ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
ဧဖက် 2:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် ကြိုတင်ပြင်ဆင်ထားတော်မူသော ကောင်းမှုများကို ပြုစေရန် ဖန်ဆင်းတော်မူခဲ့၏။ Common Language Bible ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဘုရားသခင်စီမံထားတော်မူ သောအကျင့်ကောင်းများကိုပြုကျင့်စေရန် ဘုရား သခင်သည်ငါတို့အားဖန်ဆင်းတော်မူပေသည်။ Garrad Bible ရှေး မ ဆွ က ဘု ရား သ ခင် စီ မံ ထား တော် မူ သည့် ကောင်း မှု များ ကို ငါ တို့ သည် လိုက် လျှောက် ကျင့် ဆောင် စေ ရန် ခ ရစ် တော် ယေ ရှု အား ဖြင့် ဖန် ဆင်း ပြု ပြင် တော် မူ သူ များ ဖြစ် ကြ၏။ Judson Bible အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် ကောင်းသောအမှုများကိုပြုရန် ခရစ်တော်ယေရှု၌ဖန်ဆင်းခြင်းခံရသော ဘုရားသခင်၏လက်ရာတော်ဖြစ်ကြ၏။ ထိုကောင်းသောအမှုများ၌ ငါတို့အသက်ရှင်လျှောက်လှမ်းကြရန် ဘုရားသခင်သည် ထိုအမှုများကို ကြိုတင်ပြင်ဆင်ထားတော်မူ၏။ |
ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
သမ္မာတရားကို ကျင့်သောသူတို့ကမူ မိမိတို့လုပ်ဆောင်သမျှသည် ဘုရားသခင်၏ အလိုတော်နှင့်ညီကြောင်းကို ပေါ်လွင်စေရန် အလင်းသို့ ချဉ်းကပ်ကြသည်” ဟု မိန့်တော်မူ၏။
ထို့နောက် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ရှမာရိပြည်တစ်လျှောက်၌ အသင်းတော်သည် ငြိမ်းချမ်း၍ တည်တံ့ခိုင်မြဲလာ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏နှစ်သိမ့်အားပေးခြင်းတို့ဖြင့် ရှင်သန်၍ အသင်းသားအရေအတွက်သည်လည်း တိုးပွားလာ၏။
ယုပ္ပေမြို့တွင် ဂရိဘာသာစကားအားဖြင့် ဒေါ်ကာဟု ခေါ်သော၊ တဗိသအမည်ရှိသည့် တပည့်တော်မတစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အကျင့်သီလကောင်း၍ အလှူအတန်းရက်ရောသူဖြစ်၏။
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
ဘုရားသခင်သည် မိမိလူတို့ကို ကြိုတင်သိတော်မူ၍ ထိုသူတို့ကို မိမိသားတော်ကဲ့သို့ ဖြစ်လာစေရန် ရွေးချယ်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာ ညီအစ်ကိုမောင်နှမများစွာထဲတွင် ခရစ်တော်ကို သားဦးဖြစ်စေရန်ပင် ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်လုပ်ငန်းတွင် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်ဖြစ်ကြ၏။ ဘုရားသခင်၏ အဆောက်အအုံလည်း ဖြစ်ကြ၏။
မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။
ဤသို့အစားထိုးနိုင်ရန်အတွက် ကျွန်ုပ်တို့ကို ပြင်ဆင်ပေးတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဖြစ်လာမည့်အရာများအတွက် အာမခံချက်ပေးလျက် ဝိညာဉ်တော်ကို စရန်အဖြစ် ပေးတော်မူသောဘုရားဖြစ်၏။
ဘုရားသခင်သည် သင်တို့အတွက် ကျေးဇူးတော်တိုင်းကို ကြွယ်ဝစွာ ပေးသနားရန် တတ်နိုင်တော်မူ၏။ ဤသည်မှာ လိုအပ်သောအရာများကို အစဉ်ရရှိခြင်းအားဖြင့် သင်တို့သည် ကောင်းမှုတိုင်းတွင် ကူညီမစနိုင်ရန်ဖြစ်၏။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည့်အချက်မှာ အသစ်ဖန်ဆင်းခံရခြင်း ဖြစ်၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော် ဖြစ်သော ကျွန်ုပ်ပေါလုသည် ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာ လိုက်သော ဧဖက်မြို့သား ယုံကြည်သူများထံသို့ စာရေးလိုက်ပါ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်း၍ အပြစ်ကင်းသောသူများ ဖြစ်နိုင်ရန် ဘုရားသခင်သည် ကမ္ဘာမတည်ရှိမီကပင် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို ရွေးချယ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူသည့်အတွက်
