Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 12:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သို့သော်လည်း ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​တစ်ခုစီ​ကို အလိုတော်​ရှိသည့်​အတိုင်း ကိုယ်ခန္ဓာ​၌ အသီးသီး နေရာချ​တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ကိုယ်​ခန္ဓာ​တွင် အင်္ဂါ​အ​စိတ် အ​ပိုင်း​အ​သီး​သီး​တို့​သူ့​နေ​ရာ​နှင့်​သူ ရှိ​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 သို့ ရာ တွင် ဘု ရား သ ခင် သည် အ လို တော် အ လျောက် ကိုယ် ခ န္ဓာ တွင် အင်္ဂါ အ သီး အ သီး ကို ထား တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ယ​ခု​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း အင်္ဂါ​များ​အ​သီး​အ​သီး​တို့​ကို ကိုယ်၌ စီ​ရင်​ခန့်​ထား​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သို့ရာတွင် ဘုရားသခင်​သည် အလို​တော်​ရှိ​သည့်​အတိုင်း ထို​အင်္ဂါ​အစိတ်အပိုင်း​များ​ကို ကိုယ်ခန္ဓာ​၌ အသီးသီး​ပြင်ဆင်​ပေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 12:18
18 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​၌ ယေရှု​သည် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ရွှင်လန်း​လျက် “ကောင်းကင်​နှင့် မြေကြီး​၏​အရှင်​သခင် ဖြစ်တော်မူသော​အဖ… လောကီ​ပညာရှင်များ​နှင့် ဉာဏ်ပညာ​ထက်မြက်သူများ​အား ဤ​အရာများ​ကို ဝှက်ထားတော်မူ​၍ ကလေးငယ်တို့​အား ဖော်ပြတော်မူ​သောကြောင့် ကျေးဇူးတင်ပါ၏။ မှန်ပါ၏​အဖ။ ဤ​သည်​မှာ အဖ​ခမည်းတော် နှစ်သက်တော်မူသော​အရာ​ပင် ဖြစ်၏။


အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့​၏​အဖ​သည် သင်တို့​အား နိုင်ငံတော်​ကို ပေး​ရန် အလိုတော်​ရှိတော်မူ၏။


ကျွန်ုပ်​အား ဘုရားသခင်​ပေးအပ်တော်မူသော တမန်တော်​ဖြစ်ခြင်း အခွင့်ထူး​ဖြင့် သင်တို့​တစ်ဦးချင်း​ကို ကျွန်ုပ်​ပြော​လိုသည်​မှာ သင်တို့​သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်​ထက် ပို၍ အထင်​မကြီးကြနှင့်။ မိမိတို့​အတွက် ဘုရားသခင်​ခွဲဝေ​ပေးသနားတော်မူသော ယုံကြည်ခြင်း​ပမာဏ​အတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်​ရိုးသား​စွာ သုံးသပ်ကြလော့။


သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်​အတိုင်း ကျွန်ုပ်တို့​သည် ကွဲပြား​ခြားနားသော ဆုကျေးဇူး​အသီးသီး​ကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့​လက်ခံရရှိသော ဆုကျေးဇူး​သည် ပရောဖက်ပြု​ဟောပြောခြင်း​ဖြစ်လျှင် ယုံကြည်ခြင်း​၏ ပမာဏ​အတိုင်း ဟောပြောကြရမည်။


ဤ​ဆုကျေးဇူး​အားလုံး​ကို သက်ဝင်လှုပ်ရှား​စေတော်မူသော​သူမှာ တစ်ပါးတည်းသော ဝိညာဉ်တော်​ဖြစ်တော်မူ၏။ ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကသာ မိမိ​အလို​အတိုင်း ထို​ဆုကျေးဇူးတို့​ကို တစ်ဦးစီ​အား အသီးသီး​ဝေငှပေးတော်မူ၏။


အကယ်၍ ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် မျက်စိ​ဖြစ်လျှင် မည်သို့ ကြား​နိုင်မည်နည်း။ ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် နား​ဖြစ်လျှင် မည်သို့​အနံ့ရ​နိုင်မည်နည်း။


