“အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။
ဟေဗြဲ 9:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်သည် ယခု ကျွန်ုပ်တို့ခံစားရသည့် ကောင်းကျိုးများနှင့်သက်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ် ကြွလာတော်မူပြီ။ ကိုယ်တော်သည် ဤကမ္ဘာလောကရှိ လူတို့လက်ဖြင့် ပြုလုပ်သော တဲတော်ထက် ပို၍ ကြီးမြတ်ပြည့်စုံသည့် ကောင်းကင်ဘုံရှိ တဲတော်သို့ ဝင်တော်မူ၏။ Common Language Bible သို့ရာတွင်ခရစ်တော်သည်ယခုငါတို့ခံစား ရကြသည့် ကောင်းမြတ်သည့်အရာများနှင့် သက်ဆိုင်သောယဇ်ပုရောဟိတ်မင်းအဖြစ် ဖြင့်ကြွလာတော်မူလေပြီ။ ကိုယ်တော်အမှု တော်ဆောင်ရာတဲတော်သည် ပိုမို၍ကြီးမြတ် ပြီးပြည့်စုံလင်ပေသည်။ ထိုတဲတော်ကားလူ တို့လက်ဖြင့်တည်ဆောက်သောတဲတော်မဟုတ်။ ဤအဖန်ဆင်းခံလောကနှင့်မသက်ဆိုင်။- Garrad Bible ခ ရစ် တော် မူ ကား ရောက် ပြီး သော သု ခ ချမ်း သာ ဆိုင် ရာ ပ ရော ဟိတ် မင်း အ ဖြစ် ထာ ဝ ရ ရွေး နုတ် မှု ပြု ပြီး လျှင် လက် ဖြစ် မ ဟုတ်၊ ယ ခု ဘ ဝ နှင့် မ ဆိုင်၊ သာ၍ ကြီး မြတ် စုံ လင် သော တဲ တော် ကို လွန် ၍ ဆိတ် သွေး၊ နွား သွေး နှင့် မ ဟုတ်၊ ကို ယ့် အ သွေး တော် နှင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် တွင်း သို့ အ ပြီး သတ် ဝင် ရောက် တော် မူ ပြီ။ Judson Bible ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သော တဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ခရစ်တော်သည် ရောက်ရှိလာပြီးဖြစ်သည့် ကောင်းသောအရာများနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ်ကြွလာတော်မူ၍ လူ့လက်ဖြင့်တည်ဆောက်သည်မဟုတ်၊ တစ်နည်းဆိုသော် ဤဖန်ဆင်းခံလောကမှမဟုတ်သော ပို၍ကြီးမြတ်ပြီး ပို၍စုံလင်သည့်တဲတော်မှတစ်ဆင့် |
“အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။
‘အို ယုဒပြည် ဗက်လင်မြို့… သင်သည် ယုဒပြည်ရှိ မြို့များထဲတွင် သေးနုပ်လှသောမြို့ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင့်အထဲက အုပ်စိုးသူတစ်ဦး ပေါ်ထွက်လာမည်။ သူသည် ငါ၏လူမျိုးတော်ဖြစ်သော အစ္စရေးတို့ကို အုပ်စိုးမည့်သူ ဖြစ်၏’ ဟူ၍ ရေးသားထား၏” ဟု လျှောက်ဆိုကြ၏။
“ဤသူက ‘လူ့လက်ဖြင့် ဆောက်လုပ်သော ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူ့လက်ဖြင့် မဆောက်လုပ်သော ဗိမာန်တော်ကို သုံးရက်အတွင်း ငါတည်ဆောက်မည်’ ဟူ၍ ပြောဆိုသည်ကို အကျွန်ုပ်တို့ ကြားရပါသည်” ဟု မဟုတ်မမှန်ထွက်ဆိုကြ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
ထိုအခါ အမျိုးသမီးက “ခရစ်တော်ဟု ခေါ်သော မေရှိယကြွလာမည်ကို ကျွန်မသိပါ၏။ ထိုအရှင် ကြွလာသောအခါ ကျွန်မတို့အား အရာခပ်သိမ်းကို ရှင်းလင်းဖော်ပြတော်မူမည်” ဟု လျှောက်၏။
သို့သော် အမြင့်မြတ်ဆုံးသောဘုရားသည် လူသားတို့လက်ဖြင့် ဆောက်လုပ်သောအိမ်တော်တွင် မစံမြန်းပေ။ ထိုသို့ ထာဝရဘုရားက ပရောဖက်တစ်ပါးအားဖြင့် ဟောသည်မှာ
