၂ ကော 10:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း13 သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏ အတိုင်းအတာကို ကျော်လွန်၍ ကြွားဝါမည်မဟုတ်။ ကျွန်ုပ်တို့အား ဘုရားသခင် ပေးအပ်ထားတော်မူသောနယ်ပယ်အတွင်း၌သာ ကြွားဝါမည်။ သင်တို့သည်လည်း ထိုနယ်ပယ်အတွင်း၌ ပါဝင်၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ငါတို့မူကားဝါကြွားသင့်သည့်အတိုင်း အတာကိုကျော်လွန်၍ဝါကြွားကြမည်မ ဟုတ်။ သင်တို့တွင်ငါတို့လုပ်ဆောင်သောလုပ် ငန်းအပါအဝင်ငါတို့လုပ်ဆောင်ရန် ဘုရား သခင်ကိုယ်တော်တိုင်သတ်မှတ်ပေးတော်မူ သည့်လုပ်ငန်းနယ်ပယ်အတွင်း၌သာငါတို့ ဝါကြွားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ငါ တို့ မူ ကား ကိုယ့် ပ မာ ဏ ထက် လွန်၍ ဂုဏ် တင် မည် မ ဟုတ်။ သင် တို့ ကို ပင် မီ အောင် ဘု ရား သ ခင် ခန့် ထား တော် မူ သော အ တိုင်း အ တာ ပ မာ ဏ နှင့် သာ ဂုဏ် တင် မည်။ အခန်းကိုကြည့်ပါ။Judson Bible13 ထိုမှတစ်ပါး၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး၍ ပြုသောအမှုအရာကို ငါတို့ကြွားဝါခြင်းမရှိဝံ့၊ ဘုရားသခင် ဝေငှတော်မူသောအငန်းအတာ၏ အတိုင်းအရှည်အတွင်းတွင် ပြုသောအရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်းအရှည်သည် သင်တို့တိုင်အောင်ပင် မီသတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 သို့သော် ငါတို့သည် မိမိတို့အတိုင်းအတာကိုကျော်လွန်၍ ဝါကြွားမည်မဟုတ်။ ငါတို့အား ဘုရားသခင်သတ်မှတ်ပေးတော်မူသော နယ်ပယ်၏အတိုင်းအတာတည်းဟူသော သင်တို့ထံသို့တိုင်အောင်ပင် ရောက်ရှိလာသည့်အတိုင်းအတာနှင့်အညီ ဝါကြွားမည်။ အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်အား ဘုရားသခင်ပေးအပ်တော်မူသော တမန်တော်ဖြစ်ခြင်း အခွင့်ထူးဖြင့် သင်တို့တစ်ဦးချင်းကို ကျွန်ုပ်ပြောလိုသည်မှာ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်ထက် ပို၍ အထင်မကြီးကြနှင့်။ မိမိတို့အတွက် ဘုရားသခင်ခွဲဝေပေးသနားတော်မူသော ယုံကြည်ခြင်းပမာဏအတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်ရိုးသားစွာ သုံးသပ်ကြလော့။