Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 3:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ဤ​အရာ​သည် ယခု​သင်တို့​ကို ကယ်တင်သည့်​နှစ်ခြင်းမင်္ဂလာ​ကို ပုံဆောင်၏။ နှစ်ခြင်း​မင်္ဂလာ​သည် ကိုယ်ခန္ဓာ​အညစ်အကြေး​ကို ဖယ်ရှားခြင်း​မဟုတ်။ ယေရှု​ခရစ်တော်​၏​ရှင်ပြန်ထမြောက်ခြင်း​မှ​တစ်ဆင့် ကယ်တင်တော်မူခြင်း​ခံရကြောင်း လိပ်ပြာသန့်​နိုင်ရန် ဘုရားသခင်​ထံ တောင်းလျှောက်ခြင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ဤ​တွင်​ရေ​ဟု​ဆို​ရာ​၌​သင်​တို့​ကို​ယ​ခု​ကယ် တင်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပုံ​ဆောင်​ပေ​သည်။ ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ​ခြင်း​သည်​ကိုယ်​ကာ​ယ အ​ညစ်​အ​ကြေး​များ​ကို​သန့်​စင်​ဆေး​ကြော ခြင်း​မ​ဟုတ်။ သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​စွာ​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ​သစ္စာ​ပြု ခြင်း​ဖြစ်​ပေ​သည်။ သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ခ​ရစ်​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း​ကို အ​ကြောင်း​ပြု​၍ သင်​တို့​သည်​ဗတ္တိ​ဇံ​အား ဖြင့်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ဗ တ္တိ ဇံ မင်္ဂ လာ သည် ယေ ရှု ခ ရစ် ရှင် ပြန် ထ မြောက် တော် မူ ခြင်း အား ဖြင့် ယ ခု သင် တို့ ကို ကယ် တင်၏။ ဗ တ္တိ ဇံ မင်္ဂ လာ ဆို သော် ရုပ် ခ န္ဓာ၏ အ ညစ် အ ကြေး ဆေး ကြော ခြင်း ကို မ ဆို ဘု ရား သ ခင် ကို ကြည် လင် သော သြ တ္တ ပ္ပ စိတ်၏ တောင့် တ ရှာ ဖွေ ခြင်း ဟု ဆို လို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​သို့​သော ဥ​ပ​မာ​အ​တိုင်း၊ ယ​ခု​တွင် ဗ​တ္တိ​ဇံ​သည် ယေ​ရှု​ခ​ရစ် ထ​မြောက်​တော်​မူ​သော​အား​ဖြင့်၊ ငါ​တို့​ကို ကယ်​တင်​တတ်၏။ ဗ​တ္တိ​ဇံ​ဟု​ဆို​သော်၊ ကိုယ်​ကာ​ယ၏ အ​ညစ်​အ​ကြေး ဆေး​ကြော​ခြင်း​ကို မ​ဆို​လို။ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်၍၊ ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ခြင်း​ကို ဆို​လို​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ဤ​အရာ​သည် ယခု သင်​တို့​ကို​ကယ်တင်​သော ဗတ္တိဇံ​ကို​ပုံဆောင်​၏။ ဗတ္တိဇံ​သည် ကိုယ်ကာယ​၏​အညစ်အကြေး​ကို ချွတ်ပယ်​ခြင်း​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ကြည်လင်​သော​အသိစိတ်​ကို ဘုရားသခင်​ထံ​တောင်းလျှောက်​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 3:21
30 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်တို့​သွား​၍ လူမျိုး​အပေါင်းတို့​ကို ငါ့​တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​တို့​၏​အမည်​နာမ​၌ သူတို့​ကို နှစ်ခြင်းမင်္ဂလာ​ပေးကြလော့။


ယုံကြည်​၍ နှစ်ခြင်းမင်္ဂလာ ခံယူသော​သူတို့​သည် ကယ်တင်တော်မူ​ခံရမည်။ သို့သော် ယုံကြည်​ရန် ငြင်းဆိုသော​သူတို့​သည် အပြစ်စီရင်တော်မူ​ခံရမည်။


