခြေကို ငါမဆေးရလျှင် သင်သည် ငါ့နှင့်မသက်ဆိုင်” ဟု မိန့်တော်မူ၏။
ထိုသို့ စောင့်နေရခြင်းမှာ ဘုရားသခင်၏ ကောင်းကင်တမန်တစ်ပါးသည် အချိန်တန်လျှင် ရေကန်သို့ဆင်း၍ ရေကို လှုပ်ရှားစေတတ်သောကြောင့်ဖြစ်၏။ ရေလှုပ်ရှားပြီးနောက် ရေထဲသို့ အဦးဆုံးဆင်းနိုင်သူသည် မိမိခံစားရသမျှသော ရောဂါများမှ ကင်းလွတ်တတ်၏။)
ထိုအရှင်ကို ယုံကြည်သောသူရှိသမျှတို့သည် မောရှေ၏ပညတ်တရားအရ မလွှတ်နိုင်သောအပြစ်များမှ လွတ်ခွင့်ရသည်ကိုလည်းကောင်း သင်တို့သိမှတ်ကြလော့။
ယခုလည်း သင်သည် အဘယ်ကြောင့်စောင့်ဆိုင်းနေသနည်း။ ထ၍ နှစ်ခြင်းမင်္ဂလာခံယူလော့။ ဘုရားသခင်၏အမည်နာမကို အမှီပြုဆုတောင်း၍ သင့်အပြစ်များကို ဆေးကြောလော့’ ဟု ဆိုလေ၏။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
သို့သော်လည်း သူတို့သည် ယေရှုခရစ်တော်၏ ရွေးနုတ်ခြင်းအားဖြင့် မိမိတို့အပြစ်များအတွက် အဖိုးအခကို မပေးရဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြ၏။
သို့သော် လူတို့အနေဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ မိမိတို့၏ အကျင့်သီလကြောင့် မဟုတ်ဘဲ ဘုရားတရားမဲ့သူများကို ခွင့်လွှတ်တော်မူသည့် ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်၏။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်လုပ်ဆောင်ပေးခဲ့သောအမှုအားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကို ရရှိကြပြီ။
ခရစ်တော်၏ အသွေးတော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကျွန်ုပ်တို့သည် ထိုခရစ်တော်အားဖြင့် ဘုရားသခင်၏ အမျက်တော်မှ ပို၍ပင် ကယ်တင်ခံရလိမ့်မည်။
ထိုသို့ ဘုရားသခင်သည် မိမိရွေးကောက်ထားသောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူပြီးနောက် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။ ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူပြီးနောက် ဘုန်းအသရေကို ပေးတော်မူ၏။
ဘုရားသခင် ရွေးချယ်တော်မူသောသူတို့ကို မည်သူအပြစ်တင်ဝံ့သနည်း။ ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူသောအရှင်မှာ ဘုရားသခင်ပင်ဖြစ်တော်မူ၏။
ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။
သင်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားသခင်ထံမှ လာသော ဉာဏ်ပညာဖြစ်တော်မူပြီး ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စေတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ အပြစ်မှ ရွေးနုတ်တော်မူ၏။
သင်တို့သည် ဘုရားသခင်ကို မကိုးကွယ်မီအချိန်က စကားမပြောနိုင်သောရုပ်တုများကို ကိုးကွယ်ရန် တစ်နည်း၊ သို့မဟုတ် တစ်နည်းဖြင့် သွေးဆောင်ခံရကာ လမ်းလွဲခဲ့ကြကြောင်း သင်တို့အသိပင် ဖြစ်၏။
သို့သော်လည်း လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ သတ်မှတ်ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့သည်လည်း ပညတ်တရားကို လိုက်နာခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ယေရှုခရစ်တော်ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်သောကြောင့် ဖြစ်၏။
တစ်ဖန် ကျမ်းစာတွင် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟူ၍ ဖော်ပြထား၏။ ထို့ကြောင့် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်ကြောင်း သိသာထင်ရှား၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရရန် ပညတ်တရားမှာ ခရစ်တော်ကြွလာချိန်ထိ ကျွန်ုပ်တို့၏ အုပ်ထိန်းသူဖြစ်၏။
