Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 1:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ထို​သူတို့​မှာ ခမည်းတော်​ဘုရားသခင်​၏ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အရ ဝိညာဉ်တော်​၏ သန့်ရှင်းစေခြင်း​အားဖြင့် ရွေးချယ်တော်မူခြင်း​ခံထားရသူများ​ဖြစ်ကြ၏။ ဤသို့​ရွေးချယ်တော်မူခြင်း​မှာ ယေရှု​ခရစ်တော်​ကို သင်တို့​နာခံ​စေရန်​နှင့် သင်တို့​ကို အသွေးတော်​ဖြင့် ပက်ဖျန်း​၍ စင်ကြယ်​စေရန်​ဖြစ်၏။ ဘုရားသခင်​၏ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​ကို သင်တို့​ကြွယ်ဝ​စွာ ခံစားရပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ယေရှု​ခရစ်တော်​ကို​နာခံ​ရန်​နှင့် ကိုယ်တော်​၏​သွေး​တော်​ပက်ဖျန်း​ခြင်း​ခံရ​ရန်​အတွက် ဝိညာဉ်​တော်​အားဖြင့်​သန့်ရှင်း​စေ​ခြင်း​ခံရ​၍ ခမည်းတော်​ဘုရားသခင်​၏​ကြိုတင်​သိမြင်​သော​ဉာဏ်​တော်​အတိုင်း ရွေးကောက်​ခံရ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​တိုးပွား​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 1:2
53 ပူးပေါင်းရင်းမြစ်များ  

အကယ်၍ သခင်ဘုရား​သည် ထို​နေ့ရက်ကာလများ​ကို တိုတောင်းစေတော်မမူ​လျှင် မည်သူ​မျှ အသက်ဘေး​မှ လွတ်နိုင်မည်​မဟုတ်။ သို့ရာတွင် ကိုယ်တော်​သည် မိမိ​ရွေးချယ်ထားတော်မူသော​သူများ​အတွက် ထို​နေ့ရက်များ​ကို တိုတောင်းစေတော်မူမည်။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက် အတုအယောင်များ ပေါ်လာ​လိမ့်မည်​ဖြစ်​သောကြောင့်ပင်။ ထို​သူတို့​သည် ဖြစ်နိုင်​လျှင် ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာကြီးများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြကြ​လိမ့်မည်။


ထို့နောက် လူသား​သည် သူ​၏ ကောင်းကင်တမန်များ​ကို ကျယ်လောင်သော တံပိုးခရာ​မှုတ်သံ​နှင့်အတူ စေလွှတ်တော်မူ​လိမ့်မည်။ ကောင်းကင်တမန်များ​သည် ကောင်းကင်​နှင့်​မြေကြီး​အရှေ့​စွန်း​မှသည် အနောက်​စွန်း​တိုင်အောင် အရပ်လေးမျက်နှာ​မှ ကိုယ်တော်​ရွေးချယ်ထားသော​သူတို့​ကို စုစည်း​လိမ့်မည်။


အကယ်၍ သခင်ဘုရား​သည် ထို​နေ့ရက်ကာလများ​ကို တိုတောင်းစေတော်မမူ​လျှင် မည်သူ​မျှ အသက်ဘေး​မှ လွတ်နိုင်မည်​မဟုတ်။ သို့ရာတွင် ကိုယ်တော်​သည် မိမိ​ရွေးချယ်ထားတော်မူသော​သူများ​အတွက် ထို​နေ့ရက်များ​ကို တိုတောင်းစေတော်မူမည်။


ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက်​အတုအယောင်များ ပေါ်လာ​လိမ့်မည်။ ထို​သူတို့​သည် ဖြစ်နိုင်​ပါက ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြုကြ​လိမ့်မည်။


