Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 21:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ထို့ကြောင့် သူတို့​က “ဤ​ကလေးငယ်များ မည်သို့​ပြောဆိုနေကြသည်​ကို ကြားသလော” ဟု ကိုယ်တော်​အား မေးကြ၏။ ယေရှု​က “ငါ​ကြား၏။ ကျမ်းစာ​၌ ‘ကလေးများ​နှင့် နို့စို့သူငယ်များ​က ကိုယ်တော်​ကို ချီးမွမ်း​စေရန် ကိုယ်တော်​သည် သင်ကြားပေးတော်မူပြီ’ ဟူ၍​ရေးသားထားသည်​ကို သင်တို့ တစ်ခါမျှ​မဖတ်ဖူးသလော” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ``ဤ​သူ​ငယ်​တို့​အ​ဘယ်​သို့​ကြွေး​ကြော်​နေ​ကြ သည်​ကို​ကြား​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​ကြား​၏။ `ကိုယ်​တော်​သည် သူ​ငယ်​များ​နှင့်​မိ​ခင်​ရင်​ခွင်​ရှိ​နို့​စို့​များ​အား ချီး​မွမ်း​စေ​ရန်​သင်​ကြား​ပေး​တော်​မူ​ပြီ' ဟူ သော​ကျမ်း​စ​ကား​ကို​သင်​တို့​အ​ဘယ်​အ​ခါ မျှ​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ဤ သူ ငယ် တို့ မည် သို့ ကြွေး ကြော် သည် ကို ကြား၏ လော ဟု မေး ကြ ရာ ယေ ရှု က ငါ ကြား၏။ နို့ စို့ နို့ ညှာ သူ ငယ် တို့ နှုတ် ဖြင့် ထော မ နာ ကို ဖြည့် စွက် တော် မူ ပြီ ဟူ သော အ ချက် ကို မ ဖတ် ဘူး ကြ သလော ဟု မိန့် တော် မူ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ဤ​သူ​တို့​သည် အ​ဘယ်​သို့​ပြော​ဆို​သည်​ကို ကြား​သ​လော​ဟု ယေ​ရှု​အား မေး​ကြ​လေ​သော်၊ ငါ​ကြား၏။ နို့​စို့​သူ​ငယ်​တို့ နှုတ်​ထဲ​မှ ကိုယ်​တော်​သည် ချီး​မွမ်း​ခြင်း​ကို ပြင်​ဆင်​တော်​မူ​သည်​ဟူ​သော စ​ကား​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 “ဤ​ကလေး​တို့​ပြောဆို​နေ​သော​အရာ​ကို ကြား​သလော”​ဟု မေးမြန်း​ကြ​၏။ ယေရှု​က​လည်း“ငါ​ကြား​၏။ ‘ကလေး​သူငယ်​များ​နှင့် နို့စို့​ကလေး​ငယ်​များ​၏​နှုတ်​ထဲမှ ချီးမွမ်း​ခြင်း​ကို ကိုယ်တော်​ပြင်ဆင်​တော်မူ​၏’ဟူသော ရေးထား​ချက်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

16 ဤ​သူ​တို့​သည် အ​ဘယ်​သို့​ပြော​ဆို​သည်​ကို ကြား​သ​လော​ဟု ယေ​ရှု​အား မေး​ကြ​လေ​သော်၊ ငါ​ကြား၏။ နို့​စို့​သူ​ငယ်​တို့ နှုတ်​ထဲ​မှ ကိုယ်​တော်​သည် ချီး​မွမ်း​ခြင်း​ကို ပြင်​ဆင်​တော်​မူ​သည်​ဟူ​သော စ​ကား​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 21:16
11 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​၌ ယေရှု​က “ကောင်းကင်​နှင့် မြေကြီး​၏​အရှင်​သခင် ဖြစ်တော်မူသော​အဖ… လောကီ​ပညာရှင်များ​နှင့် ဉာဏ်ပညာ​ထက်မြက်သူများ​အား ဤ​အရာများ​ကို ဝှက်ထားတော်မူ​၍ ကလေးငယ်တို့​အား ဖော်ပြတော်မူ​သောကြောင့် ကျေးဇူးတင်ပါ၏။


ယေရှု​က “အစဦး​တွင် ဘုရားသခင်​သည် ‘ယောက်ျား​နှင့်​မိန်းမ​ကို ဖန်ဆင်းတော်မူ၏။


ယေရှု​က “ဒါဝိဒ်မင်း​သည် မိမိ​နှင့် မိမိ​၏​အဖော်များ ဆာလောင်သည့်​အချိန်​၌ မည်သို့​ပြုခဲ့သည်​ကို သင်တို့​မဖတ်ဖူးကြသလော။


ယေရှု​က “ယဇ်ပရောဟိတ်မင်း​အဗျာသာ လက်ထက်​၌ ဒါဝိဒ်မင်း​သည် မိမိ​နှင့်​နောက်လိုက်များ ဆာလောင်သည့်​အချိန်​၌ မည်သို့​ပြုခဲ့သည်​ကို သင်တို့​တစ်ခါမျှ မဖတ်ဖူးကြသလော။


သေလွန်သော​သူတို့​ရှင်ပြန်ထမြောက်ခြင်း​နှင့်​ပတ်သက်၍ အာဗြဟံ၊ ဣဇာက်​နှင့် ယာကုပ်​တို့ သေလွန်​ပြီးနောက် အချိန်​ကြာမြင့်​ပြီးမှ​လည်း ဘုရားသခင်​က ‘ငါ​သည် အာဗြဟံ​၏​ဘုရား၊ ဣဇာက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား​ဖြစ်၏’ ဟု မိန့်တော်မူသည်​ကို ကျမ်းစာ​၌ သင်တို့ မဖတ်ဖူးကြသလော။ သို့ဖြစ်၍ ဘုရားသခင်​သည် သေလွန်သော​သူတို့​၏ ဘုရား​မဟုတ်ပါ။ အသက်ရှင်သော​သူတို့​၏ ဘုရား​ဖြစ်၏” ဟု မိန့်တော်မူ၏။


ထို​နေ့ရက်များ​တွင် ကိုယ်ဝန်ဆောင်​အမျိုးသမီးများ​နှင့် နို့စို့ကလေးငယ်​ရှိသော​မိခင်များ​သည် အလွန်​ဒုက္ခရောက်ကြ​လိမ့်မည်။


ထို​နေ့ရက်များ​တွင် ကိုယ်ဝန်ဆောင်​အမျိုးသမီးများ​နှင့် နို့စို့သူငယ်​ရှိသော​မိခင်များ​သည် အလွန်​ဒုက္ခရောက်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို​ပြည်​၌ ကြီးမားသော​ဒုက္ခဆင်းရဲ​ရောက်​၍ ထို​လူမျိုး​အပေါ်​တွင် ဘုရားသခင်​၏​အမျက်ဒေါသ​ကျရောက်မည်​ဖြစ်သောကြောင့်​ပင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