တစ်ချိန်က ဘုရားသခင်နှင့် ဝေးကွာခဲ့သော်လည်း ယခုအခါတွင် သင်တို့သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ခရစ်တော်၏ အသွေးတော်ဖြင့် အနီးသို့ရောက်လာပြီ ဖြစ်၏။
စည်းမျဉ်းဥပဒေများ ပါဝင်သည့် ဂျူးလူမျိုးတို့၏ ပညတ်တရားစနစ်တစ်ခုလုံးကို မိမိအသွေးအသားဖြင့် ပယ်ဖျက်တော်မူ၏။ ဤသို့ပြုခြင်းမှာ ထိုလူမျိုးနှစ်မျိုးစလုံးကို မိမိနှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် လူမျိုးသစ် ဖန်ဆင်း၍ ငြိမ်းချမ်းစေရန် ဖြစ်၏။
ထိုသို့ သင်တို့သည် ဘုရားသခင်ကို မနာခံသောသူတို့ထဲ၌ သက်ဝင်လှုပ်ရှားလျက်ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသဆိုင်ရာ တန်ခိုးများကို ကြီးစိုးသောမင်းကို နာခံ၍ လောကီသားများ၏လမ်းစဉ်အတိုင်း အပြစ်ပြုလျက် နေထိုင်ကြ၏။
ဘုရားသခင်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သော ကျွန်ုပ်တို့ကို ကိုယ်တော်နှင့်အတူ ထမြောက်စေတော်မူပြီးလျှင် ကောင်းကင်အရပ်တွင် ကိုယ်တော်နှင့်အတူ ထိုင်စေတော်မူ၏။
သခင်ဘုရား၏ အမှုတော်ကို ထမ်းရွက်သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်သည် သင်တို့ကို တိုက်တွန်းနှိုးဆော်လိုသည်မှာ ရွေးချယ်တော်မူခြင်းခံရသည်နှင့်အညီ ထိုရွေးချယ်တော်မူခြင်းနှင့် သင့်လျော်စွာ ပြုမူနေထိုင်ကြရန် ဖြစ်၏။
ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရသည့်လူသစ်ကဲ့သို့ ဖြစ်၍ စစ်မှန်သော ဖြောင့်မတ်ခြင်းနှင့် စစ်မှန်သော သန့်ရှင်းခြင်းတို့ဖြင့် နေထိုင်ကြလော့။
သင်တို့အထဲတွင် ကောင်းသောအမှုကို စတင်ဆောင်ရွက်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော် ပြန်ကြွလာသည့် နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်သည်အထိ ဆက်၍ ပြုတော်မူမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နှစ်သက်စေမည့်အရာကို ဆောင်ရွက်လိုသောစိတ်ဆန္ဒရှိရန်နှင့် ဆောင်ရွက်နိုင်စွမ်းရှိရန် သင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသောအရှင်သည် ဘုရားသခင်ဖြစ်တော်မူသောကြောင့်ဖြစ်၏။
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
လူသစ်ကို ဝတ်ဆင်ကြပြီ။ ဘုရားသခင်ကို မှန်ကန်စွာ သိနိုင်ရန် ထိုလူသစ်သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အစဉ် အသစ်ပြုပြင်မွမ်းမံခံရ၏။
သင်တို့ကို နှစ်သိမ့်တော်မူပြီး ကောင်းသောအမှုနှင့် ကောင်းသောစကားတို့ကို သင်တို့ပြုမူပြောဆိုရန် ခွန်အားပေးတော်မူပါစေသော။
ဘုရားသခင်ကို ဆည်းကပ်ကိုးကွယ်သည်ဟု ဝန်ခံပြောဆိုသော အမျိုးသမီးများ ပြုမူသင့်သည့်အတိုင်း ကောင်းမှုများ ပြုကြရမည်။
သူသည် မိမိသားသမီးများကို ပြုစုပျိုးထောင်ခြင်း၊ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုခြင်း၊ ယုံကြည်သူများ၏ခြေကို ဆေးခြင်း၊ ဆင်းရဲဒုက္ခကြုံတွေ့နေသူများကို ကူညီခြင်း၊ အမျိုးမျိုးသောကောင်းမှုများကို အားထုတ်လုပ်ဆောင်ခြင်း စသည့် ကောင်းမှုကုသိုလ်များကြောင့် နာမည်ကောင်းရသူဖြစ်ရမည်။