ထို့နောက် လူသား​သည် ကောင်းကင်​နှင့်​မြေကြီး​အရှေ့​စွန်း​မှသည် အနောက်​စွန်း​တိုင်အောင်၊ အရပ်လေးမျက်နှာ​မှ မိမိ​ရွေးချယ်ထားသော​သူတို့​ကို စုစည်း​ရန် ကောင်းကင်တမန်များ​ကို စေလွှတ်တော်မူ​လိမ့်မည်။


မိမိ​ရွေးချယ်တော်မူသော​သူတို့​က နေ့ည​မပြတ် တောင်းလျှောက်​လျှင် ဘုရားသခင်​သည် တရားမျှတ​စွာ မစီရင်ဘဲ နှောင့်နှေးစေတော်မူ​မည်လော။


ဤ​အကြောင်းအရာများ​ကို ယခင်​အချိန်​မှစ၍ သိစေတော်မူသော​ထာဝရဘုရား မိန့်တော်မူ၏’ ဟူ၍ ရေးသားထား၏။


ဘုရားသခင်​၏​တိကျသော​အကြံအစည်တော်​အားဖြင့်​လည်းကောင်း၊ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အားဖြင့်​လည်းကောင်း သင်တို့​လက်​၌ အပ်နှံခံရသော​ဤ​ယေရှု​ကို သင်တို့​သည် တရားမဲ့သော​သူတို့​၏​လက်​ဖြင့် လက်ဝါးကပ်တိုင်​ပေါ်တွင် အသေသတ်ခဲ့ကြ၏။


သို့ဖြစ်၍ ယခု ကျွန်ုပ်​သည် သင်တို့​အား ဘုရားသခင်​ထံတော်​သို့​လည်းကောင်း၊ ကိုယ်တော်​၏ ကျေးဇူးတော်​နှင့်ဆိုင်သော တရားတော်​သို့​လည်းကောင်း အပ်နှံပါ၏။ ထို​တရားတော်​သည် သင်တို့​ကို ဆောက်တည်​ပေးနိုင်စွမ်း​နှင့် သန့်ရှင်းစေတော်မူခြင်း​ခံရသော​လူအပေါင်းတို့​နှင့်အတူ သင်တို့​ကို အမွေ​ပေးနိုင်စွမ်း​ရှိ၏။


ကျွန်ုပ်တို့​သည် ထို​သားတော်​အားဖြင့် တမန်တော်​ဖြစ်ခြင်း အခွင့်ထူး​ကို ရရှိကြ၏။ ဤသည်​မှာ ထို​သခင်​၏ နာမတော်​အတွက် ယုံကြည်ခြင်း​ကြောင့် ဖြစ်လာသော နာခံခြင်း​အကြောင်း​ကို လူမျိုးခြား​အပေါင်းတို့​ထဲတွင် ဟောပြော​ရန် ဖြစ်၏။


ထိုသို့ ဘုရားသခင်​ချစ်တော်မူ​၍ ယုံကြည်သော​သူများ​အဖြစ် ရွေးကောက်တော်မူ​ခံရသော ရောမ​မြို့သူမြို့သား​အပေါင်းတို့​ထံသို့ ဤ​စာ​ကို ကျွန်ုပ်​ရေးလိုက်ပါ၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


ဘုရားသခင်​သည် ကနဦး​ကတည်းက​ပင် ရွေးကောက်ထားတော်မူသော မိမိ​လူမျိုးတော်​ကို စွန့်ပယ်တော်မမူခဲ့ပေ။ ပရောဖက်​ဧလိယ​သည် အစ္စရေးလူမျိုးတို့​ကို ဘုရားသခင်​ထံ တိုင်တန်းခဲ့၏။ ထို​အကြောင်း​နှင့်​ပတ်သက်၍ ကျမ်းစာ​၌ မည်သို့​ဖော်ပြထားသည်​ကို သင်တို့​မသိကြသလော။


