Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 သင်တို့​တစ်ဦးစီ​သည် ဘုရားသခင် ထားတော်မူသော မည်သည့် အခြေအနေ​တွင်​မဆို ဆက်လက်​ပြုမူနေထိုင်​၍ သင်တို့​ကို စတင်​ရွေးကောက်တော်မူသည့်​အချိန်​က ကဲ့သို့ပင် ဆက်လက်​ရှိနေ​သင့်၏။ ဤသည်​မှာ အသင်းတော်​အားလုံး​ကို ကျွန်ုပ်​ညွှန်ကြားသော​အချက်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 မည်​သို့​ပင်​ဆို​စေ၊ လူ​အ​သီး​သီး​တို့​သည်​သ​ခင် ဘု​ရား​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​များ​နှင့် အ​ညီ ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​စဉ် အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​၍​အ​သက်​ရှင်​ရာ​၏။ ဤ​နည်း​အ​တိုင်း အ​သင်း​တော်​အား​လုံး​အား​ငါ​ဟော​ပြော​သွန် သင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ထို မှ တစ် ပါး အ သင်း တော် ရှိ သ မျှ အား ငါ စီ မံ သည် မှာ လူ အ သီး အ သီး သည် အ ရှင် ဘု ရား ဝေ ငှ တော် မူ သော အ ဖြစ် အ နေ ဘု ရား သ ခင် ခေါ် ထား တော် မူ ရင်း အ ဖြစ် အ နေ၌ ရှောက် လိုက် စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သ​ခင်​ဘု​ရား​သည် လူ​အ​သီး​အ​သီး​တို့​အား ဝေ​ငှ​တော်​မူ၍၊ ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​ကို ခေါ်​တော်​မူ​သည်​နှင့်​လျော်​စွာ လူ​တိုင်း​ကျင့်​နေ​စေ။ ခပ်​သိမ်း​သော အ​သင်း​တော်​တို့​ကို ထို​သို့​ငါ​ပ​ညတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 လူ​အသီးသီး​တို့​သည် မိမိ​အား သခင်​ဘုရား​သတ်မှတ်​ခွဲဝေ​ပေး​တော်မူ​သည့်​အတိုင်း​နှင့် တစ်ဦးစီ​အား ဘုရားသခင်​ခေါ်ယူ​တော်မူ​သည့်​အခြေအနေ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ပါစေ။ ဤသည်ကား အသင်းတော်​အားလုံး​တို့​ကို ငါ​မှာကြား​သော​အချက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:17
18 ပူးပေါင်းရင်းမြစ်များ  

တချို့​မှာ မိခင်​ဝမ်းတွင်း​ကပင် အိမ်ထောင်ပြုနိုင်စွမ်း​မရှိဘဲ မွေးလာကြ၏။ တချို့​မှာ အခြားသူများ​ကြောင့် အိမ်ထောင်​ပြုနိုင်စွမ်း​ကို စွန့်လွှတ်ကြရ၏။ တချို့​မှာ ကောင်းကင်​နိုင်ငံတော်​အတွက် အိမ်ထောင်​မပြုဘဲ​နေကြ၏။ ဤ​အရာ​ကို လက်ခံနိုင်သော​သူ​သည် လက်ခံပါစေ” ဟု မိန့်တော်မူ၏။


ကျွန်ုပ်​သည် လူများစွာ ကယ်တင်ခံရ​စေလို​သောကြောင့် ကိုယ်ကျိုး​ကို​မရှာဘဲ အများ​အကျိုး​ကိုသာ ရှာ​လျက် လုပ်ဆောင်လေ​ရာရာ​တွင် လူတိုင်း​၏ ကျေနပ်​နှစ်သက်မှု​ကို ရ​စေရန် ကြိုးစား၏။ သင်တို့​သည်လည်း ကျွန်ုပ်​ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်​၏​အသင်းတော် စသည်တို့​ကို ထိမိ​၍ လဲစရာ မဖြစ်​စေရန် ကြိုးစားကြလော့။


သို့ရာတွင် တစ်စုံတစ်ယောက်​သည် ဤ​ဓလေ့​နှင့်​ပတ်သက်​၍ ငြင်းခုံ​လို​လျှင် ကျွန်ုပ်တို့​တွင် ထိုသို့သော​ဓလေ့​မှအပ အခြား​ဓလေ့​မရှိပေ။ ဘုရားသခင်​၏ အခြား​အသင်းတော်များ​၌လည်း မရှိပေ။