ရှိမုန်​ပေတရု​က “သခင်… သို့ဖြစ်လျှင် အကျွန်ုပ်​၏ ခြေ​ကို​သာမက လက်​နှင့် ဦးခေါင်း​ကို​ပါ ဆေးတော်မူပါ” ဟု လျှောက်လေ၏။


ထို​ညတွင်းချင်း​ပင် ထောင်မှူး​သည် သူတို့​ကို​ခေါ်​၍ ဒဏ်ရာများ​ကို ဆေးကြောပေး၏။ ထိုသို့​ပြုပြီး​နောက် သူ​နှင့် အိမ်သား​အားလုံး​သည် ချက်ချင်း​ပင် နှစ်ခြင်းမင်္ဂလာ​ကို ခံယူကြ၏။


ပေတရု​က “သင်တို့​အပြစ်များ​ကို ခွင့်လွှတ်ခြင်း​ခံရ​ရန် နောင်တရ​လျက် ယေရှု​ခရစ်တော်​၏​အမည်​နာမ​၌ သင်တို့​အားလုံး နှစ်ခြင်းမင်္ဂလာ​ခံယူကြလော့။ ထိုသို့​ပြုလျှင် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​တည်းဟူသော လက်ဆောင်​ကို လက်ခံရရှိ​လိမ့်မည်။


ယခု​လည်း သင်​သည် အဘယ်ကြောင့်​စောင့်ဆိုင်းနေသနည်း။ ထ​၍ နှစ်ခြင်းမင်္ဂလာ​ခံယူလော့။ ဘုရားသခင်​၏​အမည်​နာမ​ကို အမှီပြု​ဆုတောင်း​၍ သင့်​အပြစ်များ​ကို ဆေးကြောလော့’ ဟု ဆိုလေ၏။


ထိုသို့ ခရီးပြု​စဉ်တွင် ရေ​ရှိရာ​သို့​ရောက်​သော် အမတ်​က “ဤ​နေရာ​၌ ရေ​ရှိပါ၏။ ကျွန်ုပ်​ကို နှစ်ခြင်းမင်္ဂလာ မခံယူ​စေနိုင်ရန် တားဆီးသည့်​အကြောင်း ရှိသလော” ဟု မေး၏။


ဖိလိပ္ပု​က “သင့်​စိတ်နှလုံး​ထဲမှ အကြွင်းမဲ့ ယုံကြည်​ပါက ခံယူနိုင်ပါသည်” ဟု ဖြေလေ၏။ အမတ်​က “ယေရှုခရစ်​သည် ဘုရား​သားတော်​ဖြစ်ကြောင်း ကျွန်ုပ်​ယုံကြည်ပါသည်” ဟု ဆိုလေ၏။


မည်သို့ပင်​ဖြစ်စေ အာဒံ​လက်ထက်​မှစ၍ မောရှေ​လက်ထက်​တိုင်အောင် သေခြင်းတရား​သည် အစိုးရ၏။ ဘုရားသခင်​၏​ပညတ်တော်​ကို အာဒံ​ချိုးဖောက်​၍ အပြစ်​ကျူးလွန်သည့်​နည်းတူ မကျူးလွန်ခဲ့သော​သူတို့​ပင် သေကြရ၏။ အာဒံ​သည် နောင်အခါ ပေါ်ထွန်းလာမည့် ခရစ်တော်​၏ နမူနာပုံ​ဖြစ်၏။


