Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဂ​လာ​တိ 5:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 လူ့​ဗီဇစိတ်​၏ လုပ်ဆောင်ချက်​သည် သိသာ​ထင်ရှား၏။ ၎င်းတို့​မှာ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 လူ့​ဇာ​တိ​နှင့်​ဆိုင်​သော​အ​ပြု​အ​မူ​များ​မှာ သိ​သာ​ထင်​ရှား​၏။ ထို​အ​ရာ​များ​ကား​ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​ခြင်း၊ အ​ကျင့် ပျက်​ခြင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ရုပ် ခ န္ဓာ ဆိုင် ရာ အ ကျင့် များ တည်း ဟူ သော မေ ထုန် မှီ ဝဲ ခြင်း၊ ညစ် ညူး ခြင်း၊ ကာ မ ဂုဏ် လိုက် စား ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ဇာ​တိ​ပ​က​တိ​အ​ကျင့်​တို့​သည် ထင်​ရှား​ကြ၏။ ထို​အ​ကျင့်​တို့​မူ​ကား၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သွေးသား​ဇာတိ​နှင့်ဆိုင်သော လုပ်ဆောင်​မှု​တို့​မူကား သိသာ​ထင်ရှား​၏။ ၎င်း​တို့​မှာ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 5:19
30 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်​ကောင်းသူများ၊ လူသတ်သမားများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တု​ကိုးကွယ်သူများ​နှင့် လိမ်လည်သူများ​အားလုံးတို့​သည် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ ပစ်ချခြင်း​ခံကြရမည်။ မီးအိုင်​သည် ဒုတိယ​သေခြင်း​ဖြစ်၏” ဟု​မိန့်တော်မူ၏။


လူ့​ဗီဇစိတ်​ကို အလို​လိုက်​၍ စိုက်ပျိုးသောသူ​သည် ဗီဇစိတ်​မှ ပျက်စီးခြင်း​ကို ရိတ်သိမ်းရ​လိမ့်မည်။ ဝိညာဉ်တော်​၏ အလိုတော်​အတိုင်း စိုက်ပျိုးသောသူ​သည် ဝိညာဉ်တော်​ထံမှ ထာဝရ​အသက်​ကို ရိတ်သိမ်းရ​လိမ့်မည်။


တစ်ချိန်​က ကျွန်ုပ်တို့​သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်း​နှင့် အပျော်အပါး​လိုက်စားခြင်းတို့​၌ ကျွန်ခံသူ၊ ဆိုးညစ်သော​စိတ်​နှင့် မနာလိုသော​စိတ်တို့​ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်း​ကို ခံရသူ၊ အချင်းချင်း​မုန်းတီးသူ​တို့ ဖြစ်ခဲ့ကြ၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် လူ့​ဗီဇစိတ်​၏ ထိန်းချုပ်မှု​အောက်​၌ ရှိနေကြသေး​သောကြောင့်​ဖြစ်၏။ သင်တို့​သည် အချင်းချင်း မနာလို​လျက်၊ ရန်ဖြစ်​လျက် ရှိနေကြသည်​မှာ သင်တို့​၏ လူ့ဗီဇစိတ်​က သင်တို့​ကို ထိန်းချုပ်ထားကြောင်း သက်သေပြနေခြင်း​ပင် မဟုတ်လော။ သင်တို့​သည် လောကီသား​ကဲ့သို့​ပင် ပြုမူနေထိုင်ကြသည်​မဟုတ်လော။


သင်တို့​သည် လူ့​ဗီဇစိတ်​၏ အလို​အတိုင်း အသက်ရှင်​လျှင် သေကြရ​လိမ့်မည်။ သို့သော် လူ့​ဗီဇစိတ်​၏ အကျင့်တို့​ကို ဝိညာဉ်တော်​အားဖြင့် အဆုံးသတ်​လျှင်​မူ အသက်ရှင်ကြ​လိမ့်မည်။


လူ့​ဗီဇစိတ် အလို​အတိုင်း အသက်ရှင်သော​သူတို့​သည် လူ့​ဗီဇစိတ်​နှင့်ဆိုင်သော အရာတို့​ကို စွဲလမ်းကြ၏။ ဝိညာဉ်တော်​၏ အလို​အတိုင်း အသက်ရှင်သောသူတို့​မှာ ဝိညာဉ်တော်​နှင့်​ဆိုင်သော အရာတို့​ကို စွဲလမ်းကြ၏။


မြို့ပြင်​တွင်​မူ ခွေး​ဖြစ်သော​သူများ၊ ပြုစားသောသူများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တု​ကိုးကွယ်သူများ၊ လိမ်လည်ခြင်း​ကို နှစ်သက်​၍ ကျင့်သုံးသောသူ​အပေါင်းတို့ ရှိကြ၏။


တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ကို ရှောင်ကြဉ်ကြလော့။ လူ​ကျူးလွန်တတ်သော အခြား​အပြစ်​အားလုံး​သည် ကိုယ်ခန္ဓာ​၏ ပြင်ပ​တွင် ဖြစ်​သော်လည်း တဏှာ​လွန်ကြူးသော​အပြစ်​မှာမူ မိမိ​ကိုယ်ခန္ဓာ​ကို ပြစ်မှားခြင်း​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် လူ့​ဗီဇစိတ်​သည် ဝိညာဉ်တော်​နှင့် ဆန့်ကျင်သော​အရာ​ကို အလိုရှိ​၍ ဝိညာဉ်တော်​သည် လူ့ဗီဇစိတ်​နှင့် ဆန့်ကျင်သော​အရာ​ကို အလိုရှိ​သောကြောင့် ဖြစ်၏။ လူ့ဗီဇစိတ်​နှင့် ဝိညာဉ်တော်တို့​သည် တစ်ပါး​နှင့် တစ်ပါး ဆန့်ကျင်​လျက် ရှိ​သဖြင့် သင်တို့​သည် မိမိ​အလိုဆန္ဒ​အတိုင်း မပြုနိုင်ကြပေ။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် လွတ်လပ်ခွင့်​ရ​ရန်​အတွက် ခေါ်တော်မူခြင်း​ခံရသူများ ဖြစ်၏။ သို့သော် သင်တို့​၏ လွတ်လပ်ခွင့်​ကို မိမိ​ဗီဇစိတ်​အလို​သို့ လိုက်​ရန်​အတွက် အခွင့်အရေး​အဖြစ်​အသုံးမပြုဘဲ မေတ္တာ​ဖြင့် အချင်းချင်း​အစေခံခြင်း​အတွက် အသုံးပြုကြလော့။


သို့သော် ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် သင်တို့​သည် လူ့​ဗီဇစိတ်​၏ အလို​အတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်​၏ အလို​အတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်​၏ ဝိညာဉ်တော်​ကို မရသောသူ​သည် ခရစ်တော်​နှင့် မသက်ဆိုင်။


ကျွန်ုပ်​အထဲ​၌ တစ်နည်း​အားဖြင့် ကျွန်ုပ်​၏​လူ့​ဗီဇ​စိတ်​၌ ကောင်းသော​အရာ​တစ်စုံတစ်ခု​မျှ မကိန်းအောင်းသည်​ကို ကျွန်ုပ်​သိ၏။ မှန်သော​အပြုအမူ​ကို ပြုလိုသော​စိတ်​ရှိ​သော်လည်း ပြုနိုင်စွမ်း​မရှိ။


လူ့​ဗီဇစိတ်​အတိုင်း ကျွန်ုပ်တို့ ကျင်လည်ခဲ့​စဉ်က ပညတ်တရား​၏ လှုံ့ဆော်မှု​အားဖြင့် ပေါ်ပေါက်လာသော အပြစ်​ပြုလိုစိတ်​သည် ကျွန်ုပ်တို့​အတွင်း​၌ သက်ဝင်လှုပ်ရှား​၍ သေခြင်း​သို့​ပို့ဆောင်သည့်​အကျင့်ဆိုး​ကို ဖြစ်စေကြ၏။


အသွေးအသား​အားဖြင့် မွေးဖွားသူ​သည် အသွေးအသား​ဖြစ်၏။ သို့သော် ဝိညာဉ်တော်​အားဖြင့် မွေးဖွားသူ​သည် ဝိညာဉ်​ဖြစ်၏။


လူ့​ဗီဇစိတ်​၏ အားနည်းမှု​ကြောင့် မောရှေ​၏ ပညတ်တရား​သည် ကျွန်ုပ်တို့​ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်​သည် မိမိ​သားတော်​ကို လူ့​ဗီဇစိတ်​ရှိသည့် လူ့​ကိုယ်ခန္ဓာ​ထဲသို့ စေလွှတ်တော်မူခြင်း​အားဖြင့် ပညတ်တရား​မတတ်နိုင်သော​အမှု​ကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်​သည် သားတော်​ကို ယဇ်​အဖြစ် ပူဇော်ခြင်း​အားဖြင့် လူ့​ဗီဇစိတ်​အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရား​ကို အဆုံးသတ်တော်မူ၏။


ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ကယ်တင်တော်မူသော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြီးလှ၏။ ဤသို့ဖြင့် ကျွန်ုပ်​၏​စိတ်နှလုံး​အတွင်း​၌ ဘုရားသခင်​၏​ပညတ်တရား​ကို နာခံ​လို​သော်လည်း လူ့​ဗီဇစိတ်​အားဖြင့်​မူ အပြစ်တရား​ကို နာခံ​လျက် နေရ၏။


ထိမ်းမြား​လက်ထပ်ခြင်း​ကို လူတိုင်း​တန်ဖိုးထား​လေးစားရမည်။ အိမ်ထောင်ရေး​တွင် တစ်ဦး​ကို​တစ်ဦး သစ္စာရှိ​ရမည်။ ဘုရားသခင်​သည် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူတို့​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်သော​သူတို့​ကို စီရင်တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