အစ္စရေးလူမျိုးတို့​သည် သတင်းကောင်း​ကို ငြင်းပယ်ကြ​သောကြောင့် ဘုရားသခင်​၏ ရန်သူများ​ဖြစ်ကြ​ပြီး ထို​အရာ​သည် လူမျိုးခြား​ဖြစ်သော သင်တို့​အတွက် အကျိုး​ဖြစ်လာစေ၏။ သို့သော်လည်း ဘုရားသခင်​သည် သူတို့​၏ ဘိုးဘေးများ​ဖြစ်သော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်​တို့ကို ရွေးကောက်ထားတော်မူ​သောကြောင့် သူတို့​အား ချစ်တော်မူ​ဆဲ ဖြစ်၏။


ထို​အခွင့်ထူး​မှာ လူမျိုးခြားတို့​ထံ ယေရှု​ခရစ်တော်​၏ အမှုတော်​ကို ထမ်းဆောင်ရခြင်း​အခွင့် ဖြစ်၏။ လူမျိုးခြားတို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ သန့်ရှင်းသည့် နှစ်သက်ဖွယ်​ပူဇော်စရာ​ကဲ့သို့ ဖြစ်လာ​ရန် ကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​တာဝန်​ကို ထမ်းဆောင်​လျက် ဘုရားသခင်​၏ သတင်းကောင်း​ကို ဟော၏။


ဘုရားသခင်​ကို သင်တို့​နာခံကြောင်း လူတိုင်း​သိကြ​သဖြင့် ကျွန်ုပ်​ဝမ်းမြောက်၏။ သင်တို့​သည် ကောင်းမှု​နှင့်​ပတ်သက်​လျှင် ပညာသတိ​ရှိ​၍ မကောင်းမှု​နှင့်​ပတ်သက်​လျှင် အပြစ်ကင်းကြ​ရန် ကျွန်ုပ်​အလိုရှိ၏။


လူမျိုးခြားတို့​သည်လည်း ယုံကြည်​၍ နာခံလာ​စေရန် ပရောဖက်များ​ကြိုတင်​ဟောပြောထားသည့်​အတိုင်း ထာဝရ​ဘုရားသခင်​၏ အမိန့်တော်​အားဖြင့် ယခု​အချိန်​တွင် ထို​သတင်းကောင်း​ကို လူမျိုးခြား​အပေါင်းတို့​ထံ ဖော်ပြလေပြီ။


သင်တို့​သည် လူ့​ဗီဇစိတ်​၏ အလို​အတိုင်း အသက်ရှင်​လျှင် သေကြရ​လိမ့်မည်။ သို့သော် လူ့​ဗီဇစိတ်​၏ အကျင့်တို့​ကို ဝိညာဉ်တော်​အားဖြင့် အဆုံးသတ်​လျှင်​မူ အသက်ရှင်ကြ​လိမ့်မည်။


ဘုရားသခင် ရွေးချယ်တော်မူသော​သူတို့​ကို မည်သူ​အပြစ်တင်​ဝံ့သနည်း။ ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူသော​အရှင်​မှာ ဘုရားသခင်​ပင်​ဖြစ်တော်မူ၏။


သင်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေတော်မူသော​အရှင်​မှာ ဘုရားသခင်​ဖြစ်၏။ ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အကျိုး​အတွက် ဘုရားသခင်​ထံမှ လာသော ဉာဏ်ပညာ​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်​စေတော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သန့်ရှင်းစေ​၍ အပြစ်​မှ ရွေးနုတ်တော်မူ၏။


သင်တို့​ထဲမှ တချို့​သည် ယခင်​က ထိုကဲ့သို့သော​သူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခု​တွင် သခင်​ယေရှု​ခရစ်တော်​နှင့် ကျွန်ုပ်တို့​ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူ​အဖြစ် သတ်မှတ်​ခံရကြပြီ။


