ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် သွေးကို စားသုံးခြင်းတို့မှရှောင်ကြဉ်ရန်သာ စာရေး၍ မှာကြားသင့်ကြောင်း ကျွန်ုပ်ယူဆပါ၏။
၁ ကော 5:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ထဲမှ လူတစ်ယောက်သည် မိထွေးဖြစ်သူနှင့် ပေါင်းသင်းနေထိုင်လျက်ရှိကြောင်း ကျွန်ုပ်ကြားသိရ၏။ ဘုရားသခင်ကို မကိုးကွယ်သောသူများ၌ပင် ထိုကဲ့သို့ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း မရှိ။ Common Language Bible မယုံကြည်သူများပင်လျှင်ပြုကျင့်ကြမည် မဟုတ်သည့်ကာမဂုဏ်လိုက်စားမှု သင်တို့တွင် ရှိနေကြောင်းကိုငါကြားသိရ၏။ လူတစ် ယောက်သည်မိမိ၏မိထွေးနှင့်ပေါင်းသင်းနေ ထိုင်လျက်ရှိသည်ဟုငါကြားသိရ၏။- Garrad Bible လူ မျိုး ခြား တို့ ပင် ကင်း သော မေ ထုန် မှု ကို သင် တို့ ဘောင် တွင် လူ တစ် ယောက် သည် ကိုယ့် နှောင်း မိ နှင့် ပြု ကြောင်း မု ချ ကြေ ငြာ ရှိ လျက် နှင့်၊ Judson Bible မတရားသောမေထုန် သာမညမဟုတ်၊ အဘ၏မယားကို သိမ်းယူခြင်းတည်းဟူသော သာသနာပလူတို့တွင်ပင် မကြားရသော မေထုန်၌မှီဝဲသောသူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့ထဲ၌ မိမိဖခင်၏မယားနှင့် ပေါင်းသင်းနေထိုင်သည့် တရားနှင့်မညီမေထုန်ပြုခြင်းမျိုးရှိနေကြောင်း သတင်းပျံ့နှံ့လျက်ရှိ၏။ ထိုကဲ့သို့သော တရားနှင့်မညီမေထုန်ပြုခြင်းမျိုးသည် လူမျိုးခြားများထဲ၌ပင်မရှိ။ |
ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် သွေးကို စားသုံးခြင်းတို့မှရှောင်ကြဉ်ရန်သာ စာရေး၍ မှာကြားသင့်ကြောင်း ကျွန်ုပ်ယူဆပါ၏။
သင်တို့သည် ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ သွေးကို စားသုံးခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် တရားနှင့်မညီသော မေထုန်ပြုခြင်းကို ရှောင်ကြဉ်ရမည်။ သင်တို့သည် ထိုအရာများနှင့် ကင်းရှင်းလျှင် ကောင်း၏။ ကျန်းမာကြပါစေ။ ဟု ရေးသားထား၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… သင်တို့အချင်းချင်း ငြင်းခုံလျက်ရှိကြောင်း ခလောဣအိမ်သား တချို့က ကျွန်ုပ်ကို ပြောပြကြ၏။
ကျွန်ုပ်ဆိုလိုသည်မှာ ယုံကြည်သူဖြစ်သည်ဟု ဆိုလျက် တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ လောဘကြီးသူ၊ ရုပ်တုကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာသူ၊ သောက်စားမူးရူးသူ၊ လိမ်လည်လှည့်ဖြားသူဖြစ်နေလျှင် ထိုသူနှင့် မပေါင်းဖော်ကြရန် သာမက သူနှင့်အတူ စားသောက်ခြင်းကိုပင် မပြုကြနှင့်ဟူ၍ ဖြစ်၏။
သင်တို့က “အစာသည် ဝမ်းအတွက် ဖြစ်၍ ဝမ်းသည် အစာအတွက် ဖြစ်သည်” ဟု ဆိုကြ၏။ ဤစကားသည် မှန်၏။ သို့သော်လည်း တစ်နေ့တစ်ချိန်တွင် ဘုရားသခင်သည် ထိုအရာနှစ်မျိုးလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီသော မေထုန်ကိုပြုရန်အတွက် မဟုတ်ဘဲ ဘုရားသခင်အတွက်သာ ဖြစ်၏။ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ကြည့်ရှုစောင့်ရှောက်တော်မူ၏။
