ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
၁ ကော 1:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဘုရားသခင်သည် ပညာရှင်တို့ကို အရှက်ရစေရန် လောကတွင် ပညာမဲ့သောသူတို့ကို ရွေးချယ်တော်မူ၏။ ခွန်အားကြီးသောသူတို့ကို အရှက်ရစေရန် အားနည်းသောသူတို့ကို ရွေးချယ်တော်မူ၏။ Common Language Bible သို့ရာတွင်ဘုရားသခင်သည်ပညာရှိတို့ အရှက်ရစေရန် လောကတွင်မိုက်မဲမှုဟု ယူဆရသည့်အရာများကိုရွေးချယ်တော် မူ၏။- Garrad Bible ရှေ့ တော် တွင် လူ သ တ္တ ဝါ တစ် ဦး မျှ ကိုယ် ကို ဂုဏ် တင် ခွင့် မ ရ စေ မည့် အ ကြံ တော် နှင့် ဘု ရား သ ခင် သည် ပ ညာ ရှိ တို့ ကို အ ရှက် ခွဲ ရန် ဤ လော က တွင် မိုက် မဲ ရာ များ ကို ရွေး ချယ် ခြင်း၊ အား ကြီး သူ တို့ ကို အ ရှက် ခွဲ ရန် ဤ လော က တွင် အား နည်း ရာ များ ကို ရွေး ချယ် ခြင်း၊ ထွန်း ကား ရာ များ ကို အ ကျိုး မဲ့ စေ ရန် ဤ လော က တွင် မ ရှိ သ ဘွယ် ညံ့ သော အ ရာ၊ မ ရေ ရ သော အ ရာ များ ကို ရွေး ချယ် ခြင်း ပြု တော် မူ ၏။ Judson Bible ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဘုရားသခင်သည် ပညာရှိတို့ကိုအရှက်ရစေရန် လောကရှိ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ ခွန်အားကြီးသောသူတို့ကိုအရှက်ရစေရန် လောကရှိ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။ |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ထို့ကြောင့် သူတို့က “ဤကလေးငယ်များ မည်သို့ပြောဆိုနေကြသည်ကို ကြားသလော” ဟု ကိုယ်တော်အား မေးကြ၏။ ယေရှုက “ငါကြား၏။ ကျမ်းစာ၌ ‘ကလေးများနှင့် နို့စို့သူငယ်များက ကိုယ်တော်ကို ချီးမွမ်းစေရန် ကိုယ်တော်သည် သင်ကြားပေးတော်မူပြီ’ ဟူ၍ရေးသားထားသည်ကို သင်တို့ တစ်ခါမျှမဖတ်ဖူးသလော” ဟု မိန့်တော်မူ၏။
ယေရှုသည် ထိုအရပ်မှ ကြွသောအခါ မဿဲအမည်ရှိသောသူတစ်ဦးသည် အကောက်ခွန်ရုံးတွင် ထိုင်နေသည်ကို တွေ့မြင်တော်မူ၍ “ငါ့နောက်သို့ လိုက်၍ ငါ့တပည့်အဖြစ်ခံယူလော့” ဟု မိန့်တော်မူ၏။ သူသည် ထ၍ ယေရှုနောက်တော်သို့ လိုက်လေ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူအပေါင်းတို့က သင်တို့ကို ဆန့်ကျင်ငြင်းဆို၍ မရနိုင်အောင် ပြောဆိုရမည့်စကားနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်ဖြစ်သောကြောင့်ပင်။
ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
‘မည်သူသည် သင့်ကို အုပ်ချုပ်သူနှင့် တရားသူကြီးအဖြစ် ခန့်ထားသနည်း’ ဟု ငြင်းပယ်ခံရသောမောရှေကို ဘုရားသခင်သည် ချုံပုတ်တွင် ကိုယ်ထင်ပြသောကောင်းကင်တမန်အားဖြင့် အုပ်ချုပ်သူနှင့် ကယ်တင်သူအဖြစ် စေလွှတ်တော်မူ၏။
ထိုသို့ ပြောဆိုသည်ကို ဂျူးခေါင်းဆောင်များ ကြားလျှင် သတေဖန်အား ဒေါသထွက်၍ အံကြိတ်ကြလေ၏။
ထို့ကြောင့် ပညာရှင်သည် အဘယ်မှာနည်း။ ကျမ်းတတ်ဆရာသည် အဘယ်မှာနည်း။ ဤလောက၏ ဝေဖန်ရေးဆရာသည် အဘယ်မှာနည်း။ ဘုရားသခင်သည် လောကီပညာကို မိုက်မဲစေတော်မူပြီမဟုတ်လော။
လူ၏ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကို မသိနိုင်စေရန် ဘုရားသခင်သည် ဉာဏ်တော်ဖြင့် စီမံခန့်ခွဲထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသောတရားဟု လူတို့ယူဆသည့် ကျွန်ုပ်တို့ဟောသောတရားအားဖြင့် ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ကယ်တင်ရန် အလိုရှိတော်မူ၏။
ကျွန်ုပ်တို့သည် ဤလောက၏ဝိညာဉ်ကို ရရှိကြသည်မဟုတ်။ ဘုရားသခင်ရက်ရောစွာပေးတော်မူသောအရာကို သိမြင်နိုင်ရန်အတွက် ဘုရားသခင်ထံမှလာသော ဝိညာဉ်တော်ကို ရရှိကြ၏။
တချို့က “ပေါလု၏ စာများသည် ဩဇာပါ၍ အထင်ကြီးဖွယ်ဖြစ်သော်လည်း လူချင်းတွေ့လျှင် သူသည် သတ္တိနည်း၍ အဟောအပြောလည်း ညံ့သည်” ဟု ပြောဆိုတတ်ကြ၏။
ထွန်းလင်းနေသည့် ထိုရတနာသည် မြေအိုးသဖွယ်ဖြစ်သော ကျွန်ုပ်တို့ထဲ၌ ရှိ၏။ ဤသည်မှာ သတင်းကောင်း၏ကြီးမြတ်သောတန်ခိုးသည် ကျွန်ုပ်တို့ထံမှ မဟုတ်ဘဲ ဘုရားသခင်ထံမှ ဖြစ်ကြောင်း ပေါ်လွင်စေရန်ဖြစ်၏။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။