ကျမ်းစာ၌ ဘုရားသခင်သည် လူမျိုးခြားတို့အား သူတို့၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူမည်ဖြစ်ကြောင်း ကြိုတင်သိမြင်တော်မူသည်ကို ဖော်ပြထား၏။ ထို့ကြောင့် အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်ထံမှတစ်ဆင့် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မည်” ဟူသော သတင်းကောင်းကို ကျမ်းစာ၌ ကြိုတင်ဟောပြောတော်မူ၏။
ထိုသို့ အသက်ပေးတော်မူခြင်းသည် ရေနှင့် နှုတ်ကပတ်တော်ဖြင့် အသင်းတော်ကို ဆေးကြော၍ သန့်ရှင်းစင်ကြယ်ပြီးမှ
သင်တို့သည် ယခင်က အမှောင် ဖြစ်ခဲ့သော်လည်း ယခုတွင်မူ သခင်ဘုရား၏ လူများ ဖြစ်လာကြသောကြောင့် အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏ သားသမီးများကဲ့သို့ ပြုမူနေထိုင်ကြလော့။
သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့… ကျွန်ုပ်တို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင် သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းနှင့် သမ္မာတရားကို ယုံကြည်ခြင်းတို့ဖြင့် ကယ်တင်ခံရရန် ဘုရားသခင် ဦးစွာ ရွေးချယ်ထားသည့် လူစုတွင် ပါဝင်သောကြောင့် ဖြစ်၏။
သို့ဖြစ်၍ ကျွန်ုပ်တို့၏စိတ်နှလုံးသားကို အပြစ်ရှိကြောင်းထင်မှတ်သောအသိစိတ်မှ ရှင်းလင်းစေရန် ကိုယ်တော်၏အသွေးတော်ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာကိုလည်း သန့်စင်သောရေဖြင့် ဆေးကြောခြင်းတို့ကို ခံယူလျက် စစ်မှန်သောစိတ်နှလုံးနှင့် ယုံကြည်ခြင်းကြောင့် ဖြစ်တည်သော စိတ်ချမှုအပြည့်ဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ကြပါစို့။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကို နင်းခြေ၍ မိမိအား စင်ကြယ်စေသည့်ပဋိညာဉ်နှင့်ဆိုင်သောအသွေးကို မသန့်ရှင်းသောအရာအဖြစ် သဘောထားကာ ကျေးဇူးပြုတော်မူသောဝိညာဉ်တော်ကို စော်ကားသူသည် မည်မျှ ပို၍ ပြင်းထန်သောပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်သနည်း။
သန့်ရှင်းစေတော်မူသော ယေရှုခရစ်တော်နှင့် သန့်ရှင်းခြင်းခံရသူတို့သည် တစ်ပါးတည်းသောဖခင်ထံမှ ဖြစ်သောကြောင့် ယေရှုခရစ်တော်သည် ထိုသူတို့ကို ညီအစ်ကိုမောင်နှမများဟု ခေါ်ရန် ရှက်တော်မမူ။
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
ဤအရာသည် ယခုသင်တို့ကို ကယ်တင်သည့်နှစ်ခြင်းမင်္ဂလာကို ပုံဆောင်၏။ နှစ်ခြင်းမင်္ဂလာသည် ကိုယ်ခန္ဓာအညစ်အကြေးကို ဖယ်ရှားခြင်းမဟုတ်။ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းမှတစ်ဆင့် ကယ်တင်တော်မူခြင်းခံရကြောင်း လိပ်ပြာသန့်နိုင်ရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်းဖြစ်၏။
သားသမီးတို့… သင်တို့သည် ကိုယ်တော်၏ နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းခံထားရသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
ကျွန်ုပ်က “အရှင်… အဖြေကို အရှင်သိပါ၏” ဟုပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးမားသောဒုက္ခဆင်းရဲကို ဖြတ်ကျော်လာသောသူများဖြစ်ကြ၏။ ထိုသူတို့သည် သိုးသငယ်တော်၏သွေး၌ မိမိတို့ဝတ်ရုံများကို ဖြူစင်အောင်လျှော်ကြပြီ။