ထို့ကြောင့် ကျွန်ုပ်တို့သည် ယခုမြင်ရသောအရာများကို အာရုံမစိုက်ဘဲ မမြင်ရသောအရာများကိုသာ အာရုံစိုက်ကြ၏။ မြင်ရသောအရာများသည် မကြာမီပျောက်ကွယ်သွားမည်ဖြစ်ပြီး မမြင်ရသောအရာများသည် ထာဝရတည်မြဲလိမ့်မည်။
ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့နေထိုင်သော ယာယီတဲနှင့် တူ၏။ ဤယာယီတဲ ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မဆောက်လုပ်ဘဲ ဘုရားသခင်ဖန်ဆင်းတော်မူသည့် ထာဝရအိမ်နှင့် တူသောကိုယ်ခန္ဓာသစ်ရှိကြောင်းကို ကျွန်ုပ်တို့သိကြ၏။
သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်သောကြောင့် လူ့လက်ဖြင့် ပြုလုပ်ရသော အရေပြားလှီးခြင်း မဟုတ်ဘဲ ခရစ်တော် ပြုလုပ်သော အရေပြားလှီးခြင်းကို ခံယူကြ၏။ ခရစ်တော်သည် သင်တို့၏ လူ့ဗီဇစိတ် အပြစ်ကို ဖယ်ရှားပြီး
ပညတ်တရားသည် ပုံသဏ္ဌာန်အစစ်အမှန်များမဟုတ်ဘဲ ဖြစ်ပေါ်လာမည့် ကောင်းကျိုးများ၏ အရိပ်မျှသာဖြစ်၏။ ထို့ကြောင့် ထိုတူညီသောယဇ်ကို နှစ်စဉ်မပြတ် ယဇ်ပူဇော်ခြင်းဖြင့် ဝတ်ပြုသူတို့ကို ပြီးပြည့်စုံစေရန် လုံးဝမတတ်နိုင်ပေ။
“နောက်တစ်ဖန်” ဟူသော စကားမှာ ဖန်ဆင်းခံအရာအားလုံးသည် တုန်လှုပ်ပြီး ဖယ်ရှားခံရမည်ဖြစ်သောကြောင့် မတုန်လှုပ်နိုင်သော အရာများသာ ကျန်ရှိတော့မည်ဖြစ်ကြောင်းဆိုလို၏။
အဘယ်ကြောင့်ဆိုသော် ဤလောက၌ ကျွန်ုပ်တို့အတွက် တည်မြဲသောမြို့ မရှိသောကြောင့် ဖြစ်၏။ အနာဂတ်၌ ပေါ်ထွန်းမည့်မြို့ကိုသာ ကျွန်ုပ်တို့တောင့်တကြ၏။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။
ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းခံရသူတို့ထဲတွင် ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းနှင့် အထူးတမန်တော်အဖြစ် ကျွန်ုပ်တို့ဝန်ခံသော ယေရှုခရစ်တော်ကို ဆင်ခြင်အောက်မေ့ကြလော့။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းသည် ကျွန်ုပ်တို့၏ အားနည်းချက်များကို မစာနာမထောက်ထားနိုင်သူ မဟုတ်။ ကိုယ်တော်သည် ကျွန်ုပ်တို့နည်းတူ ဖြားယောင်းသွေးဆောင်မှုအမျိုးမျိုးကို တွေ့ကြုံခဲ့သောအရှင်ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်သည် အပြစ်နှင့်ကင်းလွတ်တော်မူ၏။
ဤမေလခိဇေဒက်သည် ရှာလင်မြို့၏ဘုရင်ဖြစ်ပြီး အမြင့်မြတ်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်၏။ အာဗြဟံသည် ရှင်ဘုရင်များကို အနိုင်ရပြီး အောင်ပွဲခံ၍ ပြန်လာသောအခါ မေလခိဇေဒက်သည် အာဗြဟံကို ကြိုဆိုလျက် ကောင်းချီးပေးလေ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
ယေရှုခရစ်တော်သည် လူသားအဖြစ် ကြွလာတော်မူသည်ကို ဝန်မခံသောလှည့်ဖြားသူများစွာသည် ဤလောက၌ ပေါ်လာသဖြင့် ဤအကြောင်းအရာကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။ ထိုသို့သောသူသည် လှည့်ဖြားသူဖြစ်၏။ ခရစ်တော်၏ရန်သူလည်း ဖြစ်၏။