Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 9:11 - Common Language Bible

11 သို့​ရာ​တွင်​ခ​ရစ်​တော်​သည်​ယ​ခု​ငါ​တို့​ခံ​စား ရ​ကြ​သည့် ကောင်း​မြတ်​သည့်​အ​ရာ​များ​နှင့် သက်​ဆိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ဖြင့်​ကြွ​လာ​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​အ​မှု တော်​ဆောင်​ရာ​တဲ​တော်​သည် ပို​မို​၍​ကြီး​မြတ် ပြီး​ပြည့်​စုံ​လင်​ပေ​သည်။ ထို​တဲ​တော်​ကား​လူ တို့​လက်​ဖြင့်​တည်​ဆောက်​သော​တဲ​တော်​မ​ဟုတ်။ ဤ​အ​ဖန်​ဆင်း​ခံ​လော​က​နှင့်​မ​သက်​ဆိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11-12 ခ ရစ် တော် မူ ကား ရောက် ပြီး သော သု ခ ချမ်း သာ ဆိုင် ရာ ပ ရော ဟိတ် မင်း အ ဖြစ် ထာ ဝ ရ ရွေး နုတ် မှု ပြု ပြီး လျှင် လက် ဖြစ် မ ဟုတ်၊ ယ ခု ဘ ဝ နှင့် မ ဆိုင်၊ သာ၍ ကြီး မြတ် စုံ လင် သော တဲ တော် ကို လွန် ၍ ဆိတ် သွေး၊ နွား သွေး နှင့် မ ဟုတ်၊ ကို ယ့် အ သွေး တော် နှင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် တွင်း သို့ အ ပြီး သတ် ဝင် ရောက် တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ယ​ခု​မှာ လူ​လက်​ဖြင့်​မ​လုပ်၊ ဤ​လော​က​ဓာတ်​နှင့် မ​စပ်​ဆိုင်၊ သာ၍​ကြီး​မြတ်​စုံ​လင်​သော တဲ​တော်၌၊ နောက်​မင်္ဂ​လာ​အ​ကျိုး​တို့၏ ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော ခ​ရစ်​တော်​သည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သို့သော် ခရစ်တော်​သည် ရောက်ရှိ​လာ​ပြီး​ဖြစ်​သည့် ကောင်း​သော​အရာ​များ​နှင့်ဆိုင်သော ယဇ်ပုရောဟိတ်​မင်း​အဖြစ်​ကြွလာ​တော်မူ​၍ လူ့​လက်​ဖြင့်​တည်ဆောက်​သည်​မ​ဟုတ်၊ တစ်နည်းဆိုသော် ဤ​ဖန်ဆင်း​ခံ​လောက​မှ​မ​ဟုတ်​သော ပို၍​ကြီးမြတ်​ပြီး ပို၍​စုံလင်​သည့်​တဲ​တော်​မှ​တစ်ဆင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ခရစ်တော်​သည် ယခု ကျွန်ုပ်တို့​ခံစားရ​သည့် ကောင်းကျိုးများ​နှင့်​သက်ဆိုင်သော ယဇ်ပုရောဟိတ်မင်း​အဖြစ် ကြွလာတော်မူပြီ။ ကိုယ်တော်​သည် ဤ​ကမ္ဘာလောက​ရှိ လူတို့​လက်​ဖြင့် ပြုလုပ်သော တဲတော်​ထက် ပို​၍ ကြီးမြတ်​ပြည့်စုံသည့် ကောင်းကင်ဘုံ​ရှိ တဲတော်​သို့ ဝင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 9:11
30 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​သည်​ရာ​ဇ​လှံ​တံ​ကို​ကိုင်​စွဲ​ရ​လိမ့်​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့​၌​အုပ်​စိုး​ခြင်း​အာ​ဏာ အ​မြဲ​ရှိ​လိမ့်​မည်။ တိုင်း​နိုင်​ငံ​တို့​သည်​သူ့​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ ဆက်​သ​၍​သူ့​သြ​ဇာ​ကို​ခံ​ကြ​လိမ့်​မည်။


သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ပြန်​လျှောက်​ထား​ပါ​၏။ ``ကျွန်​တော်​မျိုး​အ​သင့်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​အ​တွက်​ကိုယ်​တော်​ရှင်​ပေး​တော် မူ​သော ညွှန်​ကြား​ချက်​များ​သည်​ပ​ညတ်​ကျမ်း​၌​ပါ ရှိ​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​အ​ပြစ်​များ​မှ​နောင်​တ​ရ​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​ဇိ​အုန်​မြို့​သို့​ကြွ​လာ​တော်​မူ မည်။-


ပြည်​သူ​တို့​ငါ့​အား​ပြစ်​မှား​ခဲ့​ကြ​သည့်​အပြစ် များ​ကို​ဆေး​ကြော​စင်​ကြယ်​စေ​မည်။ သူ​တို့ ၏​အ​ပြစ်​များ​နှင့်​ပုန်​ကန်​မှု​တို့​ကို​ငါ​ခွင့် လွှတ်​မည်။-


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မိ​မိ​၏​တ​မန်​တော်​ကို​စေ​လွှတ်​၍ ငါ့ အ​ဖို့​လမ်း​ခ​ရီး​ကို​ပြင်​ဆင်​စေ​မည်။ ထို နောက်​သင်​တို့​စောင့်​မျှော်​နေ​သော​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​ဗိ​မာန်​တော်​သို့​ကြွ​လာ တော်​မူ​လိမ့်​မည်။ သင်​တို့​စောင့်​မျှော်​နေ​သော တ​မန်​တော်​သည်​လာ​၍ ငါ​၏​ပ​ဋိ​ညာဉ်​တော် ကို​ဖော်​ပြ​ကြေ​ညာ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။


``အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​ဟု​ဆို​သော အ​ရှင်​ပေ​လော။ သို့​မ​ဟုတ်​အ​ကျွန်ုပ်​တို့​သည် အ​ခြား​အ​ရှင်​တစ်​ပါး​ကို​စောင့်​မျှော်​ရ​ကြ ပါ​မည်​လော'' ဟု​မေး​လျှောက်​စေ​၏။-


`အို ယု​ဒ​ပြည်​ဗက်​လင်​မြို့၊သင်​သည်​ယု​ဒ​ပြည်​ရှိ မြို့​များ​အ​နက်​သိမ်​ငယ်​လှ​သော​မြို့​မ​ဟုတ်။ ငါ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ရှေ့​ဆောင်​လမ်း​ပြ​မည့်​ခေါင်း​ဆောင်​တစ်​ဦး​သည် သင်​၏​အ​ထဲ​မှ​ပေါ်​ထွန်း​လိမ့်​မည်' ဟု​ဟော​ကြား​ထား​ပါ​သည်'' ဟူ​၍​လျှောက်​ထား ကြ​၏။


နှုတ်​က​ပတ်​တော်​သည်​လူ​ဇာ​တိ​ကို​ခံ​ယူ​၍ ကျေး​ဇူး​တော်၊ သစ္စာ​တော်​နှင့်​ပြည့်​စုံ​လျက် ငါ​တို့​ထံ​တွင်​စံ​နေ​တော်​မူ​၏။ ငါ​တို့​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင် ရ​ကြ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​ကား​ခ​မည်း တော်​၏​တစ်​ပါး​တည်း​သော​သား​တော်​အ​ဖြစ် ဖြင့်​ခံ​ယူ​ရ​ရှိ​သော​ဘုန်း​အ​သ​ရေ​တော်​ပင် ဖြစ်​သ​တည်း။