ထိုကဲ့သို့​ပင် ကျွန်ုပ်တို့​အားလုံး​သည် ဂျူးလူမျိုး​ဖြစ်စေ၊ ဂရိလူမျိုး​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လွတ်လပ်သူ​ဖြစ်စေ ဝိညာဉ်တော်​တစ်ပါးတည်း​အားဖြင့် ကိုယ်ခန္ဓာ​တစ်ခုတည်း​ထဲသို့ နှစ်ခြင်း​မင်္ဂလာ​ခံယူကြပြီး ကျွန်ုပ်တို့​အားလုံး​သည် ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကို သောက်သုံးကြ၏။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် အာပေါလု​နှင့် ကျွန်ုပ်​ကိုယ်တိုင်​ကို သာဓက​အဖြစ် ဤ​အရာများ​ကို သင်တို့​အကျိုး​အတွက် ပုံဖော်ပြရခြင်း​ဖြစ်၏။ ဤသို့ ပုံဖော်ပြခြင်း​မှာ “ကျမ်းစာ​၌ ရေးသားထားသော အရာ​ကို ကျော်လွန်​၍ မလုပ်ဆောင်နှင့်” ဟူသော ဆိုရိုးစကား​ကို ကျွန်ုပ်တို့​၏​သာဓက​မှ သင်တို့​နားလည်​နိုင်ရန်​ဖြစ်၏။ ထို့ပြင် သင်တို့​သည် မာနထောင်လွှား​လျက် တစ်ယောက်​ကို မျက်နှာသာပေး​၍ ကျန်​တစ်ယောက်​ကို ဆန့်ကျင်ခြင်း​မရှိ​စေရန်​ဖြစ်၏။


ကျွန်ုပ်တို့ လိပ်ပြာသန့်​စွာ သက်သေခံသည့် ကြွားဝါစရာ​အကြောင်း​မှာ ကျွန်ုပ်တို့​သည် ဤ​လောက​၌ အထူး​သဖြင့် သင်တို့​ရှေ့​၌ လူ့ဉာဏ်​ကို အမှီ​မပြုဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှီပြု​၍ ဘုရားသခင်​ထံမှ​လာသော ရိုးသား​ဖြူစင်ခြင်း​တို့ဖြင့် နေထိုင်ခဲ့ကြောင်း​ဖြစ်၏။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​၌ ဘုရားသခင်​ပေးတော်မူသော အထက်ပါ​ကတိတော်များ​ရှိ​သောကြောင့် ကိုယ်ခန္ဓာ​နှင့် စိတ်ဝိညာဉ်​ကို ညစ်ညမ်းစေသော​အရာတို့​မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ​၍ ဘုရားသခင်​ကို ရိုသေသော​အားဖြင့် လုံးဝ​သန့်ရှင်းစေကြစို့။


ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေရန် နှစ်ခြင်း​မင်္ဂလာ​ကို ခံယူသောသူ​အပေါင်းတို့​သည် ခရစ်တော်​ကဲ့သို့ ဖြစ်လာကြ၏။


ထိုသို့ အသက်ပေးတော်မူခြင်း​သည် ရေ​နှင့် နှုတ်ကပတ်တော်​ဖြင့် အသင်းတော်​ကို ဆေးကြော​၍ သန့်ရှင်း​စင်ကြယ်​ပြီးမှ


သင်တို့​သည် နှစ်ခြင်း​မင်္ဂလာ​ခံယူခြင်း​ဖြင့် ထို​သခင်​နှင့်အတူ သင်္ဂြိုဟ်ခံရကြ၏။ ခရစ်တော်​ကို သေခြင်း​မှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်​၏ တန်ခိုးတော်​ကို ယုံကြည်​သဖြင့် သင်တို့​သည် ခရစ်တော်​နှင့်အတူ ထမြောက်စေတော်မူခြင်း​ကို ခံကြရ၏။


ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်​မှာ ဖြူစင်သော​နှလုံးသား၊ စစ်မှန်သော​ယုံကြည်ခြင်း၊ လိပ်ပြာသန့်သော​စိတ်​တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်း​မေတ္တာ​နှင့် အချင်းချင်း​ချစ်ကြ​ရန် ဖြစ်၏။


ယုံကြည်ခြင်း​ဆိုင်ရာ တိုက်ပွဲကောင်း​ကို တိုက်​၍ ထာဝရ​အသက်​ကို အရ​ယူလော့။ ထာဝရ​အသက် ရ​ရန် ဘုရားသခင်​သည် သင့်​ကို ခေါ်တော်မူပြီး သင်​သည်လည်း ခရစ်တော်​ကို ယုံကြည်ကြောင်း သက်သေ​များစွာ​ရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။


