Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 12:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ယုံကြည်သူများ​သည် ခရစ်တော်​၌ အင်္ဂါ​အစိတ်အပိုင်း​များစွာ​ပါရှိသည့် ကိုယ်ခန္ဓာ​ကဲ့သို့ ဖြစ်ကြ၏။ လူ့​ကိုယ်ခန္ဓာ​တွင် အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​သော်လည်း ထို​အစိတ်အပိုင်း​များစွာ​သည် ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ခ​ရစ်​တော်​သည်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ရှိ သည့်​ကိုယ်​ခန္ဓာ​နှင့်​တူ​၏။ ကိုယ်​ခန္ဓာ​သည်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​ရှိ​သော်​လည်း​တစ်​ကိုယ် တည်း​သာ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 တစ် ကိုယ် တည်း ၌ အင်္ဂါ များ ရှိ ရာ ထို အ များ ဖြစ် သော အင်္ဂါ အ ပေါင်း သည် တစ် ကိုယ် တည်း ဖြစ် သည့် နည်း တူ ခ ရစ် တော် လည်း ဖြစ် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု​တည်း၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍ ထို​တစ်​ခု​တည်း​သော ကိုယ်​အင်္ဂါ​အ​ပေါင်း​တို့​သည် များ​လျက်​နှင့် ကိုယ်​တစ်​ခု​တည်း​ဖြစ်​သ​ကဲ့​သို့၊ ထို​နည်း​တူ ခ​ရစ်​တော်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထို့ကြောင့် ကိုယ်ခန္ဓာ​သည် တစ်ခုတည်း​ဖြစ်​သော်လည်း အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​၍ ကိုယ်ခန္ဓာ​၌​အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​သော်လည်း အားလုံး​သည် ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်​သကဲ့သို့ ခရစ်တော်​သည်​လည်း ထိုနည်းတူ​ဖြစ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 12:12
16 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်တို့​သည် အများ​ဖြစ်​သော်လည်း ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်သည်​ကို ပြသ​ရန် မုန့်​တစ်လုံးတည်း​ကို မျှစားကြ၏။


ယခု​တွင်မူ အင်္ဂါ​အစိတ်အပိုင်း​များစွာ ရှိ​သော်လည်း ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်၏။


သင်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်ကြပြီး သင်တို့​တစ်ဦးချင်း​သည် အင်္ဂါ​အစိတ်အပိုင်းများ​ဖြစ်ကြ၏။


အများ​ကောင်းကျိုး​ဖြစ်​စေရန် ဝိညာဉ်​ဆုကျေးဇူး​ကို ကျွန်ုပ်တို့ တစ်ဦးစီ​တိုင်း​အား ပေးတော်မူ၏။


ဘုရားသခင်​သည် အာဗြဟံ​နှင့် သူ​၏​မျိုးနွယ်​အတွက် ကတိပြုတော်မူ၏။ ထိုသို့ ကတိပြုတော်မူရာ​တွင် အများ​ကို ရည်ညွှန်း​၍ “အမျိုးအနွယ်များ” ဟု မိန့်တော်မမူဘဲ တစ်ယောက်သောသူ​ကိုသာ ရည်ညွှန်း​၍ “သင်​၏ အမျိုးအနွယ်” ဟု မိန့်တော်မူ၏။ ထို​တစ်ယောက်သောသူ​မှာ ခရစ်တော်​ဖြစ်၏။


ထို​အသင်းတော်​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ ဖြစ်၏။ အရာ​အားလုံး​ကို နည်း​မျိုးစုံ​ဖြင့် ဖြည့်ဆည်းပေး​တော်မူသော ခရစ်တော်​သည် ထို​အသင်းတော်​ကို ပြည့်စုံစေတော်မူ၏။


သူတို့​၏​တာဝန်​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ ဟူသော အသင်းတော်​ကို တည်ဆောက်​နိုင်ရန်​အတွက် ယုံကြည်သူတို့​ကို အမှုတော်လုပ်ငန်း​အတွက် ပြင်ဆင်ပေးခြင်း ဖြစ်၏။


သင်တို့​ကို ဘုရားသခင် ရွေးချယ်တော်မူ​သောအခါ တစ်ပါးတည်းသော မျှော်လင့်ချက်​အတွက် ရွေးချယ်တော်မူ​သကဲ့သို့ ကိုယ်ခန္ဓာ​တစ်ပါးတည်း၊ ဝိညာဉ်တော်​တစ်ပါးတည်း ရှိ၏။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည် အသင်းတော်​၏ ဦးခေါင်း ဖြစ်​သကဲ့သို့ ခင်ပွန်း​သည် ဇနီး​၏ ဦးခေါင်း ဖြစ်​သောကြောင့်​ပင်။ ဦးခေါင်း ဖြစ်သည့် ခရစ်တော်​သည် အသင်းတော် ဟူသော မိမိ​၏​ကိုယ်ခန္ဓာ​ကို ကယ်တင်သော​အရှင် ဖြစ်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ ဖြစ်ကြ​သောကြောင့် ဖြစ်၏။


ကိုယ်တော်​သည် အသင်းတော်​ဟူသော မိမိ​ကိုယ်ခန္ဓာ​၏ ဦးခေါင်း​ဖြစ်​၍ ကိုယ်ခန္ဓာ​၏ မူလ​အရင်းအမြစ် ဖြစ်တော်မူ၏။ သေရာ​မှ အဦးဆုံး ရှင်ပြန်​ထမြောက်လာသော သားဦး ဖြစ်တော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်​သည် အရာ​အားလုံး​တွင် အကြီးမြတ်ဆုံး ဖြစ်တော်မူ၏။


ယခု​အခါ ကျွန်ုပ်​သည် သင်တို့​အတွက် ဆင်းရဲဒုက္ခ​ခံရသည်​ကို ဝမ်းမြောက်​၍ ခရစ်တော်​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​ကာ ကြွင်းကျန်​နေသေးသော ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်သော အသင်းတော်​အတွက် ကျွန်ုပ်​၏ ခန္ဓာ​သွေးသား​ဖြင့် ဖြည့်ဆည်းနေ၏။


သူတို့​သည် ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​၌ မှီခိုအားထားခြင်း မရှိ။ ထို​ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော အရွတ်များ​ဖြင့် ဆက်စပ်​၍ အားဖြည့်​လျက် ဘုရားသခင် ကြီးထွား​စေလိုတော်မူသည့်​အတိုင်း ကြီးထွားကြ၏။


သင်တို့​သည် ကိုယ်ခန္ဓာ​တစ်ခုတည်း​၏ အစိတ်အပိုင်းများ ဖြစ်​၍ ငြိမ်းချမ်း​စွာ နေထိုင်​ရန် ရွေးချယ်ခြင်း​ခံကြရ၏။ ထို့ကြောင့် ခရစ်တော် ပေးသနားတော်မူသော ငြိမ်းချမ်းခြင်း​သည် သင်တို့​၏ နှလုံးသား​၌ စိုးမိုးပါစေသော။ ဘုရားသခင်​ကိုလည်း ကျေးဇူးတင်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