အ​မျိုး​သ​မီး​က ``မေ​ရှိ​ယ​အ​ရှင်​ကြွ​လာ​တော် မူ​မည်​ကို​ကျွန်​မ​သိ​ပါ​၏။ ထို​အ​ရှင်​ကြွ​လာ တော်​မူ​သော​အ​ခါ ကျွန်​မ​တို့​အား​အ​မှု​အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။


``သို့​ရာ​တွင်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား သည် လူ​တည်​ဆောက်​သော​အိမ်​များ​တွင်​ကျိန်း ဝပ်​တော်​မ​မူ။ ဟု​ပ​ရော​ဖက်​က​ပြော​၏။-


ငါ​တို့​သည်​မျက်​စိ​ဖြင့်​မြင်​နိုင်​သော​အ​ရာ များ​ကို​အာ​ရုံ​မ​စိုက်​ဘဲ​မျက်​စိ​ဖြင့်​မ​မြင် နိုင်​သော​အ​ရာ​များ​ကို​သာ​အာ​ရုံ​စိုက်​ကြ​၏။ မျက်​စိ​ဖြင့်​မြင်​နိုင်​သော​အ​ရာ​များ​သည် ခေတ္တ​ခ​ဏ​မျှ​သာ​တည်​၍​မျက်​စိ​ဖြင့်​မ​မြင် နိုင်​သော​အ​ရာ​များ​မူ​ကား​ထာ​ဝ​ရ​စဉ် တည်​သ​တည်း။


ငါ​တို့​၏​နေ​အိမ်​ဖြစ်​သည့်​ကိုယ်​ခန္ဓာ​တည်း ဟူ​သော​ယာ​ယီ​တဲ​သည်​ပျက်​လျှင် ကောင်း​ကင် ဘုံ​တွင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖန်​ဆင်း တော်​မူ​သော​နိစ္စ​ထာ​ဝ​ရ​နေ​အိမ်​ကို ငါ​တို့ အား​ပေး​သ​နား​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ တို့​သိ​ကြ​၏။-


ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လာ​ကြ သော​အ​ခါ သင်​တို့​ဇာ​တိ​သ​ဘော​တ​ရား​မှ လွတ်​မြောက်​ခြင်း​တည်း​ဟူ​သော​ခ​ရစ်​တော်​၏ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​ပေ​သည်။ ဤ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကား​ကာ​ယ​နှင့် ဆိုင်​သော​အ​ရေ​ဖျား​လှီး​ခြင်း​မ​ဟုတ်။-


ယု​ဒ​ပ​ညတ်​တ​ရား​သည်​စစ်​မှန်​သည့်​အ​ရာ များ​၏ တိ​ကျ​မှန်​ကန်​သော​ပုံ​တူ​မ​ဟုတ်​ပေ။ သက်​ရောက်​လတ္တံ့​သော​ကောင်း​ကျိုး​ချမ်း​သာ​များ ၏​အ​ရိပ်​အ​ရောင်​မျှ​ကို​သာ​ဖော်​ပြ​ပေ​သည်။ ပ​ညတ်​တ​ရား​အ​ရ​နှစ်​စဉ်​နှစ်​တိုင်း​ယဇ်​ကို ပူ​ဇော်​ကြ​ရ​၏။ သို့​ဖြစ်​၍​ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​သူ​တို့​အား အ​ဘယ်​သို့​လျှင်​ပြည့်​ဝ​စုံ​လင်​သူ​များ​ဖြစ် လာ​စေ​နိုင်​ပါ​မည်​နည်း။-


``နောက်​တစ်​ကြိမ်'' ဟူ​သော​စ​ကား​သည်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ကို​တုန်​လှုပ်​ပယ် ဖျက်​တော်​မူ​မည်​ဖြစ်​သ​ဖြင့်​မ​တုန်​လှုပ်​နိုင် သော​အ​ရာ​တို့​သာ​လျှင်​ကျန်​ရစ်​တည်​ရှိ ကြ​လိမ့်​မည်​ဟု​ဆို​လို​သ​တည်း။


အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​လော​က​၌​ငါ​တို့ အ​တွက်​တည်​မြဲ​သော​မြို့​မ​ရှိ​သော​ကြောင့် ဖြစ်​၏။ ငါ​တို့​ကား​နောင်​အ​ခါ​ဖြစ်​ပေါ်​မည့် မြို့​ကို​စောင့်​မျှော်​လျက်​နေ​ကြ​ပေ​သည်။-


ထို့​ကြောင့်​ကိုယ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​အံ့​သော​ငှာ​က​ရု​ဏာ၊ သစ္စာ​နှင့် ပြည့်​ဝ​သည့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင် ရန် အ​ရာ​ရာ​၌​မိ​မိ​၏​ညီ​အစ်​ကို​များ​နှင့် တူ​ညီ​ရ​ပေ​သည်။-


ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ​တော်​မူ​ခြင်း ကို ခံ​ရ​သော​သန့်​ရှင်း​သူ​ညီ​အစ်​ကို​တို့၊ သ​ခင် ယေ​ရှု​အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ လော့။ ငါ​တို့​၏​ဘာ​သာ​တ​ရား​တော်​ဆိုင်​ရာ ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​တော်​မူ​စေ​ရန် ကိုယ် တော်​အား​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။-


ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ငါ​တို့​၏ အား​နည်း​ချက်​များ​အ​တွက်​မ​ကြင်​နာ​နိုင်​သူ မ​ဟုတ်။ ငါ​တို့​နည်း​တူ​စုံ​စမ်း​သွေး​ဆောင်​ခြင်း အ​မျိုး​မျိုး​ကို​ခံ​ခဲ့​ရ​သူ​ဖြစ်​တော်​မူ​၏။ သို့ ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့် ကင်း​လွတ်​တော်​မူ​၏။-


ဤ​မေ​လ​ခိ​ဇေ​ဒက်​ကား​ရှာ​လင်​မင်း​ဖြစ်​၍ အ​မြင့်​မြတ်​ဆုံး​အ​ရှင်​ဖြစ်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​တည်း။ ဘု​ရင်​လေး​ပါး ကို​နှိမ်​နင်း​ရာ​တိုက်​ပွဲ​မှ​အာ​ဗြ​ဟံ​ပြန်​လာ သော​အ​ခါ သူ​သည်​အာ​ဗြ​ဟံ​အား​ခ​ရီး​ဦး ကြို​ပြု​၍​ကောင်း​ချီး​ပေး​သူ​ဖြစ်​ပေ​သည်။-


ဘု​ရား​သ​ခင်​၏​သား​တော်​သည်​လော​က​သို့​ကြွ လာ​တော်​မူ​၍ ငါ​တို့​အား​ဘု​ရား​စစ်​ဘု​ရား​မှန် ကို​သိ​ရှိ​နိုင်​သည့်​ဉာဏ်​ကို​ပေး​တော်​မူ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​သား​တော် ယေ​ရှု​ခ​ရစ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​စစ်​ဘု​ရား​မှန် ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း တစ်​လုံး​တစ်​ဝ​တည်း​ရှိ​ကြ​၏။ ကိုယ်​တော်​သည် ဘု​ရား​စစ်​ဘု​ရား​မှန်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ အ​သက်​လည်း​ဖြစ်​တော်​မူ​၏။


လူ့​ဇာ​တိ​ကို​ခံ​ယူ​၍​သ​ခင်​ယေ​ရှု​ကြွ​လာ တော်​မူ​သည်​ကို​လက်​မ​ခံ​ဘဲ လှည့်​ဖြား​သော သူ​အ​များ​ပင်​ကမ္ဘာ​လော​က​ထဲ​သို့​ရောက်​ရှိ​နေ လေ​ပြီ။ ထို​သို့​သော​သူ​သည်​လှည့်​ဖြား​သော​သူ၊ ခ​ရစ်​တော်​၏​ရန်​သူ​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