၂ ကော 5:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း17 မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိသူသည် သတ္တဝါသစ်ဖြစ်၏။ သူသည်ဘဝဟောင်းကိုစွန့် ၍ဘဝသစ်သို့ဝင်စားပြီ။- အခန်းကိုကြည့်ပါ။Garrad Bible17 သို့ ဖြစ်၍ လည်း မည် သူ မ ဆို ခ ရစ် တော်၌ ရှိ တည် လျှင် လူ သစ် ဖြစ် လျက် ဟောင်း သော အ ရာ များ ပျောက် လွင့်၍ အ သစ် ဖြစ် လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible17 လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 သို့ဖြစ်၍ မည်သူမဆို ခရစ်တော်၌ရှိလျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ဟောင်းသောအရာတို့သည် ကွယ်ပျောက်သွား၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြလေပြီ။ အခန်းကိုကြည့်ပါ။ |
သင်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားသခင်ထံမှ လာသော ဉာဏ်ပညာဖြစ်တော်မူပြီး ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စေတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ အပြစ်မှ ရွေးနုတ်တော်မူ၏။
သို့သော် ယခုတွင်မူ ကျွန်ုပ်တို့သည် ပညတ်တရား၏ချုပ်နှောင်ခြင်းခံရသောဘဝကို အဆုံးသတ်ပြီဖြစ်သောကြောင့် ပညတ်တရား၏လက်အောက်မှ လွတ်မြောက်ကြပြီ။ ထို့ကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ကျမ်းစာ၌ ရေးသားထားသောပညတ်တရားကို နာခံသည့်နည်းဟောင်းဖြင့် မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်လက်အောက်၌ အသက်ရှင်သောနည်းသစ်ဖြင့် ဘုရားသခင်ကို အစေခံကြ၏။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။