ဟေဗြဲ 9:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ခရစ်တော်သည် ယခု ကျွန်ုပ်တို့ခံစားရသည့် ကောင်းကျိုးများနှင့်သက်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ် ကြွလာတော်မူပြီ။ ကိုယ်တော်သည် ဤကမ္ဘာလောကရှိ လူတို့လက်ဖြင့် ပြုလုပ်သော တဲတော်ထက် ပို၍ ကြီးမြတ်ပြည့်စုံသည့် ကောင်းကင်ဘုံရှိ တဲတော်သို့ ဝင်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible11 သို့ရာတွင်ခရစ်တော်သည်ယခုငါတို့ခံစား ရကြသည့် ကောင်းမြတ်သည့်အရာများနှင့် သက်ဆိုင်သောယဇ်ပုရောဟိတ်မင်းအဖြစ် ဖြင့်ကြွလာတော်မူလေပြီ။ ကိုယ်တော်အမှု တော်ဆောင်ရာတဲတော်သည် ပိုမို၍ကြီးမြတ် ပြီးပြည့်စုံလင်ပေသည်။ ထိုတဲတော်ကားလူ တို့လက်ဖြင့်တည်ဆောက်သောတဲတော်မဟုတ်။ ဤအဖန်ဆင်းခံလောကနှင့်မသက်ဆိုင်။- အခန်းကိုကြည့်ပါ။Garrad Bible11-12 ခ ရစ် တော် မူ ကား ရောက် ပြီး သော သု ခ ချမ်း သာ ဆိုင် ရာ ပ ရော ဟိတ် မင်း အ ဖြစ် ထာ ဝ ရ ရွေး နုတ် မှု ပြု ပြီး လျှင် လက် ဖြစ် မ ဟုတ်၊ ယ ခု ဘ ဝ နှင့် မ ဆိုင်၊ သာ၍ ကြီး မြတ် စုံ လင် သော တဲ တော် ကို လွန် ၍ ဆိတ် သွေး၊ နွား သွေး နှင့် မ ဟုတ်၊ ကို ယ့် အ သွေး တော် နှင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် တွင်း သို့ အ ပြီး သတ် ဝင် ရောက် တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible11 ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သော တဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 သို့သော် ခရစ်တော်သည် ရောက်ရှိလာပြီးဖြစ်သည့် ကောင်းသောအရာများနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ်ကြွလာတော်မူ၍ လူ့လက်ဖြင့်တည်ဆောက်သည်မဟုတ်၊ တစ်နည်းဆိုသော် ဤဖန်ဆင်းခံလောကမှမဟုတ်သော ပို၍ကြီးမြတ်ပြီး ပို၍စုံလင်သည့်တဲတော်မှတစ်ဆင့် အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။