တစ်စုံတစ်ယောက်​သည် ဆာလောင်​ပါက အိမ်​၌ စားခဲ့လော့။ သို့မှသာ သင်တို့​စုဝေးကြ​သောအခါ ဘုရားသခင်​၏​ပြစ်ဒဏ်စီရင်ခြင်း ကင်းလွတ်မည်​ဖြစ်၏။ ကျန်သည့် ကိစ္စရပ်များ​ကို ကျွန်ုပ်​ရောက်လာ​သောအခါ ညွှန်ကြားမည်။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ယောက်ယက်ခတ်​စေတတ်သော​ဘုရား​မဟုတ်ဘဲ ယုံကြည်သူတို့​၏ အသင်းတော်များ​၌ ပြု​သကဲ့သို့ ငြိမ်းချမ်းခြင်း​ကို ဖြစ်​စေသော​ဘုရား ဖြစ်တော်မူ​သောကြောင့်​ပင်။


ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူများ​အတွက် အလှူငွေ​ကောက်ခံခြင်း​နှင့်​ပတ်သက်၍ ဂလာတိပြည်​ရှိ အသင်းတော်များ​ကို ကျွန်ုပ်​လမ်းညွှန်ထား​သကဲ့သို့ သင်တို့​သည်လည်း ထို​နည်း​အတိုင်း ပြုကြလော့။


ထို​အကြောင်း​ကြောင့် သခင်ဘုရား​အပေါ် သစ္စာရှိသော ကျွန်ုပ်​၏​ချစ်သား တိမောသေ​ကို သင်တို့​ထံ စေလွှတ်ရခြင်း​ဖြစ်၏။ သူ​သည် ကျွန်ုပ် ရောက်ခဲ့သော​အသင်းတော်​တိုင်း​တွင် သွန်သင်ခဲ့သည့်​အတိုင်း ကျွန်ုပ်​မည်သို့ ယေရှု​ခရစ်တော်​နောက် လိုက်နေကြောင်း​ကို သင်တို့​အား သတိရစေ​လိမ့်မည်။


ဥပမာ​ဆိုသော် ဘုရားသခင်​သည် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူပြီးသောသူ​ကို ရွေးကောက်တော်မူ​သောအခါ ထို​သူ​သည် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ဖျောက်ဖျက်​ရန် မလိုပေ။ ထို​နည်းတူ အရေပြားလှီးခြင်း​မင်္ဂလာ​ကို မခံယူသောသူ​ကို ရွေးကောက်တော်မူ​သောအခါ ထို​သူ​သည် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူ​ရန် မလိုပေ။


ချစ်သော ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ဘုရားသခင် ရွေးကောက်တော်မူ​စဉ်က ရှိသည့်​အခြေအနေ​မျိုး​၌ ဘုရားသခင်​နှင့်အတူ ဆက်၍ ရှိနေ​သင့်၏။


ကျွန်ုပ်​သည် လူတိုင်း​ကို ကျွန်ုပ်​ကဲ့သို့ အိမ်ထောင်​မပြုဘဲ နေ​စေလို၏။ သို့သော်လည်း လူတိုင်း​တွင် ဘုရားသခင်​ထံမှ ရရှိသော အထူး​ဆုကျေးဇူး​တစ်မျိုး​စီ​ရှိ၏။


ထို့ပြင် အသင်းတော်တို့​ကို ဂရုစိုက်ရ​သဖြင့် နေ့စဉ်​စိတ်ဖိစီး​လျက် ရှိ၏။


တိတု​နှင့်အတူ အခြား​ညီအစ်ကို​တစ်ဦး​ကိုလည်း ကျွန်ုပ်တို့​စေလွှတ်လိုက်ပါ၏။ ထို​ညီအစ်ကို​သည် သတင်းကောင်း​ကို ဟောပြောရာ​တွင် အသင်းတော်တို့​၌ ချီးမွမ်းခံရသောသူ​ဖြစ်၏။


ထို​အချိန်​တွင် ခရစ်တော်​ကို ယုံကြည်သော ယုဒပြည်​ရှိ အသင်းတော်ဝင်များ​သည် ကျွန်ုပ်​နှင့် လူချင်း မတွေ့ဆုံကြသေးပေ။


ညီအစ်ကို​မောင်နှမတို့… ယေရှု​ခရစ်တော်​ကို ယုံကြည်သည့် ယုဒပြည်​၌ ရှိကြသော ဘုရားသခင်​၏​အသင်းတော်များ တွေ့ကြုံ​သကဲ့သို့ သင်တို့​တွေ့ကြုံနေကြ၏။ ဂျူးလူမျိုးများ​လက်​တွင် ထို​အသင်းတော်များ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ​မျိုး​ကို သင်တို့​သည်လည်း မိမိတို့​လူမျိုးချင်း​၏​လက်​တွင် ခံစားကြရ၏။


ထို့ကြောင့် သင်တို့​သည် ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ဆင်းရဲဒုက္ခ​အားလုံး​ကြားက​ပင် သည်းခံ​၍ ယုံကြည်​သဖြင့် ဘုရားသခင်​၏ အသင်းတော်များ​အလယ်​၌ သင်တို့​အကြောင်း ကျွန်ုပ်တို့​ကိုယ်တိုင် ဂုဏ်ယူ​ဝင့်ကြွားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