ထိုနည်းတူ ကောင်းမှုများသည် သိသာထင်ရှား၏။ မသိသာမထင်ရှားသော ကောင်းမှုများသည်လည်း ဖုံးကွယ်၍ ရမည်မဟုတ်။
ထိုသူတို့ကို ကောင်းမှုပြုရန်၊ ကောင်းသောအကျင့်များကြွယ်ဝရန်၊ မျှဝေလိုစိတ်ရှိ၍ ရက်ရောစွာ ပေးရန် ညွှန်ကြားလော့။
တစ်စုံတစ်ယောက်သည် အထက်ပါမကောင်းသောအကျင့်တို့ကို ဖယ်ရှားလျှင် သူသည် အိမ်ရှင်အတွက် သန့်ရှင်း၍ အသုံးဝင်သည့် ဂုဏ်သရေရှိအသုံးအဆောင်၊ ကောင်းသောအရာများအတွက် ပြင်ဆင်သောအသုံးအဆောင် ဖြစ်လာမည်။
ဤသည်မှာ ဘုရားသခင်၏လူတို့သည် ကောင်းမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခံရလျက် အရည်အချင်းပြည့်ဝသူ ဖြစ်လာရန်ပင် ဖြစ်၏။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
အရာရာ၌ ကောင်းမှုကို ပြု၍ သင်ကိုယ်တိုင်စံနမူနာဖြစ်စေလော့။ သွန်သင်ရာတွင် ရိုးသားပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊
အုပ်ချုပ်သူများနှင့် အာဏာပိုင်များကို နာခံကြရန် ကရေတေကျွန်း၌ နေထိုင်ကြသောယုံကြည်သူတို့အား သတိပေးလော့။ သူတို့သည် နာခံ၍ ကောင်းမှုအမျိုးမျိုးကို အချိန်မရွေးပြုနိုင်ရန် အဆင်သင့်ဖြစ်နေရမည်။
ကျွန်ုပ်တို့၏လူတို့သည် ကောင်းမှုပြုရန် လေ့လာသင်ယူကြရမည်။ သို့မှသာ သူတို့သည် အကျိုးရှိရှိ အသက်ရှင်နေထိုင်နိုင်ပြီး အခြားသူများ အရေးပေါ်လိုအပ်ချက်ရှိသောအချိန်၌ ကူညီပေးနိုင်ကြမည်။
ဤစကားသည် စိတ်ချယုံကြည်ရသော စကားဖြစ်၏။ သင်တို့သည် ထိုအရာများကို အထူးဂရုစိုက်၍ တိုက်တွန်းကြရန် ကျွန်ုပ်အလိုရှိ၏။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းမှုပြုရန် ကြိုးစားနိုင်မည်။ အထက်ပါအရာတို့သည် ကောင်းမွန်၍ လူတိုင်းအတွက် အကျိုးပြုသောအရာများဖြစ်၏။
မေတ္တာထားရန်နှင့် ကောင်းမှုပြုရန် အချင်းချင်း မည်သို့နှိုးဆော်ရမည်ကို စဉ်းစားဆင်ခြင်ကြပါစို့။
မိမိနှစ်သက်တော်မူသော အရာကို ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့တွင် ပြုတော်မူပါစေသော။ ကိုယ်တော်၏ အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကို ပြီးပြည့်စုံစေတော်မူပါစေသော။ ထိုသခင် ယေရှုသည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
ဘုရားသခင်ကို မကိုးကွယ်သောသူများအလယ်တွင် ကောင်းမွန်စွာပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထိုသူတို့သည် သင်တို့ကို မကောင်းမှုပြုသူများဟု အသရေဖျက်ကြသော်လည်း သင်တို့၏ ကောင်းသောအကျင့်ကို ထောက်၍ ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့၌ ကိုယ်တော်၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
သို့ရာတွင် ဘုရားသခင်သည် အလင်းတွင် ရှိတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း အလင်းတွင် ကျင်လည်ကြလျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်းရှိသဖြင့် သားတော်ယေရှု၏အသွေးတော်သည် ကျွန်ုပ်တို့ကို အပြစ်အားလုံးမှ ကင်းစင်စေတော်မူ၏။
ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြောင်း ကြွေးကြော်သောသူသည် ယေရှုကဲ့သို့ အသက်ရှင်နေထိုင်ရမည်။