Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 2:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ကျွန်ုပ်တို့​သည် ဤ​လောက​၏​ဝိညာဉ်​ကို ရရှိကြသည်​မဟုတ်။ ဘုရားသခင်​ရက်ရော​စွာ​ပေးတော်မူသော​အရာ​ကို သိမြင်​နိုင်ရန်​အတွက် ဘုရားသခင်​ထံမှ​လာသော ဝိညာဉ်တော်​ကို ရရှိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ငါ​တို့​သည်​ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် ဝိ​ညာဉ်​ကို​ခံ​ယူ​ကြ​ရ​သည်​မ​ဟုတ်။ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​သ​မျှ​ကို​သိ​ခြင်း ငှာ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သည့်​ဝိ​ညာဉ် တော်​ကို​ခံ​ယူ​ကြ​ရ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ငါ တို့ မှာ မူ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် များ ကို သိ မှတ် ခွင့် ရှိ စေ ရန် ဤ လော က ဆိုင် ရာ ဝိ ညာဉ် ကို မ ဟုတ်။ ဘု ရား သ ခင့် အ ထံ တော် မှ သက် ရောက် သော ဝိ ညာဥ် တော် ကို ခံ ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ငါ​တို့​သည် လော​ကီ​ဝိ​ညာဉ်​ကို မ​ခံ​ရ​ကြ။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို သိ​ခြင်း​အ​လို​ငှာ ဘု​ရား​သ​ခင်​ထံ​မှ ကြွ​လာ​သော ဝိ​ညာဉ်​ကို​ခံ​ရ​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ငါ​တို့​သည် လောကီ​ဝိညာဉ်​ကို ခံယူ​ရရှိ​ကြ​သည်​မ​ဟုတ်​ဘဲ ငါ​တို့​အား ဘုရားသခင်​ပေး​သနား​တော်မူ​သော​အရာ​တို့​ကို သိ​ရှိ​နိုင်​ရန် ဘုရားသခင်​ထံမှ​လာ​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 2:12
17 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ယခုအခါ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော​သူတို့​သည် အပြစ်စီရင်ခြင်း မခံရ။


ကျွန်ုပ်တို့​အားလုံး​အတွက် မိမိ​သားတော်​ရင်း​ကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်​သည် ထို​သားတော်​နှင့်တကွ ရှိသမျှ​အရာခပ်သိမ်း​ကိုလည်း ကျွန်ုပ်တို့​အား မပေးဘဲ နေတော်မူမည်လော။


သို့သော် ဘုရားသခင်​သည် ပညာရှင်တို့​ကို အရှက်ရ​စေရန် လောက​တွင် ပညာမဲ့သော​သူတို့​ကို ရွေးချယ်တော်မူ၏။ ခွန်အားကြီးသော​သူတို့​ကို အရှက်ရ​စေရန် အားနည်းသော​သူတို့​ကို ရွေးချယ်တော်မူ၏။


သို့သော်လည်း ကျွန်ုပ်တို့​သည် ရင့်ကျက်သောသူများ​အကြား​တွင်မူ ပညာ​စကား​ကို ပြောဆိုကြ၏။ ထို​ပညာ​စကား​သည် လောကီ​ပညာ​စကား​မဟုတ်။ ပျက်စီး​ပျောက်ကွယ်မည့် လောကီ​အစိုးရမင်းတို့​၏ ပညာ​စကား​လည်း​မဟုတ်။


ပေါလု​ဖြစ်စေ၊ အာပေါလု​ဖြစ်စေ၊ ပေတရု​ဖြစ်စေ၊ ဤ​လောက​ဖြစ်စေ၊ ရှင်ခြင်း​ဖြစ်စေ၊ သေခြင်း​ဖြစ်စေ၊ လက်ရှိ​အရာ​ဖြစ်စေ၊ နောင်​အရာ​ဖြစ်စေ အရာ​အားလုံး​ကို သင်တို့​ပိုင်ဆိုင်၏။


ဤ​လောက​၏ ဘုရား​ဖြစ်သော စာတန်​သည် မယုံကြည်သောသူတို့​၏ စိတ်နှလုံး​ကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့​သည် ဘုရားသခင်​၏ ပုံသဏ္ဌာန်တော်​ဖြစ်သည့် ခရစ်တော်​၏ ဘုန်းအသရေ​နှင့်​ပြည့်စုံသော သတင်းကောင်း​၏​အလင်း​ကို မမြင်နိုင်ခြင်း​ဖြစ်၏။


ထိုသို့ သင်တို့​သည် ဘုရားသခင်​ကို မနာခံသော​သူတို့​ထဲ၌ သက်ဝင်လှုပ်ရှား​လျက်​ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသ​ဆိုင်ရာ တန်ခိုးများ​ကို ကြီးစိုးသော​မင်း​ကို နာခံ​၍ လောကီသားများ​၏​လမ်းစဉ်​အတိုင်း အပြစ်ပြု​လျက် နေထိုင်ကြ၏။


“ဘုရားသခင်​သည် ကျွန်ုပ်တို့​အထဲ​၌ ရှင်သန်စေတော်မူသည့် လူ့​စိတ်ဝိညာဉ်​အား မိမိ​ကိုသာ ကိုးကွယ်​စေလိုသော​သဝန်တိုစိတ်​ဖြင့် တောင့်တတော်မူ၏” ဟူ၍ ကျမ်းစာ​၌ အကြောင်းမဲ့ ဖော်ပြသည်​ဟု သင်တို့​ထင်သလော။


သို့သော် သင်တို့​မှာမူ သန့်ရှင်းသော​အရှင်​ထံမှ ဘိသိက်ပေးခြင်း​ခံရ​သဖြင့် သမ္မာတရား​ကို သိကြ၏။


သို့သော် ကိုယ်တော်​သည် မိမိ​ဝိညာဉ်တော်​ကို သင်တို့​အပေါ် သွန်းလောင်းတော်မူပြီ။ ထို​ဝိညာဉ်တော်​သည် သင်တို့​ထဲ၌ ကိန်းအောင်း​၍ သင်တို့​အား အရာ​အားလုံး​ကို သွန်သင်ပေးတော်မူ​သဖြင့် မည်သူ​မျှ သင်တို့​ကို သွန်သင်ပေး​ရန် မလိုအပ်ပါ။ ဝိညာဉ်တော်​သွန်သင်ပေးတော်မူသော​အရာတို့​သည် မှန်ကန်​၍ အမှား​မရှိ။ ထို့ကြောင့် သင်တို့​သည် ထို​သွန်သင်မှု​အတိုင်း ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိကြလော့။


ထို​နဂါး​သည် တစ်ကမ္ဘာလုံး​ကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟု​ခေါ်သော ရှေးမြွေဟောင်း​ဖြစ်ပြီး သူ​၏ တမန်များ​နှင့်အတူ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံခဲ့ရ၏။


ကောင်းကင်တမန်​က “ဤ​စကားတို့​သည် သစ္စာ​စကား၊ မှန်သော​စကား​ဖြစ်၏။ ပရောဖက်တို့​၏ ဝိညာဉ်များ​ကို လှုံ့ဆော်တော်မူသော​အရှင် ဘုရားသခင်​သည် မကြာမီ​ဖြစ်ပျက်​ရမည့်​အရာများ​ကို မိမိ​အစေခံတို့​အား ပြသ​ရန် မိမိ​၏​ကောင်းကင်တမန်​ကို စေလွှတ်တော်မူ၏” ဟု ကျွန်ုပ်​အား ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