Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 1:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထို့ကြောင့် ပညာရှင်​သည် အဘယ်မှာနည်း။ ကျမ်းတတ်ဆရာ​သည် အဘယ်မှာနည်း။ ဤ​လောက​၏ ဝေဖန်ရေး​ဆရာ​သည် အဘယ်မှာနည်း။ ဘုရားသခင်​သည် လောကီ​ပညာ​ကို မိုက်မဲစေတော်မူပြီ​မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သို့​ဖြစ်​၍​ပ​ညာ​ရှိ​များ၊ အ​သိ​ပ​ညာ​ရှင်​များ၊ ဤ​လော​က​တွင်​စ​ကား​စစ်​ထိုး​တတ်​သူ​များ ကား အ​ဘယ်​အ​ခြေ​အ​နေ​မှာ​ရှိ​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည်​လော​ကီ​ဉာဏ်​ပ​ညာ​ကို အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ယ ခု ​ခေတ် ဆိုင် ရာ ပ ညာ ရှိ သူ၊ ကျမ်း တတ် သူ၊ စော တ နာ တက် သူ ကား အ ဘယ် မှာ နည်း။ ဘု ရား သ ခင် သည် လော ကီ ပ ညာ ကို မိုက် မဲ စေ တော် မူ ပြီ မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ပ​ညာ​ရှိ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ကျမ်း​ပြု​ဆ​ရာ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ပြဿ​နာ၌ လေ့​ကျက်​သော​ဆ​ရာ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ လော​ကီ​ပ​ညာ​ကို ဘု​ရား​သ​ခင်​သည် မိုက်​စေ​တော်​မူ​သည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ပညာရှိ​ကား အဘယ်မှာ​ရှိ​သနည်း။ ကျမ်းပြု​ဆရာ​ကား အဘယ်မှာ​ရှိ​သနည်း။ ဤ​လောက​ရှိ ဝေဖန်ရေးသမား​ကား အဘယ်မှာ​ရှိ​သနည်း။ ဘုရားသခင်​သည် လောကီ​ဉာဏ်ပညာ​ကို မိုက်မဲ​စေ​တော်မူ​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 1:20
28 ပူးပေါင်းရင်းမြစ်များ  

ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို​ကြား​သော်လည်း လောကီရေးရာ​ကို​စိုးရိမ်ခြင်း​နှင့် စည်းစိမ်​၏​ဖြားယောင်းခြင်းတို့​က ထို​တရားစကား​ကို လျင်မြန်​စွာ ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူ​ကို ဆိုလို၏။


ယခုအချိန်​သည် ဤ​လောက​ကို တရားစီရင်သည့်​အချိန်​ဖြစ်၏။ ဤ​လောက​၏ မင်း​ဖြစ်သော စာတန်မာရ်နတ်​သည် နှင်ထုတ်ခြင်း​ခံရ​လိမ့်မည်။


ဧပိကုရု​၏​တပည့်များ​နှင့် သတောအိတ်​အတွေးခေါ်​ပညာရှင် တချို့​သည်လည်း သူ​နှင့်အတူ အချေအတင်​ငြင်းခုံဆွေးနွေးကြ၏။ တချို့​က “ဤ​စကားအိုး​သည် မည်သည့်အရာ​ကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြား​သူတို့​ကလည်း “သူ​သည် တိုင်းတစ်ပါး နတ်ဘုရားများ​အကြောင်း​ကို ပြောပြနေဟန်​ရှိ၏” ဟု ဆိုကြ၏။ ဤသို့​ပြောဆိုခြင်း​မှာ ပေါလု​သည် ယေရှု​အကြောင်း​နှင့် သေရာ​မှ​ပြန်ရှင်ခြင်း​အကြောင်းတို့​ကို ဟောပြောနေ​သောကြောင့်​ဖြစ်၏။


ကမ္ဘာ​ကို ဘုရားသခင်​ဖန်ဆင်းတော်မူ​ချိန်​မှစ၍ လူတို့​သည် ဘုရားသခင်​ဖန်ဆင်းတော်မူသော​အရာ​အားလုံး​ကို မြင်ကြရပြီ။ ထို​အရာများ​ကို ထောက်ရှု​၍ မျက်စိ​ဖြင့်​မမြင်နိုင်သော ဘုရားသခင်​၏ ထာဝရ​တန်ခိုးတော်​နှင့် ဘုရား​ဖြစ်ခြင်း သဘောသဘာဝ​ကို ရှင်းလင်း​စွာ နားလည်နိုင်ကြ၏။ ထို့ကြောင့် သူတို့​သည် ဘုရားသခင်​အကြောင်း​ကို မသိ​ဟု ဆင်ခြေ​ပေး​စရာ မရှိပေ။


သူတို့​သည် မိမိကိုယ်ကိုယ် ပညာရှင်များ​ဟု ကြွေးကြော်​လျက်ပင် ပညာမဲ့များ​ဖြစ်လာကြ၏။


အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “ငါ​သည် ပညာရှင်တို့​၏ ဉာဏ်ပညာ​ကို ဖျက်ဆီးမည်။ ထက်မြက်သောသူတို့​၏ ဉာဏ်စွမ်း​ကိုလည်း ဖယ်ရှားမည်” ဟု ဖော်ပြထား​သောကြောင့်​ဖြစ်၏။


ချစ်သော ညီအစ်ကို​မောင်နှမတို့… သင်တို့​ကို ဘုရားသခင်​ရွေးချယ်တော်မူ​စဉ်က ရှိခဲ့သော သင်တို့​၏ အခြေအနေ​ကို ပြန်လည်​ဆင်ခြင်ကြည့်လော့။ လူတို့​အမြင်​အရ​ဆိုလျှင် သင်တို့​ထဲတွင် ပညာရှင်​များစွာ မပါခဲ့ကြ။ ဩဇာကြီးသူ​များစွာ မပါခဲ့ကြ။ မြင့်မြတ်သူ​ဟူ၍ များစွာ မပါခဲ့ကြ။


သို့သော် ဘုရားသခင်​သည် ပညာရှင်တို့​ကို အရှက်ရ​စေရန် လောက​တွင် ပညာမဲ့သော​သူတို့​ကို ရွေးချယ်တော်မူ၏။ ခွန်အားကြီးသော​သူတို့​ကို အရှက်ရ​စေရန် အားနည်းသော​သူတို့​ကို ရွေးချယ်တော်မူ၏။


ထို့ပြင် အရေးပါသည်​ဟု သတ်မှတ်ကြသော​အရာများ​ကို အရေးမပါ​ဟု သတ်မှတ်​ရန် လောက​၌ နိမ့်ကျသော​အရာများ​နှင့် မထီမဲ့မြင်ပြုခြင်း​ခံရသော​အရာများ​ကို ဘုရားသခင်​ရွေးချယ်တော်မူ၏။


ကျွန်ုပ်တို့​ကို သခင်ဘုရား တရားစီရင်တော်မူခြင်း​မှာလည်း ကျွန်ုပ်တို့​အား ဤ​လောကီသားတို့​နှင့်အတူ ပြစ်ဒဏ်​မခံရ​စေရန် ဆုံးမတော်မူခြင်း​ဖြစ်၏။


သို့သော်လည်း ကျွန်ုပ်တို့​သည် ရင့်ကျက်သောသူများ​အကြား​တွင်မူ ပညာ​စကား​ကို ပြောဆိုကြ၏။ ထို​ပညာ​စကား​သည် လောကီ​ပညာ​စကား​မဟုတ်။ ပျက်စီး​ပျောက်ကွယ်မည့် လောကီ​အစိုးရမင်းတို့​၏ ပညာ​စကား​လည်း​မဟုတ်။


လောကီ​အစိုးရမင်းတို့​သည် ထို​ပညာ​ကို နားမလည်ကြ။ နားလည်ကြ​လျှင် ဘုန်းကြီးတော်မူသော သခင်​ကို လက်ဝါးကပ်တိုင်​တွင် သတ်ကြမည်​မဟုတ်ပေ။


မိမိကိုယ်မိမိ မလှည့်ဖြားကြနှင့်။ သင်တို့​ထဲမှ တစ်စုံတစ်ယောက်​က လောကီ​စံနှုန်းများ​အရ မိမိကိုယ်ကိုယ် ပညာ​ရှိသည်​ဟု ထင်မှတ်​လျှင် ထို​သူ​သည် ပညာရှင် ဖြစ်လာ​ရန်အတွက် မိုက်မဲသောသူ​ဖြစ်သင့်၏။


အဘယ်ကြောင့်ဆိုသော် ဤ​လောကီ​ပညာ​သည် ဘုရားသခင်​ရှေ့တော်​၌ မိုက်မဲသော​အရာ ဖြစ်​သောကြောင့်​ပင်။ ကျမ်းစာ​၌ “ဘုရားသခင်​သည် ပညာရှင်တို့​ကို သူတို့​သုံးသော​ပရိယာယ်​အားဖြင့် ထောင်ချောက်ဆင်​၍​ဖမ်းတော်မူ၏” ဟု ဖော်ပြထား၏။


ယုံကြည်သူတို့​သည် တစ်နေ့​တစ်ချိန်​တွင် ဤ​လောက​ကို စီရင်ရမည်​ဖြစ်ကြောင်း သင်တို့​မသိကြသလော။ ဤ​လောက​ကို စီရင်ရမည့် သင်တို့​သည် သေးငယ်သော​အမှုကိစ္စများ​ကို ကိုယ်တိုင်​စီရင်နိုင်စွမ်း​မရှိသလော။


သစ္စာ​မရှိသော​သူတို့… လောက​နှင့်​မိတ်သဟာယဖွဲ့ခြင်း​သည် ဘုရားသခင်​နှင့် ရန်ဘက်​ပြုခြင်း​ဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောက​နှင့် မိတ်ဆွေ​ဖြစ်လိုသောသူ​သည် ဘုရားသခင်​၏ ရန်သူ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