Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 12:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 လုပ်ဆောင်ပုံ​အမျိုးမျိုး​ရှိ​သော်လည်း လူအပေါင်းတို့​၌ ရှိသော လုပ်ဆောင်ပုံ​အားလုံး​ကို သက်ဝင်လှုပ်ရှား​စေတော်မူသော ဘုရားသခင် တစ်ပါးတည်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 အ​မှု​တော်​ဆောင်​ရန်​စွမ်း​ရည်​အ​မျိုး​မျိုး​ရှိ​သော် လည်း လူ​အ​သီး​သီး​၌​ရှိ​သော​စွမ်း​ရည်​များ​ကို ပေး​တော်​မူ​သော​အ​ရှင်​ကား​တစ်​ပါး​တည်း​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 အ ကျိုး ဆက် များ ခြား နား သော် လည်း ရှိ သ မျှ တို့၌ အ မျိုး မျိုး ပြု ပြင် တော် မူ သော ဘု ရား တစ် ဆူ တည်း ရှိ တော် မူ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ပြု​ပြင်​ခြင်း​အ​မှု အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း၊ ခပ်​သိမ်း​သော သူ​တို့၌ ပြု​ပြင်​သ​မျှ​ကို ပြု​ပြင်​တော်​မူ​သော ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 လုပ်ဆောင်​ချက်​အမျိုးမျိုး​ရှိ​သော်လည်း လူ​အပေါင်း​တို့​၌ ခပ်သိမ်း​သော​အမှု​ကို​ပြု​တော်မူ​သော​ဘုရားသခင်​သည် တစ်ပါးတည်း​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 12:6
12 ပူးပေါင်းရင်းမြစ်များ  

သို့သော် ယေရှု​က “ငါ့​ခမည်းတော်​သည် အစဉ် အလုပ်​လုပ်တော်မူ​သကဲ့သို့ ငါ​သည်လည်း လုပ်၏” ဟု ပြန်ပြောတော်မူ၏။


ဤ​ဆုကျေးဇူး​အားလုံး​ကို သက်ဝင်လှုပ်ရှား​စေတော်မူသော​သူမှာ တစ်ပါးတည်းသော ဝိညာဉ်တော်​ဖြစ်တော်မူ၏။ ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကသာ မိမိ​အလို​အတိုင်း ထို​ဆုကျေးဇူးတို့​ကို တစ်ဦးစီ​အား အသီးသီး​ဝေငှပေးတော်မူ၏။


အမှုတော်​လုပ်ငန်း​အမျိုးမျိုး​ရှိ​သော်လည်း ဘုရားသခင်​တစ်ပါးတည်း​ရှိ၏။


သားတော်​သည် အရာ​အားလုံး​ကို အုပ်စိုး​သောအခါ သားတော်​ကိုယ်တိုင်​သည်လည်း မိမိ​အား အရာ​အားလုံး​ကို အုပ်စိုးစေတော်မူသော​ဘုရားသခင်​၏ အုပ်စိုးခြင်း​ကို ခံယူတော်မူ​လိမ့်မည်။ ဤသည်​မှာ ဘုရားသခင်​သည် အရာ​အားလုံး​ကို အုပ်စိုးတော်မူမည့်​အကြောင်း​ဖြစ်၏။


မျိုးစေ့​စိုက်သူ​နှင့် ရေလောင်းသူတို့​သည် အဓိက​မဟုတ်ပေ။ အပင်​ကို ကြီးထွားစေတော်မူသော ဘုရားသခင်​သာလျှင် အဓိက​ဖြစ်၏။


ယုံကြည်သောသူ​အားလုံး​၏ အဖ ဖြစ်တော်မူသော ဘုရားသခင်​တစ်ဆူတည်း ရှိတော်မူ၏။ ထို​ဘုရားသခင်​သည် ကျွန်ုပ်တို့​အားလုံး​အပေါ် အုပ်စိုးတော်မူ၏။ ကျွန်ုပ်တို့​အားလုံး​ကို အသုံးပြု​၍ လုပ်ဆောင်တော်မူ​ပြီး ကျွန်ုပ်တို့​အားလုံး​အထဲ​၌ ရှိတော်မူ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​နှစ်သက်စေမည့်​အရာ​ကို ဆောင်ရွက်လိုသော​စိတ်ဆန္ဒ​ရှိရန်​နှင့် ဆောင်ရွက်နိုင်စွမ်း​ရှိရန် သင်တို့​အထဲ​၌ သက်ဝင်လှုပ်ရှားနေသော​အရှင်​သည် ဘုရားသခင်​ဖြစ်တော်မူ​သောကြောင့်​ဖြစ်၏။


ထို​အတွက်​ကြောင့် ကျွန်ုပ်​အထဲ​၌ သက်ဝင်လှုပ်ရှားနေသော ခရစ်တော်​၏ တန်ခိုးကြီးသော လုပ်ဆောင်မှု​အပေါ် မူတည်​၍ ကျွန်ုပ်​ကြိုးပမ်းလုပ်ဆောင်နေ၏။


သို့ဖြစ်၍ ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသူ​နှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်​နှင့် လွတ်လပ်သူ​ဟူ၍ ခြားနားမှု​မရှိပေ။ ခရစ်တော်​သည်သာ အရေးပါ​၍ ကျွန်ုပ်တို့​အားလုံး​အထဲတွင် ကိန်းအောင်းတော်မူ၏။


မိမိ​နှစ်သက်တော်မူသော အရာ​ကို ယေရှု​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​တွင် ပြုတော်မူပါစေသော။ ကိုယ်တော်​၏ အလိုတော်​ကို သင်တို့​ဆောင်ရွက်​နိုင်ရန် ကောင်းမှု​အမျိုးမျိုးတို့​ဖြင့် သင်တို့​ကို ပြီးပြည့်စုံ​စေတော်မူပါ​စေသော။ ထို​သခင် ယေရှု​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