တရားနှင့်မညီသော မေထုန်ပြုခြင်းကို ရှောင်ကြဉ်ကြလော့။ လူကျူးလွန်တတ်သော အခြားအပြစ်အားလုံးသည် ကိုယ်ခန္ဓာ၏ ပြင်ပတွင် ဖြစ်သော်လည်း တဏှာလွန်ကြူးသောအပြစ်မှာမူ မိမိကိုယ်ခန္ဓာကို ပြစ်မှားခြင်းဖြစ်၏။
မတရားပြုသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြောင်း သင်တို့မသိကြသလော။ ယူဆမှုမလွဲကြနှင့်။ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူများ၊ ယောက်ျားချင်းဆက်ဆံသူများ၊
နောက်တစ်ကြိမ် ကျွန်ုပ်ရောက်လာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ကျွန်ုပ်ကို နှိမ့်ချတော်မူ၍ ယခင်က ကျူးလွန်ခဲ့သည့် စက်ဆုပ်ညစ်ညမ်းခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ကာမဂုဏ်လိုက်စားခြင်းတို့ကို ယခုတိုင်အောင် ကျူးလွန်လျက် နောင်တမရသေးသောသူများစွာအတွက်ကြောင့် ကျွန်ုပ်ဝမ်းနည်းရမည်ကိုလည်း စိုးရိမ်၏။
တစ်စုံတစ်ယောက်သည် အပြစ်ကျူးလွန်ခြင်းအားဖြင့် ဝမ်းနည်းစရာဖြစ်စေလျှင် သူသည် ကျွန်ုပ်ကို ဝမ်းနည်းစေသည်ထက် အတိုင်းအတာတစ်ခုအထိ သင်တို့အားလုံးကို ပို၍ ဝမ်းနည်းစေသည်ဟု ကျွန်ုပ်ပြောလျှင် လွန်ရာကျမည်မဟုတ်ပါ။
ထို့ကြောင့် သင်တို့ထံသို့ ကျွန်ုပ်စာရေးလိုက်သော်လည်း ထိုသို့ရေးရခြင်းမှာ ပြစ်မှားသောသူအတွက်ကြောင့် မဟုတ်သကဲ့သို့ နစ်နာသောသူအတွက်ကြောင့်လည်း မဟုတ်။ သင်တို့သည် ဘုရားသခင်ရှေ့တော်တွင် ကျွန်ုပ်တို့ကို မည်မျှ ချစ်ခင်ရိုသေကြကြောင်း မိမိကိုယ်ကိုယ် မြင်နိုင်ရန်သာဖြစ်၏။
လူ့ဗီဇစိတ်၏ လုပ်ဆောင်ချက်သည် သိသာထင်ရှား၏။ ၎င်းတို့မှာ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊
တရားနှင့် မညီသော မေထုန်ကို ပြုခြင်း၊ အမျိုးမျိုးသော စက်ဆုပ်ညစ်ညမ်းမှုပြုခြင်း၊ လောဘလွန်ကြူးခြင်းတို့သည် ယုံကြည်သူများအတွက် မသင့်လျော်သည့် ဒုစရိုက်အမှုများ ဖြစ်သောကြောင့် သင်တို့ထဲ၌ အရိပ်အယောင်မျှပင် မရှိစေနှင့်။
ထို့ကြောင့် တရားနှင့်မညီသော မေထုန်ပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကိလေသာစိတ် ပြင်းပြခြင်း၊ မကောင်းမှုကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဟူသော လောဘလွန်ကြူးခြင်း စသည့် လောကီဆိုင်ရာအကျင့်တို့ကို အဆက်ဖြတ်ကြလော့။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ညစ်ညူးစေရန် ခေါ်တော်မူသည် မဟုတ်ဘဲ သန့်ရှင်းစေရန် ခေါ်တော်မူသောကြောင့်ဖြစ်၏။
ငါသည် သူ့အား နောင်တရရန် အခွင့်အရေးပေးခဲ့သော်လည်း သူသည် တရားနှင့်မညီသော မေထုန်ပြုခြင်းအတွက် နောင်တရရန် ငြင်းဆန်ခဲ့၏။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။