အင်္ဂါ​အစိတ်အပိုင်း​အားလုံး​သည် အစိတ်အပိုင်း​တစ်ခုတည်း​သာ ဖြစ်​လျှင် ကိုယ်ခန္ဓာ​ဟူ၍ မည်သို့​ရှိတော့မည်နည်း။


အမြင်​တင့်တယ်သော အင်္ဂါ​အစိတ်အပိုင်းများ​ကိုမူ ထိုသို့ ပြု​ရန် မလိုအပ်ပေ။ သို့သော် ဘုရားသခင်​သည် ဂုဏ်သရေ​နည်းသော အင်္ဂါ​အစိတ်အပိုင်းများ​အား ပို​၍ ဂုဏ်သရေ​ရှိစေ​၍ ကိုယ်ခန္ဓာ​ကို ဖွဲ့စည်းတော်မူ၏။


အသင်းတော်​အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများ​မှာ ပထမ​အနေဖြင့် တမန်တော်များ၊ ဒုတိယ​အနေဖြင့် ပရောဖက်များ၊ တတိယ​အနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်​တန်ခိုး​ကို ပြသူများ၊ ရောဂါ​ပျောက်ကင်းစေနိုင်သော ဆုကျေးဇူး​ကို ရရှိထားသူများ၊ အများ​ကို ကူညီဖေးမသူများ၊ ဦးဆောင်​လမ်းပြနိုင်သူများ၊ ဘာသာစကား​အမျိုးမျိုး​ကို ပြောနိုင်သူများ စသည်တို့​ဖြစ်ကြ၏။


ဘုရားသခင်​သည် အလိုတော်​ရှိသည့်​အတိုင်း ထို​အစေ့​အား ကိုယ်ထည်​ကို ပေးတော်မူ၏။ မျိုးစေ့​တစ်စေ့​စီ​အား အမျိုးအစား​အလိုက် ကိုယ်ထည်​ကို ပေးတော်မူ၏။


ထိုသို့ ပြောဆို​ငြင်းခုံ​စရာ​အကြောင်း ဖြစ်ရ​လောက်အောင် အာပေါလု​သည် မည်သူနည်း။ ပေါလု​သည် မည်သူနည်း။ ကျွန်ုပ်တို့​သည် သင်တို့​ယုံကြည်လာကြ​စေရန် သတင်းကောင်း​ကို ဟောပြောသော ထာဝရဘုရား​၏ အစေခံများ​သာ​ဖြစ်ကြ၏။ ကျွန်ုပ်တို့ တစ်ဦးစီ​သည် ကိုယ်တော်​ပေးတော်မူသော တာဝန်​အသီးသီး​ကို ထမ်းဆောင်ကြ၏။


ယေရှု​ခရစ်တော်​အားဖြင့် မိမိ​၏​သားသမီး​အဖြစ် ကြိုတင်​သတ်မှတ်တော်မူ၏။ ဤ​အရာ​သည် ဘုရားသခင် နှစ်သက်တော်မူသော​အရာ​နှင့် အလိုရှိတော်မူသော​အရာ​ပင် ဖြစ်၏။


ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ပြုတော်မူမည်​ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို မိမိ နှစ်သက်တော်မူသည့်​အတိုင်း ကျွန်ုပ်တို့​ကို ဖော်ပြတော်မူ၏။


“အကျွန်ုပ်တို့​၏​ဘုရားသခင် ထာဝရဘုရား… ကိုယ်တော်​သည် အရာ​အားလုံး​ကို ဖန်ဆင်းတော်မူ​၍ ထို​အရာတို့​သည် ကိုယ်တော်​၏​အလိုတော်​အတိုင်း ဖြစ်တည်လာ​သောကြောင့် ကိုယ်တော်​သည် ဘုန်းအသရေတော်၊ ဂုဏ်အသရေတော်၊ ဘုန်းတန်ခိုးတော်​တို့​နှင့် ထိုက်တန်တော်မူ၏” ဟု ကြွေးကြော်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