သို့ဖြစ်၍ ကျွန်ုပ်တို့​၏​စိတ်နှလုံးသား​ကို အပြစ်ရှိကြောင်း​ထင်မှတ်သော​အသိစိတ်​မှ ရှင်းလင်း​စေရန် ကိုယ်တော်​၏​အသွေးတော်​ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာ​ကိုလည်း သန့်စင်သော​ရေ​ဖြင့် ဆေးကြောခြင်းတို့​ကို ခံယူ​လျက် စစ်မှန်သော​စိတ်နှလုံး​နှင့် ယုံကြည်ခြင်း​ကြောင့် ဖြစ်တည်သော စိတ်ချမှု​အပြည့်​ဖြင့် ဘုရားသခင်​ထံ ချဉ်းကပ်ကြပါစို့။


ဘုရားသခင်​သည် လူသေများ​ကိုပင် ထမြောက်​စေနိုင်ကြောင်း အာဗြဟံ​သည် ဆင်ခြင်​သုံးသပ်ခဲ့၏။ ပုံဥပမာ​အားဖြင့် ဆိုရ​လျှင် ဣဇာက်​ကို သေခြင်း​မှ ပြန်လည်​ရရှိခဲ့၏။


ကျွန်ုပ်တို့​အတွက် ဆုတောင်းပေးကြလော့။ ကျွန်ုပ်တို့​သည် မိမိကိုယ်ကိုယ်​လိပ်ပြာသန့်​ကြောင်း စိတ်ချ​ပြီး အရာရာ​တိုင်း​တွင် ကောင်းမွန်​စွာ ပြုမူ​နေထိုင်​လိုစိတ်​ရှိကြ၏။


ထိုသို့​ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်​ကို ဝတ်ပြုနိုင်​စေရန် ကျွန်ုပ်တို့​၏​အသိစိတ်​ကို သေခြင်း​သို့ ပို့ဆောင်ပေးသော​အပြစ်​မှ စင်ကြယ်​စေရန်​အတွက် ထာဝရ​ဝိညာဉ်တော်​အားဖြင့် အပြစ်အနာအဆာ​ကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်​ထံ ပူဇော်​သည့် ခရစ်တော်​၏​အသွေးတော်​သည် ပို၍​သာလွန်သည် မဟုတ်ပါလော။


ခရစ်တော်​သည် စစ်မှန်သော​အရာ​၏ ပုံတူ​သာ​ဖြစ်သည့် လူတို့​လက်​ဖြင့် ပြုလုပ်ထားသော သန့်ရှင်းရာ​ဌာနတော်​ထဲသို့ ဝင်တော်မမူဘဲ ကျွန်ုပ်တို့​ကိုယ်စား ဘုရားသခင်​ရှေ့တော်​၌ ထင်ရှား​ရန် ကောင်းကင်ဘုံ​သို့ ဝင်တော်မူ၏။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဘုရားသခင်​ကို ချီးမွမ်းကြလော့။ ဘုရားသခင်​သည် မိမိ​၏​ကြီးမြတ်သော​ကရုဏာတော်​ကြောင့် သခင်​ယေရှု​ခရစ်တော်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အသစ်​တစ်ဖန်​မွေးဖွား​စေပြီး ခိုင်မြဲသော​မျှော်လင့်ချက်​ရှိစေတော်မူ၏။


သို့သော် နူးညံ့သိမ်မွေ့သော​စိတ်​နှင့် တလေးတစား​ဖြေဆိုကြလော့။ သင်တို့​ကို ကဲ့ရဲ့​ရှုတ်ချကြသော​သူတို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော​သင်တို့​၏ ကောင်းမွန်​စွာ ပြုမူနေထိုင်ပုံ​ကို မြင်​၍ အရှက်ရကြ​စေရန် လိပ်ပြာသန့်​စွာ ပြုမူနေထိုင်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