ကျွန်ုပ်တို့​သည် ဘုရားသခင်​အား သိကျွမ်းသည့်​ဉာဏ်ပညာ​ကို ဆန့်ကျင်သော​မာန်မာန​တိုင်း​ကို ဖြိုဖျက်​၍ လူ့​အတွေးအခေါ်​တိုင်း​ကို ချုပ်နှောင်​ကာ ခရစ်တော်​၏​စကား​ကို နာခံစေကြ၏။


သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်၊ ဘုရားသခင်​၏ မေတ္တာတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​၏ မိတ်သဟာယဖွဲ့ခြင်း​တို့​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။ ကောရိန္သု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


ထို့ကြောင့် သင်တို့သည်​ဘုရားသခင် ရွေးချယ်တော်မူသော​သူများ၊ သီးသန့်​ထားတော်မူသော​သူများ၊ ချစ်တော်မူသော​သူများ​ဖြစ်သည့်​အားလျော်စွာ ကရုဏာ​ထားခြင်း၊ ကျေးဇူးပြုခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း​နှင့် သည်းခံခြင်း​တို့ကို ဝတ်ဆင်ကြလော့။


သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့… ကျွန်ုပ်တို့​သည် သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင် သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝိညာဉ်တော်​၏ သန့်ရှင်းစေခြင်း​နှင့် သမ္မာတရား​ကို ယုံကြည်ခြင်း​တို့​ဖြင့် ကယ်တင်ခံရ​ရန် ဘုရားသခင် ဦးစွာ ရွေးချယ်ထားသည့် လူစု​တွင် ပါဝင်​သောကြောင့် ဖြစ်၏။


ထို့ကြောင့် ဘုရားသခင်​ရွေးကောက်တော်မူသော​သူတို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ကယ်တင်ခြင်း​ကို ထာဝရ​ဘုန်းတော်​နှင့်အတူ ရရှိ​နိုင်ရန် ထို​သူတို့​အတွက် ဆင်းရဲဒုက္ခ​အားလုံး​ကို ကျွန်ုပ်​သည်းခံ၏။


ဘုရားသခင်​၏ အစေအပါး​နှင့် ယေရှု​ခရစ်တော်​၏ တမန်တော်​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်၏။ ဘုရားသခင်​သည် မိမိ​ရွေးကောက်သော​သူတို့​၏ ယုံကြည်ခြင်း​ကို ခိုင်မာ​စေရန်​နှင့် သမ္မာတရား​ကို ထို​သူတို့​သိရှိ​နားလည်​နိုင်စေရန် ကျွန်ုပ်​ကို စေလွှတ်တော်မူ၏။ ဤ​နည်း​ဖြင့် သူတို့​သည် ဘုရားတရား​ကိုင်းရှိုင်းသော​ဘဝ​ဖြင့် နေထိုင်​နိုင်ကြမည်။


သို့ဖြစ်၍ ကျွန်ုပ်တို့​၏​စိတ်နှလုံးသား​ကို အပြစ်ရှိကြောင်း​ထင်မှတ်သော​အသိစိတ်​မှ ရှင်းလင်း​စေရန် ကိုယ်တော်​၏​အသွေးတော်​ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာ​ကိုလည်း သန့်စင်သော​ရေ​ဖြင့် ဆေးကြောခြင်းတို့​ကို ခံယူ​လျက် စစ်မှန်သော​စိတ်နှလုံး​နှင့် ယုံကြည်ခြင်း​ကြောင့် ဖြစ်တည်သော စိတ်ချမှု​အပြည့်​ဖြင့် ဘုရားသခင်​ထံ ချဉ်းကပ်ကြပါစို့။


သားဦးတို့​ကို သတ်သောသူ​သည် အစ္စရေး​လူမျိုးတို့​၏ သားဦးတို့​ကို မထိခိုက်​စေရန် မောရှေ​သည် ယုံကြည်ခြင်း​ဖြင့် ပသခါပွဲ​ကျင်းပ​၍ အသွေး​ဖျန်းလေ၏။


ပဋိညာဉ်​သစ်​၏ ကြားဝင်​စေ့စပ်သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏ သွေး​ထက် ပို၍ မြတ်သော​အရာ​ကို မိန့်ဆိုသည့် ပက်ဖျန်းထားသော​သွေးတော်​ထံသို့ လည်းကောင်း ရောက်ကြ၏။


ကိုယ်တော်​သည် ပြီးပြည့်စုံ​လာသည့်​အတွက် မိမိ​ကို နာခံ​သူအပေါင်းတို့​အား ထာဝရ​ကယ်တင်ခြင်း​ကို ပေးတော်မူသော​အရှင်​ဖြစ်လာ၏။


သင်တို့​သည် ဘုရားသခင်​ကို နာခံသော​သားသမီးများ​ဖြစ်​သောကြောင့် သင်တို့​မသိ​နားမလည်ခဲ့​စဉ်​အချိန်​က လိုက်ခဲ့သော တပ်မက်မှု​နောက်သို့ မလိုက်ကြနှင့်။


အပြစ်​အနာဆာ​နှင့် အစွန်းအထင်း​ကင်းသည့် သိုးသငယ်​ကဲ့သို့သော ခရစ်တော်​၏ အဖိုးတန်​သည့် အသွေးတော်​ဖြင့် ရွေးနုတ်တော်မူ၏။


ခရစ်တော်​သည် ဤ​ကမ္ဘာ​မတည်ရှိ​မီ​ကပင် ခန့်ထားတော်မူခြင်း​ခံရ​သော်လည်း ဤ​နောက်ဆုံးသော​ကာလ​တွင် သင်တို့​အတွက် ပေါ်ထွန်းတော်မူ၏။


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


သို့သော် သင်တို့​မှာမူ ရွေးကောက်ခံရသော​အမျိုး၊ တော်ဝင်​ယဇ်ပုရောဟိတ်​အမျိုး၊ သန့်ရှင်းသော​လူမျိုး၊ ဘုရားသခင်​ပိုင်ဆိုင်သော​လူမျိုး​ဖြစ်ကြ၏။ ဤသည်​မှာ သင်တို့​ကို အမှောင်​ထဲမှ အံ့ဖွယ်​အလင်း​ထဲသို့ ခေါ်တော်မူသော​ဘုရားသခင်​ပြုသည့် အံ့ဩဖွယ်​အမှုများ​ကို ကြွေးကြော်​ရန်​ဖြစ်၏။


ဘုရားသခင်​နှင့် ကျွန်ုပ်တို့​၏​သခင် ယေရှု​ကို သိကျွမ်းခြင်း​အားဖြင့် ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် ကြွယ်ဝ​စွာ သက်ရောက်ပါစေသော။


အသက်ကြီးသူ​ဖြစ်သော ကျွန်ုပ်​ယောဟန်​သည် ကျွန်ုပ်​အမှန်တကယ်​ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်း​ခံရသော​အမျိုးသမီး​နှင့် သူ​၏ သားသမီးများ​ထံသို့ စာရေးလိုက်ပါ၏။ သင်တို့​ကို ကျွန်ုပ်​တစ်ဦးတည်း​သာမက သမ္မာတရား​ကို သိသောသူ​အပေါင်းတို့​ကလည်း ချစ်ခင်ကြ၏။


ဘုရားသခင် ရွေးကောက်တော်မူသော သင့်​ညီမ​၏ သားသမီးတို့​သည် သင့်​အား နှုတ်ဆက်လိုက်ကြ၏။ ရှင်ယောဟန်​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


ဘုရားသခင်​၏ ကရုဏာတော်၊ ငြိမ်းချမ်းခြင်း​နှင့် ချစ်ခြင်းမေတ္တာ​ကို သင်တို့​အပေါ် ကြွယ်ဝ​စွာ သက်ရောက်ပါစေသော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