၁ ကော 12:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤဆုကျေးဇူးအားလုံးကို သက်ဝင်လှုပ်ရှားစေတော်မူသောသူမှာ တစ်ပါးတည်းသော ဝိညာဉ်တော်ဖြစ်တော်မူ၏။ ထိုဝိညာဉ်တော်တစ်ပါးတည်းကသာ မိမိအလိုအတိုင်း ထိုဆုကျေးဇူးတို့ကို တစ်ဦးစီအား အသီးသီးဝေငှပေးတော်မူ၏။ Common Language Bible သို့ရာတွင်ဤတန်ခိုးစွမ်းရည်အပေါင်းတို့ ကိုချပေးတော်မူသောအရှင်ကားဝိညာဉ် တော်တစ်ပါးတည်းဖြစ်၏။ ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်းလူတစ်ဦးစီအား ထူးခြားသည့်ဆုကျေးဇူးကိုချပေးတော် မူသတည်း။ Garrad Bible ထို အ ကျိုး ဆက် များ သည် အ သီး အ သီး တို့ အား အ လို တော် အ လျောက် ဝေ မျှ တော် မူ သော ထို ဝိ ညာဉ် တော် တစ် ဆူ တည်း အား ဖြင့် ဖြစ် ပွား လေ သ တည်း။ Judson Bible ဤအခွင့်ရှိသမျှတို့ကို တစ်ပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုဝိညာဉ်တော်တစ်ပါးတည်းသည် ဤအမှုအရာအလုံးစုံတို့ကို လုပ်ဆောင်တော်မူ၍ အလိုတော်ရှိသည့်အတိုင်း ထိုဆုကျေးဇူးများကို တစ်ဦးစီအား အသီးသီးခွဲဝေပေးတော်မူ၏။ |
ငါပိုင်သည့် ငွေကို ငါသုံးလိုသည့်အတိုင်း သုံးခွင့်မရှိသလော။ ငါသည် ရက်ရောသောကြောင့် သင်တို့သည် မနာလိုစိတ်ရှိသလော’ ဟု တုံ့ပြန်၏။
ယောဟန်က “ဘုရားသခင်သည် ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် မည်သည့်အရာကိုမျှ မရရှိနိုင်ပါ။
လေသည် လိုရာအတိုင်း တိုက်တတ်၏။ သင်သည် လေသံကို ကြားရသော်လည်း မည်သည့်အရပ်က တိုက်လာသည်၊ မည်သည့်အရပ်သို့တိုက်လိမ့်မည်ကို မသိ။ ထိုနည်းတူ ဝိညာဉ်တော်အားဖြင့် လူတို့ကို မည်ကဲ့သို့ မွေးဖွားကြောင်း သင်မသိနိုင်” ဟု မိန့်တော်မူ၏။
ခမည်းတော်သည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို ရှင်စေ၏။
သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်အတိုင်း ကျွန်ုပ်တို့သည် ကွဲပြားခြားနားသော ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့လက်ခံရရှိသော ဆုကျေးဇူးသည် ပရောဖက်ပြုဟောပြောခြင်းဖြစ်လျှင် ယုံကြည်ခြင်း၏ ပမာဏအတိုင်း ဟောပြောကြရမည်။
ထို့ကြောင့် ဘုရားသခင်သည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏။ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။
သို့သော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုစီကို အလိုတော်ရှိသည့်အတိုင်း ကိုယ်ခန္ဓာ၌ အသီးသီး နေရာချတော်မူ၏။
လုပ်ဆောင်ပုံအမျိုးမျိုးရှိသော်လည်း လူအပေါင်းတို့၌ ရှိသော လုပ်ဆောင်ပုံအားလုံးကို သက်ဝင်လှုပ်ရှားစေတော်မူသော ဘုရားသခင် တစ်ပါးတည်းရှိ၏။
သင်တို့တစ်ဦးစီသည် ဘုရားသခင် ထားတော်မူသော မည်သည့် အခြေအနေတွင်မဆို ဆက်လက်ပြုမူနေထိုင်၍ သင်တို့ကို စတင်ရွေးကောက်တော်မူသည့်အချိန်က ကဲ့သို့ပင် ဆက်လက်ရှိနေသင့်၏။ ဤသည်မှာ အသင်းတော်အားလုံးကို ကျွန်ုပ်ညွှန်ကြားသောအချက်ဖြစ်၏။
ကျွန်ုပ်သည် လူတိုင်းကို ကျွန်ုပ်ကဲ့သို့ အိမ်ထောင်မပြုဘဲ နေစေလို၏။ သို့သော်လည်း လူတိုင်းတွင် ဘုရားသခင်ထံမှ ရရှိသော အထူးဆုကျေးဇူးတစ်မျိုးစီရှိ၏။
သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏ အတိုင်းအတာကို ကျော်လွန်၍ ကြွားဝါမည်မဟုတ်။ ကျွန်ုပ်တို့အား ဘုရားသခင် ပေးအပ်ထားတော်မူသောနယ်ပယ်အတွင်း၌သာ ကြွားဝါမည်။ သင်တို့သည်လည်း ထိုနယ်ပယ်အတွင်း၌ ပါဝင်၏။
အရာအားလုံးကို မိမိအလိုတော်နှင့်ညီသော အကြံအစည်တော်အတိုင်း လုပ်ဆောင်တော်မူသည့်ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ရှေးယခင်ကပင် ကြိုတင်သတ်မှတ်တော်မူသည့်အတိုင်း မိမိ၏အမွေခံများအဖြစ် ရွေးချယ်တော်မူ၏။
သို့သော် ကျွန်ုပ်တို့တစ်ဦးစီသည် ခရစ်တော် ခွဲဝေပေးတော်မူသည့်အတိုင်း အထူးစွမ်းရည်ကို အသီးသီး ရရှိကြ၏။
တစ်ချိန်တည်းမှာပင် ဘုရားသခင်ကလည်း နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များ၊ အမျိုးမျိုးသော အံ့ဖွယ်တန်ခိုးများ၊ မိမိအလိုတော်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးများကို ဝေမျှတော်မူခြင်း စသည်တို့ဖြင့် သူတို့နှင့်အတူ သက်သေခံတော်မူ၏။
ကိုယ်တော်သည် မိမိအလိုတော်နှင့်အညီ သမ္မာတရားစကားအားဖြင့် ကျွန်ုပ်တို့ကို ဖြစ်ပွားစေတော်မူ၏။ ဤအရာမှာ ဖန်ဆင်းတော်မူသမျှသောအရာတို့တွင် ကျွန်ုပ်တို့အား အဦးဆုံးသောအသီးကဲ့သို့ ဖြစ်စေရန် ဖြစ်၏။